ရော်နယ်ဒိုရဲ့ သွင်းဂိုး ၇၀၀ မြောက် အတွက် အဲရစ် တန်ဟက်ဂ် နဲ့ အတူ မှတ်ချက်ပေး ဂုဏ်ပြုစကားဆိုလာတဲ့ ဖာဒီနန်နဲ့ ဖာနန်ဒက်၊

တနင်္ဂနွေနေ့ညက ပွဲစဥ်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် သုံးမှတ်ထက်ပိုတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်၊ ဒီပွဲစဥ်မှာ အန်တိုနီက မန်ချက်စဝာာ ယူနိုက်တက် အတွက် အဖွင့်သုံးပွဲ အမှတ်ပေး ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကို စိုက်ထူနိုင်ခဲ့သလို ရီးရဲလ်ကနေ ပြောင်းလာပြီး အရန်ခုံအထိုင် များနေရတဲ့ ကက်စမဲရိုးကလည်း ပွဲထွက်စာရင်းမှာ ပါလာခဲ့ပြီး




Man of the Match ရတဲ့ အထိ ပုံစံကောင်း ပြခဲ့ပါတယ်၊ ဒါပေမယ့် အားလုံးရဲ့ အထက်မှာတော့ ရော်နယ်ဒိုရဲ့ ၇၀၀ ပြည့် သွင်းဂိုးက ရှိနေခဲ့ပါတယ် ရော်နယ်ဒိုဟာ ရာသီသစ် မစခင်က ကလပ်အသင်းသား ဘ၀ မှာ ၆၉၈ ဂိုး သွင်းယူထားခဲ့ပါတယ်၊ ဒီရာသီမှာ ပေါ်တူဂီသားကြီးဟာ ရုန်းကန်ခဲ့ရပြီး ရှရစ်နဲ့ ပွဲက ပင်နယ်တီဂိုး တကြိမ်ကလွဲရင် နောက်ထပ် ဂိုးပေါက် ရှာမတွေ့ ခဲ့ပါဘူး။




ညက ပွဲမှာတော့ ရော်နယ်ဒိုဟာ ဒဏ်ရာရသွားတဲ့ မာစီရယ်ရဲ့ နေရာကို ဝင်ကစားခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာ ဘယ်ခြေနဲ့ ဂိုးသွင်းယူ ပေးခဲ့ပါတယ်၊ ဒီဂိုးဟာ သူ့ကို ကလပ်အသင်း ကစားသမားဘဝမှာ ဂိုး ၇၀၀ ပြည့်မြောက်စေခဲ့ပါတယ်၊ ဒါမျိုး အရင်က ဘယ်သူမှ မလုပ်နိုင်ခဲ့ပါဘူး၊ သူ့ရဲ့ ကလပ်ရော နိုင်ငံအသင်းမှာပါ အသင်းဖော်အဖြစ် ကစားနေတဲ့ ဖာနန်ဒက်စ်က




မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ ရော်နယ်ဒို ဂိုး ရာပြည့် သွင်းနိုင်ခဲ့မှု အပေါ် အလွန်ဝမ်းမြောက် ပျော်ရွှင်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်၊ ရော်နယ်ဒိုက ဂိုးပေါက် ရှာတွေ့နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့တာပါ၊ ကံခေတာတွေရော ပြိုင်ဘက် ဂိုးသမားတွေ လက်စွမ်းပြခဲ့တာတွေရော ကြောင့်သာ ဂိုးမရ ခဲ့တာပါ၊ အခု သူ ၇၀၀ မြောက်ဂိုးကို သွင်းနိုင်ခဲ့လို့




