အဲဗာတန် 1-2 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ စံချိန်သစ် တခု မှတ်တမ်းပြုသွားနိုင်ခဲ့တဲ့ အန်တိုနီ
|အဲဗာတန် နဲ့ ပွဲစဥ်မှာ သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီးနောက် ဘရာဇီးလ်သားလေး အန်တိုနီ ဟာ စံချိန်သစ် တခုကို ရယူသွားနိုင် ခဲ့ပါတယ်၊ အန်တိုနီ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၃ ပွဲစလုံးကို ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒါက
မန်ချက်စတာ ယူနိုက်တက် အသင်းသမိုင်းမှာ ပထမဆုံး လိဂ် ပွဲဦးထွက် ပွဲ ၃ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့တာပါ၊ သူ့အရင်မှာ ဇလာတန်က ပွဲဦးထွက် ၂ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို တင်ထားတာ ဖြစ်ပါတယ်၊ အာဆင်နယ်၊ မန်စီးတီး တို့နဲ့ ပွဲတွေမှာလည်း
လှပတဲ့ သွင်းဂိုးတွေကို ရယူခဲ့တဲ့ အန်တိုနီဟာ ညက အဲဗာတန် နဲ့ ပွဲမှာလည်း သူသွင်းယူနေကျ ပုံစံ အတိုင်းနဲ့ပဲ ဂိုးတွေ ရခဲ့ပါတယ်၊ မာရှယ်ရဲ့ ဖန်တီးပေးမှုကနေ ဘောလုံး ရသွားချိန်မှာ အန်တိုနီက ဆွဲယူ ပြေးသွားခဲ့ပြီး ပစ်ဖို့ဒ်နဲ့ အတွေ့မှာ ဘယ်ခြေနဲ့ပဲ အဝေးတိုင်ထောင့်ကို အသာလေး မ သွင်းသွားခဲ့တာပါ။
အာဆင်နယ်နဲ့ ပွဲစဥ်မှာ ရမ့်ဒေးလ်ကို သွင်းယူခဲ့ပုံနဲ့ တော်တော်လေး တူခဲ့ပါတယ်၊ အန်တိုနီကို အေဂျက်ဇ်အသင်း ကနေ ပေါင် သန်း ၁၀၀ နဲ့ မန်ချက်စတာ ယူနိုက်တက် က ခေါ်ယူခဲ့ရတာ ဖြစ်ပြီး အဲရစ် တန်ဟက်ဂ် က သူ့တပည့်ဟောင်းကို ပွဲတိုင်း ထည့်သွင်း အသုံးပြုနေတာ ဖြစ်ပါတယ်။
အန်တိုနီ ကလည်း ပရီးမီးယားလိဂ်မှာ ၃ ပွဲ ဆက်တိုက် ဂိုးရအောင် သွင်းယူနိုင်တဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ညာတောင်ပံမှာ ဘယ်ခြေ ကစားသမား တစ်ဦး လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်း ပေးနိုင်ခဲ့ပါတယ်၊ ညကပွဲမှာ အဲဗာတန်က အဖွင့်ဂိုးကို သွင်းယူ နိုင်ခဲ့ပေမယ့်
အန်တိုနီက ချေပဂိုး သွင်းယူခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ လူစားဝင်လာတဲ့ ရော်နယ်ဒိုက ကက်စ်မဲရိုးရဲ့ ဖန်တီးပေးမှုက တဆင့် သွင်းယူခဲ့တာပါ၊ မာရှယ် ဒဏ်ရာရသွားလို့ ရော်နယ်ဒို ဝင်ရောက်လာခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာ ကက်စ်မဲရိုးရဲ့ ဖန်တီးပေးမှု ကနေ
ရော်နယ်ဒိုက ဘယ်တောင်ပံ တလျှောက် ဆွဲယူပြေးသွားပြီး ဧရိယာထဲမှာ ဘယ်ခြေနဲ့ အပိုင် ပိတ်သွင်းခဲ့တာပါ၊ မန်စီးတီးကို အရှက်ရဖွယ်အရေးနိမ့် အပြီးမှာ မန်ချက်စတာ ယူနိုက်တက် တို့ နိုင်ပွဲ ပြန်ရအောင် ယူနိုင်ခဲ့လို့လည်း အဲရစ် တန်ဟက်ဂ် အတွက် ဒါက ဖိအားတွေကို လျော့ကျသွားခဲ့ပြီလို့ ဆိုရပါမယ်။
credit