အခြား ကစားသမားတွေကို အပြင်းအထန် မောင်းနေပေမယ့် ကြယ်တစ်ပွင့်ကို အားလပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဟယ်ရီ မက်ဂွိုင်းယား အနေဖြင့် ခေါင်းရှင်းရန် လိုအပ်နေသောကြောင့် ရက်အနည်းငယ် အနားယူရန် အတွက် အားလပ်ရက် ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ မက်ဂွိုင်းယားဟာ အင်္ဂလန်နှင့် မန်ချက်စတာ ယူနိုင်တက် နှစ်သင်းလုံး အတွက်
ရုန်းကန်နေရသူ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်း အတွက် ကစားပေးရင်း ပေါင်တွင်းကြော ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် တစ်ပတ်က ကစားသည့် မန်ချက်စတာဒါဘီ ပွဲစဉ်တွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး၊ ယခုတော့
အဲရစ် တန်ဟက်ဂ် က ဒဏ်ရာရ ကစားသမားများကို
အသင်းနှင့် အတူ နေပြီး ဒဏ်ရာကို ကုသခိုင်းလေ့ ရှိသော်လည်း မက်ဂွိုင်းယားကိုမူ ချွင်းချက် အနေဖြင့် အားလပ်ရက် ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်၊ မက်ဂွိုင်းယားဟာ ယနေ့ည ကစားမည့် အဲဗာတန်နှင့် ပွဲစဉ်တွင် ပါဝင်မှာ မဟုတ်ကြောင်း ဆိုခဲ့ပြီး အဲရစ် တန်ဟက်ဂ် က
မန်ချက်စတာ ယူနိုက်တက် တွင် အဓိက ခံစစ်အတွဲ အဖြစ် ဗာရန်းနှင့် မာတီနက်ဇ် တို့ကို အသုံးပြုနေပြီး မက်ဂွိုင်းယားမှာ အသင်းခေါင်းဆောင် အဖြစ် ရပ်တည်နေသော်လည်း ပုံမှန် ပွဲထွက်ခွင့် မရပဲ အရန်ဖြစ်နေပြီး အဲရစ် တန်ဟက်ဂ် က အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို အကောင်းဆုံး ခြေစွမ်း အမြန်ဆုံး ပြန်ရစေဖို့ ဆန္ဒ ရှိနေတာ ဖြစ်ပါတယ်။
တန်ဟက်ဂ်က အသင်းသားအားလုံး လိုက်နာရမယ့် သံမဏိ စည်းမျဉ်းတွေ ချမှတ်ထားတာ ရှိပြီး ဒဏ်ရာရ ကစားသမားတွေကို အသင်းနဲ့ အတူ ပူးပေါင်းနေစေတာက စည်းမျဉ်းပါ၊ ဒါပေမယ့် မက်ဂွိုင်းယား ကိုတော့ လက်ရှိ ဖိအားတွေအောက်ကနေ ခဏတာ အနားယူပြီး ခေါင်းရှင်းအောင်လို့ အားလပ်ရက်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
credit