လက်ရှိ ရော်နယ်ဒိုကို စိတ်ပျက်နေတဲ့ ရော်နယ်ဒို အနေနဲ့ အရင်က ရော်နယ်ဒိုလို ပြန်ဖြစ်ဖို့ ပြန်ပေးရမယ့် အရာတခုပဲ လိုတယ်လို့ ထုတ်ပြောလိုက်တဲ့ ရွန်းနီ

ရော်နယ်ဒို အရင်လို ပြန်လည် ခြေစွမ်းပြလာနိုင်ဖို့ အတွက် ရရှိလာတဲ့ အခွင့်အရေးကို ရယူပြီး စိတ်ရှည်ရမယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်ဟောင်း ဝိန်းရွန်းနီ က ပြောဆိုလိုက်ပါတယ်၊ ပေါ်တူဂီသားဟာ အိုးလ်ထရက်ဖို့ဒ်ကိုပြန်လာပြီးနောက် ဒုတိယမြောက် ရာသီမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတာ ဖြစ်ပြီး




ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲမှာ ၁ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ထားရတာ ဖြစ်ပါတယ်၊ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက မန်ချင်စတာ ယူနိုက်တက် အတွက် ၂၄ ဂိုး သွင်းယူပေးခဲ့သော်လည်း လက်ရှိ ရာသီမှာတော့ ၉ ပွဲ ကစားထားပြီး ရှရစ်နှင့် ပွဲမှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ ၁ ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။




အဆိုပါ ဂိုးဟာ ယူရိုပါလိဂ်မှာ သွင်းယူခဲ့ခြင်း ဖြစ်ပြီး ချန်ပီယံလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်တဲ့ ရော်နယ်ဒိုဟာ နည်းပြ အဲရစ် တန်ဟက်ဂ် အား သူ့ရဲ့ အရည်အချင်းတွေကို သက်သေ မပြသရသေးတာ ဖြစ်ပါတယ်၊ သူ့ရဲ့ အသင်းဖော်ဟောင်းဟာ အရန်ခုံကနေသာ ပွဲထွက် ကစားနေရသော်လည်း ဒါတွေကို ပြောင်းလဲပစ်နိုင်ပါတယ်လို့




၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အကြား ရော်နယ်ဒိုနှင့် အတူ တွဲဖက် ကစားခဲ့တဲ့ ရွန်းနီက ပြောပါတယ်၊ အသင်းရဲ့ ကစားပုံနဲ့ အောင်မြင်မှု ဆိုတာက ကွဲပြားခြားနားတယ် ဆိုတာ နည်းပြကလည်း သိသွားပါပြီ၊ ရော်နယ်ဒိုနဲ့ မက်ဆီ ဆိုတာ ကစားရတဲ့ ပွဲတိုင်းလိုလိုမှာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမား ၂ ဦးပါ၊ နောက်ဆုံးမှာတော့ ကျွန်တော်တို့လိုပဲ အချိန်ရောက်လာမှာပါ။




ဥပမာ ပြောရရင် သူဟာ အသက် ၂၂ နှစ် ၂၃ နှစ်လောက်ကလို ကစားသမားမျိုး မဟုတ်တော့ပါဘူး၊ ဒါဟာ သူ့အတွက် အခက်အခဲတစ်ခု ဖြစ်ပါတယ်၊ အရန်ခုံမှာ ထိုင်ရတယ် ဆိုတာက ဘယ်လောက် အထိ ခက်ခဲသလဲ ဆိုတာ သူလည်းသိပါတယ်၊ သူသာ စိတ်ရှည်မယ်ဆိုရင် အခွင့်အရေးတွေ ရောက်လာမှာ ဖြစ်ပြီး လမ်းမှန်ပေါ် ရောက်ရှိဖို့ အာရုံစိုက်ပြီး




ကြိုးစားရမှာ ဖြစ်ပါတယ်။ လို့ ဒီစီယူနိုက်တက် နည်းပြ ဖြစ်သူ ရွန်းနီက ပြောပါတယ်၊ မန်ချက်စတာ ယူနိုက်တက် မှာ ပထမဆုံး ဖြစ်တဲ့ ၂၀၀၅- ၂၀၀၆ ရာသီ ပြီးကတည်းက ပွဲဦးထွက် ၆ ပွဲမှာ ဂိုးမသွင်းယူနိုင်တာက ရော်နယ်ဒို အတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်၊ လက်ရှိ ရာသီမှာတော့ စပို့တင်းစီပီ အကယ်ဒမီထွက် ကစားသမားဟာ ပွဲကစားချိန် ၂၀၇ မိနစ်မှာ




၁၂ ကြိမ် အထိသာ ဂိုးပေါက် ကန်သွင်းမှု ပြုလုပ်ထားပြီး ထိပ်တန်း ပြိုင်ပွဲတွေမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးကာ ဂိုးရရှိနိုင်ချေက ၀.၈ သာရှိနေပါတယ်၊ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတဲ့ ကစားသမားတွေထဲမှာတော့ အဲရစ်ဆင်က ၁.၂ ဖြင့် အများဆုံးဖြစ်ပါတယ်၊ တနင်္ဂနွေနေ့ အဲဗာတန်နှင့် ပွဲမှာ ရော်နယ်ဒိုဟာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

credit