မစ်ဒယ်ဘရော့ နည်းပြ ရာထူး အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အပေါ် တုန့်ပြန်လာတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် မက်ကယ် ကာရစ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် မိုက်ကယ် ကာရစ် ဟာ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာပြီးနောက် ပထမဆုံး အလုပ်အတွက် တန်းစီစောင့်ဆိုင်းခဲ့ကြောင်း သိရပါတယ်၊ မိုက်ကယ် ကာရစ် ဟာ အိုလီဂန်နာ ဆိုးလ်ရှား ကို ထုတ်ပယ်ပြီးနောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ခဏတာကာလ အတွင်း




အထင်ကြီး လေးစားခံခဲ့ရပြီး ပြီးခဲ့သည့် နှစ်ကုန်က မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာခဲ့ပါတယ်။ မိုက်ကယ် ကာရစ် ဟာ မစ်ဒယ်ဘရော့ အသင်းကို နည်းပြအဖြစ် တာဝန်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး ချန်ပီယံရှစ် ကလပ်ကလည်း ၎င်းနဲ့ စကားပြောဆိုရန် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ဟာ ပြီးခဲ့သည့်နှစ် Ralf Rangnick ကို ခန့်အပ်ပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် ရွေးချယ်လိုက်ကတည်းက အလုပ်လက်မဲ့ ဖြစ်နေခဲ့တာပါ၊ အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ် ကစားသမားဟောင်းဟာ စွမ်းဆောင်ရည် နိမ့်ပါးတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားများကို




ကောင်မွန်တဲ့ အခိုက်အတန့် တခုကို ဖန်တီးပေးနိုင်ခဲ့ပြီး ၎င်း ယာယီနည်းပြ အဖြစ် ကိုတွယ်စဉ်က နှစ်ပွဲနိုင်၊ တစ်ပွဲ သရေကျခဲ့ပါတယ်။ ထို့နောက် Rangnic ကို ရာသီကုန်ထိ ခန့်အပ်လိုက်ချိန်မှာတော့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်၊ ကာရစ်ဟာ နောက်ဆုံး စီမံခန့်ခွဲရေးဘက်ကို တက်လှမ်းရန်




၎င်းရဲ့ ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး ဖွင့်ဟထားပြီး ယခုအခါ ၎င်းသည် The Riverside အားကစားကွင်းမှာ လစ်လပ်နေတဲ့ ရာထူး အတွက် ပြိုင်ဖက်တစ်ဦး အဖြစ် ကြိုးစားနေပြီ ဖြစ်ပါတယ်။ Chris Wilder ဟာ ယခုအပတ် အစောပိုင်းက အောက်ဆုံး 3 သင်းမှာ ထားခဲ့တဲ့ စိတ်ပျက်ဖွယ်ကောင်းသော ရာသီအစ‌ကြောင့်




ထုတ်ပယ်ခံခဲ့ရပြီး Boro ဥက္ကဋ္ဌ Steve Gibson က ယခုအခါ ၎င်းရဲ့ နေရာကို အမြဲတမ်း အစားထိုးရန် စောင့်ကြည့်နေပြီး Tyneside မှ Teesside သို့ ခရီးထွက်ရန် Wallsend ဖွား Carrick ကို စုံစမ်းရန် မျှော်လင့်နေပါတယ်၊ မကြာသေးမီကမှ Huddersfield Town မှ ထွက်ခွာခဲ့တဲ့




Carlos Corberan ဟာ ကာရစ်၊ Watford သူဌေးဟောင်း Rob Edwards နဲ့ အတူ စာရင်းထဲမှာ ရှိနေ‌ကြောင်း The Sun က အခိုင်အမာဆိုထားပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖွဲ့ဝင် အဖြစ် ခြောက်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာရစ်ဟာ ဒီလိုရာထူးကို နှစ်သက်ပြီး ယခုအခါ သူ့အတွက် ပိုမို နှစ်သက်ဖွယ်ကောင်းမယ့် အလားအလာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

credit