လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ရော်နယ်ဒိုကို အရခေါ်ယူသွားမယ်လို့ ထုတ်ပြောလိုက်တဲ့ ကလပ်အသင်း တသင်း
|ဘက်ဟမ်း ပူးတွဲ ပိုင်ဆိုင်သော အင်တာမိုင်ယာမီ အသင်းဟာ ဇန်နဝါရီလအပြောင်းအရွှေ့ ကာလမှာ မန်ချက်စတာ ယူနိုက်တက် မှ ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူရန် ကြိုစားလာမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်၊ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီအ ပြောင်းအရွှေ့ကတည်းက
မန်ချက်စတာ ယူနိုက်တက် အသင်းကို စွန့်ခွာလိုနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် မှာ ပွဲထွက် ကစားသမား နေရာကို ဆုံးရှုံးနေခဲ့တာကြောင့် ယခုအခါမှာတော့ ရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ် ကို စွန့်ခွာလိုနေပြီး အမေရိကန်ကို ပြောင်းရွှေ့ရေး စိတ်ဝင်စားနေကြောင်း ဆန်းသတင်းစာက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
ဘက်ဟမ်းဟာ ၂၀၁၈ ခုနှစ်က အင်တာမိုင်ယာမီ အသင်းကို ပူးတွဲ ထူထောင်ထားပြီး အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုကို ခေါ်ယူလိုကြောင်း ယခင်တည်းက ထုတ်ဖော် ပြောဆိုထားခဲ့ပြီး အင်တာမိုင်ယာမီ အသင်းကလည်း ရော်နယ်ဒိုကို ခေါ်ယူနိုင်ရေး အတွက် ပေါင်သန်း ၃၀ ခန့် အသုံးပြုဖွယ် ရှိကြောင်း သတင်းများက ဆက်လက် ဖော်ပြခဲ့ကြပါတယ်။
ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး လက်ရှိ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တစ်ဂိုးသာ သွင်းယူထား နိုင်ခဲ့ပါတယ်၊ ရှဲရစ်ကို ၂-၀ နဲ့ အနိုင်ရရှိသော ယူရိုပါလိဂ် ပွဲစဉ်မှာ ရော်နယ်ဒိုက ပင်နယ်တီမှ တစ်ဆင့် အဆိုပါဂိုးကို သွင်းယူပေးနိုင်ခြင်း ဖြစ်ပြီး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၂၅ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
credit