ကျွန်တော်တို့ အားလုံး အရမ်းဝမ်းသာခဲ့ကြပါတယ်၊ အသင်းကလည်း နိုင်ခဲ့ပါတယ်၊ ခရစ္စတီယာနို အတွက်တော့ နှစ်ထပ်ကွမ်း ပျော်ရွှင်မှုပါပဲလို့ ဖာနန်ဒက်စ်က ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်၊ နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း ကလပ်အသင်းသား ဘဝမှာ ဂိုး ၇၀၀ အထိ သွင်းယူနိုင်ဖို့ဆိုတာ တကယ့်ကို ပြောင်မြောက်တဲ့ အရည်အသွေး ဖြစ်တယ်လို့ ထုတ်ဖော် ချီးကျုးခဲ့ပါတယ်။ မာစီရယ် ဒဏ်ရာ ရသွားတာကြောင့် ရော်နယ်ဒိုဟာ




လာမယ့် ယူရိုပါလိဂ်၊ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ ပွဲထွက် ကစားခွင့်ရဖို့ အလားအလာ ကောင်းနေပြီ ဖြစ်ပါတယ်၊ တကယ့်ကို ချီးကျုးစရာပါပဲ၊ ဂိုး ၇၀၀ ဆိုတဲ့ အရေအတွက်က ဒီရာသီမှာ ပရီးမီးယားလိဂ် အတွက် သူ့ရဲ့ ပထမဆုံးဂိုး ဆိုရင်လည်း ဟုတ်ပါတယ်၊ ကွင်းထဲမှာ သူကစားသွားတဲ့ ပုံစံလည်း ကောင်းပါတယ်၊ သူ့အတွက် ကျွန်တော် တကယ် ပျော်ရွှင်ရပါတယ်။




ဒီအခိုက်အတန့်ကို သူ စောင့်ခဲ့ရတာပါ၊ နောက်ထပ် ဂိုးတွေ ထပ်လာမယ်လို့ မျှော်လင့် ထားပါတယ်လို့ ထုတ်ဖော် ချီးကျုး သွားခဲ့ပါတယ်၊ ရုပ်သံတင်ဆက်သူ ဖာဒီနန်ကလည်း တိုက်စစ်မှူးကြီးရဲ့ ဇွဲလုံ့လဟာ စံပြုထိုက်တဲ့ အရာ ဖြစ်တယ်လို့ ပြောဆိုရင်း ဂိုး ၇၀၀ အတွက် ဂုဏ်ပြုပေးသွားခဲ့ပါတယ်၊ အမြဲတမ်း ရှေ့ကို ဆက်လျောက်ဖို့ ကျွန်တော်တို့တွေ ပြောတတ်ကြပါတယ်၊ သူက အဲ့ဒါရဲ့ အကောင်းဆုံး ဥပမာပါ၊ သူ့မှာ




စိတ်ပျက်စရာ အခိုက်အတန့်တွေ ရှိခဲ့တယ် ဒါပေမယ့် သူ ရှေ့ဆက်ပြီး ဂိုး ၇၀၀ မြောက်တဲ့ထိ ရောက်လာနိုင်ခဲ့ပါပြီ၊ ပိုပြီး ကောင်းခဲ့တာက ဒီဂိုးက ယူနိုက်တက် အတွက် အဆုံးအဖြတ် ဖြစ်စေခဲ့တာပါပဲ၊ တစုံတယောက်က သူ့အပေါ် သံသယ ဝင်လာပြီ ဆိုရင် သူက အဲ့ဒီ သံသယကို ချေဖျက် ပြလိုက်တာပါပဲ၊ သူက ပရော်ဖက်ရှင်နယ် တယောက်ပါ၊ ပြဿနာ တခု မဟုတ်ပါဘူး၊ ကိစ္စတွေကို




သူကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်၊ အရန်ခုံကနေ ထလာပြီး သူလုပ်ရမယ့် အရာကို လုပ်ပြသွားခဲ့ပါတယ်လို့ ဖာဒီနန်က ချီးကျူး ပြောဆိုသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေး ဇယားမှာ တဆင့်တက်ပြီး အဆင့် ၅ နေရာကို ရရှိလာခဲ့ပါတယ်၊ လာမယ့် ကြားရက်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် အိုမိုနီယာကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး နောက်တပတ် ပိတ်ရက်မှာတော့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ်။

credit