စာချုပ်ကုန်ဆုံးဖို့ နီးကပ်လာချိန် အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုသွားမလား? ထွက်ခွာသွားမလား ဆိုတာ ထုတ်ပြောလိုက်တဲ့ ဒီဂီယာ

0
129

ဒေးဗစ် ဒီဂီယာ က စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒေးဗစ် ဒီဂီယာ နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ စာချုပ်သက်တမ်းဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းက သူ့အတွက် အနာဂတ်ကို ဘယ်လို ဆုံးဖြတ်မယ် မသိပေမယ့်




သူ့အ‌နေနဲ့ ဘယ်လို မျှော်လင့်ချက်တွေ ထားရှိသလဲ ဆိုတာ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ် ဒီဂီယာ က ၎င်းရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် တစ်ခု အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နှစ်များစွာ ဆက်နေလိုကြောင်း ဝန်ခံသွားခဲ့ပြီး စပိန်ဂိုးသမားဟာ ကလပ်အသင်းမှာ နောက်ထပ် 12 လအထိ ရွေးချယ်ခွင့်ရှိပေမယ့် သူ့ရဲ့ စာချုပ်




နောက်ဆုံးနှစ်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီဂီယာဟာ 2019 ခုနှစ်က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကြီးမားတဲ့ ငွေကြေးစာချုပ် တစ်ခု ရေးထိုးခဲ့ပြီး ပုံစံကျဆင်းသွားကာ မန်နေဂျာ အပြောင်းအလဲများစွာ ရှိသော်လည်း Old Trafford ရဲ့ နံပါတ် 1 အဖြစ် ဆက်လက် ရှိနေခဲ့ပါတယ်။




Sir Alex Ferguson လက်မှတ်ရေးထိုးခဲ့တဲ့ ဒီဂီယာဟာ ယခုအခါ အသက် 31 နှစ် ရှိပြီဖြစ်ပြီး ၎င်းဟာ Erik ten Hag ရဲ့ ကစားကွက်မှာ ရေရှည် စီးမျောနိုင်သူ ဟုတ်မဟုတ် မေးခွန်းထုတ်မှုများ ထွက်ပေါ်လျှက် ရှိနေဆဲ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို အနိုင် ရရှိပြီးနောက် BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဒီဂီယာက-




ဒီနေ့ အသင်းအတွက် သုံးမှတ်ရအောင် ကူညီနိုင်ခဲ့လို့ အရမ်း‌ ပျော်ရွှင်ရပါတယ်၊ အသင်းကို တတ်နိုင်သလောက် ကူညီ‌ပေးနိုင် ဖို့လည်း ပွဲတိုင်း ကျွန်တော် အနေနဲ့ အာရုံစိုက် ကြိုးစားနေပါတယ်။ ဟုတ်ပါတယ်၊ ငါဒီမှာ နှစ်တွေကြာအောင် နေချင်တယ်၊ ဒါကြောင့် အနာဂတ်မှာဘာတွေ ဖြစ်လာမလဲ ဆိုတာ ကြည့်ရအောင်ပါ၊ ငါ့ အနေနဲ့ကတော့ ဒီအသင်းမှာ တကယ်ပဲ




ပျော်ရွင်‌နေတယ်။ လို့ ဒီဂီယာက ပြောကြားသွားခဲ့ပါတယ်။ ဒီဂီယာ ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲပေါင်း 500 နီးပါး ကစားထားပြီး Jose Mourinho၊ Louis van Gaal၊ ယခု Erik Ten Hag လက်အောက်မှာလည်း ကစားနေဆဲ ဖြစ်ပြီး နယ်သာလန်သားဟာ

မန်ချက်စတာမှာ ၎င်းရဲ့ ကစားကွက်ပုံစံကို အကောင်အထည် ဖော်နေဆဲ ဖြစ်သော်လည်း ဒီဂီယာ အနေနဲ့ ၎င်းရဲ့ ကစးကွက် အပေါ် အံဝင်နိုင်ဖို့ စောင့်ကြည့်နေပြီး အံမဝင်နိုင်ခဲ့ပါက အစားထိုးရန် စဉ်းစားနိုင်ချေ ရှိကြောင်း သိရပါတယ်။

credit