အဲဗာတန် 1-2 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှ ထူးထူးခြားခြား ရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားများရဲ့ စွမ်းဆောင်ရည်နဲ့ သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ဟာ အဝေးကွင်းမှာ အဖိုးတန် နိုင်ပွဲ ရရှိခဲ့ပါတယ်၊ အဲရစ် တန်ဟက် ဟာ မာရှယ်၊ ရက်ဖိုဒ့်၊ အန်တိုနီ တို့အတွဲကို ပွဲထုတ်ခဲ့ပါတယ်၊ မာရှယ် ဒဏ်ရာရသွားတာက အခုပွဲရဲ့ အရေးပါတဲ့ အခိုက်အတန့်ပါပဲ၊ မာရှယ် နေရာကို လူစားဝင်လာတဲ့ ရော်နယ်ဒို ဟာ ဒီနှစ်ထဲမှာ သူ့ရဲ့ အကောင်းဆုံး ပွဲတစ်ပွဲကို ကစားခဲ့ပြီး ကိုယ်တိုင်လည်း သွင်းဂိုး ရယူသွားနိုင်ခဲ့ပါတယ်။




ဒီဂိုးဟာ ရော်နယ်ဒို အတွက် ကလပ်အသင်း ကစားသမား ဘဝမှာ သွင်းဂိုး ၇၀၀ ပြည့်မြောက်စေခဲ့တာပါ၊ ဘယ်သူမှ ဒီစံချိန် ကို ရော်နယ်ဒို မတိုင်ခင် မရခဲ့ကြဖူးပါဘူး၊ ယခုတော့ မနေ့ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။




ဒီဂီယာ 7

အီဝိုဘီရဲ့ လှပတဲ့ ကန်ချက် အတွက် ဘာမှ မတတ်နိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ဒီတကြိမ်က လွဲရင် ကျန်တဲ့ ပွဲချိန်တလျောက်မှာ စပိန်သားရဲ့ တည်ငြိမ်မှုကို မြင်တွေ့ခဲ့ရပါတယ်၊ ကာကွယ်မှုကောင်း အချို့လည်း လုပ်ပြနိုင်ခဲ့ပါတယ်။

ဒါလော့ 7

ဒီမာရိုင်ဂါရေးလို လျှင်မြန်တဲ့ တောင်ပံ ကစားသမားကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ တိုက်စစ် လိုက်ပါမှုတွေလည်း ကောင်းခဲ့ပြီး ယူနိုက်တက် ရဲ့ ချေပဂိုး မှာ အရေးပါခဲ့ပါတယ်။




လင်ဒီလော့ဖ် 7

ခံစစ်မှာ အမှားနည်းခဲ့ပြီး တည်ငြိမ်မှု ရှိခဲ့ပါတယ်၊ အရမ်းပြောင်မြောက်တဲ့ စွမ်းဆောင်မှုတော့ မရှိခဲ့ပါဘူး။

မာတီနက်ဇ် 8

မနေ့ညက ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမား တယောက် ဖြစ်ခဲ့ပါတယ်၊ နီးလ်မူပေးကို ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့ပြီး အသင်းရဲ့ ကစားကွက်ထဲမှာ လိုက်ပါ စီးမြောနိုင်ခဲ့ပါတယ်။




လုခ်ရှော 6

မာလာစီယာကို အနားပေးထားတဲ့ ဒီပွဲမှာ အင်္ဂလန်သားဆီက ကျေနပ်အားရ လောက်စရာ ခြေစွမ်းမျိုး မထွက်ခဲ့ပါဘူး၊ တိုက်စစ်ကို လိုက်ပါမှု များခဲ့ပေမယ့် အဆုံးသတ် ပေးပို့မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပါသေးတယ်။

