ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို အနိုင်ယူဖို့ တန်ဟက်ဂ် ပွဲထုတ်လာချေရှိတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်း

အဲဗာတန်အသင်းက ခက်ခဲတဲ့စိန်ခေါ်မှု တစ်ခု ဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက ဂွတ်ဒီဆင်ပါ့ခ်မှာ မန်ချက်စတာ ယူနိုက်တက်လကို ၁-၀ ရလဒ်နဲ့ အနိုင်ယူထားသလို လက်ရှိ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာလည်း ရှုံးပွဲမရှိသေးပဲ ၄ ပွဲသရေ၊ ၂ ပွဲနိုင်ရလဒ် ပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့




နောက်ဆုံး ၂ ပွဲ ဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဆောက်သမ်တန် တို့နဲ့ ပွဲစဥ်တွေမှာ အနိုင်ရထားပါတယ်၊ ဒါကြောင့် ပြီးခဲ့တဲ့ အပတ် ဒါဘီရှုံးပွဲကနေ ပြန်လည် ပေါက်ကွဲပြဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာ ယူနိုက်ကတ် အတွက် မလွယ်ကူနိုင်ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အိုမိုနီးယားနဲ့ ပွဲစဥ်က လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်လာနိုင်ပါတယ်။




ဒီဂီယာကတော့ ထုံးစံအတိုင်း ဂိုးသမားနေရာမှာ ရှိနေပါလိမ့်မယ်၊ အိုမိုနီးယားနဲ့ ပွဲစဥ်မှာ ခြေစွမ်းပြပြီး အခွင့်အရေး ၆ ကြိမ်ထိ ဖန်တီးပေးခဲ့တဲ့ ဒါလော့ ကလည်း ညာအစွန် နောက်ခံလူ နေရာမှာ ဆက်လက် ပါဝင်လာပါလိမ့်မယ်၊ ဗာရန်း ကလည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ ကြိုးစားနေဆဲ ဖြစ်တာကြောင့် ဗဟို နောက်ခံလူ နေရာမှာ မာတီနက်ဇ် နှင့် လင်ဒီလော့တို့ကိုပဲ




မြင်တွေ့ရဖို့ ရှိပါတယ်၊ ဘယ်အစွန် နောက်ခံလူ နေရာမှာတော့ အပြောင်းအလဲ လုပ်သင့်ပါတယ်၊ လုခ်ရှောက နောက်ဆုံး ၂ ပွဲတွင် ပထမပိုင်း အပြီးမှာပဲ မာလာစီယာ နေရာ လူစားဝင်ပြီး ခြေစွမ်းပြနိုင်ခဲ့တာ တွေ့ရပါတယ်၊ နောက်ထပ် ကြီးမားတဲ့ ပြောင်းလဲမှုကို မြင်တွေ့ရနိုင်တာက ကွင်းလယ်ပါ၊ အဲရစ်ဆင်ကို အိုမိုနီးယားနဲ့ ပွဲစဥ်မှာ အံ့အားသင့်ဖွယ် ပွဲထွက်ခွင့်ပေးခဲ့ပြီး




ဒါက အဲဗာတန်နဲ့ ပွဲစဥ်မှာ သူ့ကို အနားပေးဖို့ ရည်ရွယ်ထားလို့ ဖြစ်နိုင်ပါတယ်၊ ကွင်းလယ်ပိုင်းက ရုပ်ပိုင်းဆိုင်ရာ အားပြိုင်ရမယ့် ပွဲစဥ် ဖြစ်နိုင်ပြီး တွမ်မီနေးနဲ့ အတူ ကက်စမဲရိုး၊ ဘရူနို ဖာနန်ဒက်စ် တို့ ပါဝင်လာမယ် ထင်ပါတယ်၊ တိုက်စစ်ပိုင်းမှာလည်း အပြောင်းအလဲ ၂ ခု မြင်တွေ့ရမယ်လို့ ထင်ပါတယ်။




ရော်နယ်ဒိုနဲ့ ဆန်ချိုကတော့ အိုမိုနီးယားနဲ့ ပွဲစဥ်မှာ အခွင့်အရေးတွေကို အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး၊ ဒါကြောင့် တိုက်စစ်ပိုင်းတွင် ဆိုက်ပရပ်စ်မှာ လူစားဝင်ပြီး ခြေစွမ်းပြခဲ့ကြတဲ့ မားကတ် ရက်ဖို့ဒ်၊ အန်သိုနီ မာရှယ်နဲ့ အတူ အန်တိုနီ တို့ကို မြင်တွေ့ရနိုင်ပါတယ်။

credit