အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲမှ အကြိုက်ဆုံး ကစားသမား အချို့ကို ရွေးချယ်ပေးလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုင်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဘရာဇီးလ် ကွင်းလယ်လူ ကတ်စ်မဲရိုး ကို ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပထမဦးဆုံး အကြိမ် အဖြစ် မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲထွက် ကစားစေခဲ့ပြီး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန်ကို ၁-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့သွားခဲ့ပါတယ်။
အဲဗာတန် ရရှိတဲ့ အဖွင့်ဂိုး အတွက် ကတ်စ်မဲရိုးရဲ့ တာဝန်မကင်းဘူးလို့ ဝေဖန်မှုများရှိသော်လည်း ပွဲချိန် ကြာလာတာနဲ့ အမျှ ကတ်စ်မဲရိုးဟာ အသင်းအတွက် ပိုမို ခြေစွမ်းကောင်းလာပြီး အဲဗာတန်ကို အနိုင်ယူရန် အတွက် အဓိကနေရာက ပါဝင် ကစားခဲ့ရပြီး မန်စီးတီးကို အဝေးကွင်းမှာ ဂိုးပြတ် ရှုံးခဲ့ရသော်လည်း ယခုပွဲတွင် အနိုင်ရသဖြင့်
အဲရစ် တန်ဟက်ဂ် အနေနဲ့ ဖိအားဒဏ်က အတန်အသင့် သက်သာရာ ရခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲချိန် ၅ မိနစ်မှာပဲ အီဝိုဘီရဲ့ အဝေးကန်သွင်းမှု ဂိုးဝင်သွားတာကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ နောက်က လိုက်ကစားခဲ့ရပြီး ပွဲချိန် ၁၅ မိနစ်မှာတော့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီဟာ ပင်နယ်တီ ဧရိယာထိပ်ကနေ ချေပဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။
အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက် အတွက် သုံးပွဲ ကစား သုံးဂိုးသွင်းနိုင်ခဲ့တာကြောင့် စံချိန် တခု မှတ်တမ်းဝင်ခဲ့ သလို ပွဲချိန် ၄၄ မိနစ် ကတ်စ်မဲရိုးရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ရော်နယ်ဒိုက တစ်ဂိုး သွင်းယူနိုင်လိုက်ပြီး ပထမပိုင်း ပြီးကတည်းက မန်ချက်စတာ ယူနိုက်တက် ဟာ ၂-၁ နဲ့ အနိုင် ရနေခြင်းဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် မှာ လက်ရှိ ရုန်းကန်နေရသော်လည်း ရော်နယ်ဒိုဟာ အဲဗာတန်နဲ့ ပွဲမှာ ဂိုးသွင်းလိုက်နိုင်ပြီးနောက် ကလပ်အသင်း ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်သွင်းနိုင်ခြင်း အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်၊ ဒုတိယပိုင်း ၈၁ မိနစ်မှာ တော့ ရက်ရှ်ဖို့ဒ်ဟာ တစ်ဂိုး သွင်းနိုင်သော်လည်း ဗီအေအာ ဆုံးဖြတ်ချက်နြဲ အဆိုပါဂိုး ပယ်ဖျက်ခံခဲ့ရပါတယ်။
ပွဲအပြီးမှာ တော့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် က ကတ်စ်မဲရိုးကို ယခုလို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ အဲရစ် တန်ဟက်ဂ် က ကာဆီမဲရိုးက ဘောလုံးလမ်းကြောင်း မှန်းဆတာ လျင်မြန်ပြီး ပြိုင်ဘက်ဆီကနေ ဘောလုံးတွေ အများကြီး ပြန်ဆယ်နိုင်ပါတယ်၊ သူက ပွဲချိန် ကြာလာတာနဲ့ အမျှ အသင်းအတွက် ပိုကောင်းလာသလို ရော်နယ်ဒို အတွက်လည်း တစ်ဂိုး ဖန်တီးပေးထားနိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ပရိသတ်များ အတွက် သတင်းဆိုးတစ်ခုက မာစီရယ် ဒဏ်ရာ ရသွားခြင်းဖြစ်ပြီး၊ မာစီရယ်ဟာ ပွဲမစမီ လေ့ကျင့်ခန်း လုပ်နေစဉ် နောက်ကျောဒဏ်ရာ ရခဲ့ခြင်းဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်မှူးဟာ ပွဲထွက်ကစားသမား အဖြစ် ပါဝင်ပြီး ဂိုးသွင်းရန် ကြိုးစားမှုအချို့ ရှိခဲ့သော်လည်း ပွဲချိန် ၂၉ မိနစ်မှာ ရော်နယ်ဒိုနဲ့ လူစားလဲခံခဲ့ရပါတယ်။
မာစီရယ်ဟာ နောက်ကျောမှာ ပြဿနာ ရှိနေတာပါ၊ သူကအသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်၊ လူစားဝင် ကစားသမားအားလုံးကိုလည်း ကျေနပ်ပါတယ်၊ ရော်နယ်ဒိုက အနိုင်ဂိုး သွင်းယူပေးနိုင်သလို ဗာရန်းကလည်း ဝင်ရောက် ကစားချိန်မှာ သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ ခေါင်းတိုက်စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်လို့ အဲရစ် တန်ဟက်ဂ် က ထပ်လောင်း ပြောဆိုလိုက်သွားခဲ့ပါတယ်။
credit