ကက်စမဲရိုး 7

ရော်နယ်ဒို ရဲ့ ၇၀၀ ပြည့် ဂိုးကို ဖန်တီးပေးခဲ့ပြီး မနေ့ညက ပွဲရဲ့ Man of the Match ရရှိခဲ့ပါတယ်၊ ကွင်းလယ် ခံစစ်သမား ဖြစ်ပေမယ့် တိုက်စစ်အထိ လိုက်ပါပြီး ခေါင်းတိုက်ချက် ကနေ ဂိုးရလုနီး ဖြစ်ခဲ့ပါတယ်။




အဲရစ်ဆင် 7

အဲဗာတန် ကစားသမားတွေရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရပေမယ့် ဒိန်းမတ်သားကြီးဟာ သူ့ရဲ့ အရည်အသွေးကို အကျမခံခဲ့ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်တွေရဲ့ လမ်းကြောင်း စတင်ရာ ဖြစ်ခဲ့ပါတယ်။

အန်တိုနီ 7




အရေးပါတဲ့ ချေပဂိုးကို သွင်းပြီး မှတ်တမ်းကောင်း တခုကို စိုက်ထူနိုင်ခဲ့ပါတယ်၊ ဒုတိယပိုင်းက ထိုးဖောက်မှုတွေကလည်း အားရာစရာ ကောင်းခဲ့ပါတယ်၊ သူက မန်ချက်စတာ ယူနိုက်တက် ရဲ့ စူပါစတား ဖြစ်လာမယ့်သူပါပဲ။

ဖာနန်ဒက်စ် 6

ဖာနန်ဒက်စ် ခြေစွမ်း ထပ်မံ မပေါ်ထွက်ခဲ့ပါဘူး၊ ဒါပေမယ့် ဂူအိုင်းရဲ့ အမှားကို အကောင်းဆုံး အသုံးချပြီး ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းပေးပြီး ချေပဂိုး အတွက် အစပြုပေးခဲ့ပါတယ်။

ရက်ရှ်ဖိုဒ့် 7




အငြင်းပွားဖွယ် ဂိုးကို ပယ်ဖျက်မခံခဲ့ရဘူး ဆိုရင် ယခုထက် အမှတ် ပိုရမယ့် သူပါ၊ တိုက်စစ်မှာ ပုံစံကောင်းရခဲ့ပြီး ကက်စမဲရိုး ကပ်လွဲခဲ့တဲ့ ခေါင်းတိုက်ချက် အတွက် ဖန်တီးသူ ဖြစ်ခဲ့ ပါတယ်။

မာရှယ် 6

ချေပဂိုးကို ဖန်တီးပေးခဲ့ပေမယ့် ဒဏ်ရာနဲ့ စောစော ထွက်သွားခဲ့ရတာက ပြင်သစ်သားအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။

လူစားဝင် ကစားသမားများ-

ရော်နယ်ဒို 8




ကလပ် အသင်းသားဘ၀ ဂိုး ၇၀၀ ပြည့်ကို သွင်းယူခဲ့ပါတယ်၊ ဒီဂိုးဟာ မန်ချက်စတာ ယူနိုက်တက် ကိုလည်း ၃ မှတ် ရစေခဲ့တာပါ၊ ရက်ရှ်ဖိုဒ့်ရဲ့ ခွင့်ပြုမခံခဲ့ရတဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်၊ တိုက်စစ် လိုက်ပါပြီး ချိတ်ဆက် ကစားပေးမှုတွေ ကလည်း အမှတ်ပေးသင့်တဲ့ အရာတွေပါ၊ နောက်ဆုံးတော့ ရော်နယ်ဒို သူနဲ့ ထိုက်တန်တဲ့ ချီးမွမ်းမှုကို ပြန်ရခဲ့ပါပြီ။




တွမ်မီနေး 5

မနေ့ညက မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေထဲမှာ စွမ်းဆောင်မှု အညံ့ဆုံးလို့ ပြောလို့ရပါတယ်၊ အဝါကတ်ပါ ထိသွားတာကြောင့် နောက်တပတ် နယူးကာဆယ် ပွဲကို မပါရတော့ ပါဘူး၊ ရာဖေးဗာရန်း 6 တို့ပဲ ဖြစ်ပါတယ်။

credit