ဗာရန်းကို အကြောင်းပြုပြီး ပရိတ်သတ်တွေ အကြား ပြောစရာ ဖြစ်နေတဲ့ အဲရစ် တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဗာရန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ပွဲမှာ ပွဲကစားချိန် နောက်ဆုံးမိနစ်မှ လူစားဝင်လာပြီး သူ့ရဲ့ ပထမဆုံး ထိချက်နဲ့ပဲ အသင်းကို ကယ်တင်သွားခဲ့ပါတယ်၊ ဗာရန်းဟာ မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲမှာ




အသေးစားဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကြားရက်မှာ ကစားခဲ့တဲ့ အိုမိုနီးယားနဲ့ ယူရိုပါလိဂ် ပွဲစဥိကိုလည်း လွဲချော်ခဲ့ပါတယ်၊ ယခု အဲဗာတန်နဲ့ ပွဲစဥ်မှာလည်း ဗာရန်းဟာ အရန်ခုံမှာသာ ရှိနေခဲ့ပြီး ပွဲပြီးခါနီးမှ ခံစစ်ကို အားဖြည့်တဲ့ အနေနဲ့ အဲရစ် တန်ဟက်ဂ် က ဗာရန်းကို ထည့်သွငး ကစားခဲ့တာပါ။




ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် က ပထမပိုင်းမှာ အဲဗာတန်ကို အကောင်းဆုံး လွှမ်းမိုးနိုင်ခဲ့ပြီး ၁-၂ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီးမှာတော့ အဲဗာတန်က ချေပဂိုးရဖို့ ရွက်ကုန်ဖွင့် ကစားခဲ့ပြီး ဒီဂီယာ လက်စွမ်း ပြခဲ့ရသလို ဗာရန်းကလည်း သူ့ရဲ့ ပထမဆုံး ထိချက်နဲ့




အသင်းချေပဂိုး မပေးရအောင် ကယ်တင်ခဲ့ပါတယ်၊ အဲဗာတန်က ပွဲပြီးခါနီးမှာ အမြင့်ဘောတွေ လှိုင်လှိုင်သုံးပြီး မန်ချက်စတာ ယူနိုက်တက် ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ကာ ထောင့်ကန်ဘောတွေမှာ ဆိုရင်လည်း ဂိုးသမား ပစ်ဖို့ဒ်ပါ ရှေ့ထိတက်ပြီး ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်၊ ထောင့်ကန်ဘော




တစ်ကြိမ်မှာ ဆိုရင် ဗာရန်းက အဲဗာတန် ကွင်းလယ်လူ အိုနာနာ၊ ဂိုးသမား ပစ်ဖို့ဒ် တို့နဲ့ ခေါင်းယှဥ်တိုက်ပြီး ရှင်းထုတ်ခဲ့ရ ပါသေးတယ်၊ ပရိသတ် တစ်ယောက်ကတော့ အဲရစ် တန်ဟက်ဂ် က အနာဂတ်ကိုများ ကြိုသိနေတာလား? သူက ဒီအမြင့်ဘော မတိုင်ခင်မှာ ဗာရန်းကို ထည့်ခဲ့တာပါ။




လင်ဒီလော့ဖ်က မနေ့က ပွဲစဥ်မှာ ပုံစံကောင်း ပြခဲ့ပေမယ့် ဒီဗီဒီယို အရတော့ ဗာရန်းက လင်ဒီလော့ဖ်ကို ကျော်ပြီး ဘာကြောင့် နေရာရသင့် လဲဆိုတာကို သက်သေ ပြနေပါတယ်။ လို့ မှတ်ချက်ပြု ရေးသားသွားခဲ့ပါတယ်။

credit