FA Youth Cup ဆွတ်ခူးပေးခဲ့တဲ့ လူငယ် ကြယ်တစ်ပွင့်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်တဲ့ မန်ယူ
|မန်ချက်စတာ ယူနိုက်တက် လူငယ်လေး လူးဝစ်ဂျက်ဆင် ဟာ ကလပ်နှင့် ၎င်း၏ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်၊ ဂျက်ဆင်သည် စက်တင်ဘာ လကုန်မှာ အသက် 17 နှစ်ရှိပြီ ဖြစ်ပြီး ၎င်း၏ အနာဂတ်ကို သရဲနီ အသင်းထံ ကတိကဝတ် ပြုထားသည့်
သဘောတူညီချက် တစ်ရပ်ကို စာရွက်ပေါ်တွင် ရေးသားထားခဲ့ပြီ ဖြစ်ပါတယ်။ အင်စတာဂရမ်မှာ ရေးသားဖော်ပြရာမှာ ဂျက်ဆင်က စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့တဲ့ အတွက် အလွန် ဂုဏ်ယူမိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ လူးဝစ်ဂျက်ဆင်ဟာ ပြီးခဲ့သည့် ရာသီက FA Youth Cup
ဆွတ်ခူးခဲ့သော မန်ချက်စတာ ယူနိုက်တက် ယူ-၁၈ နှစ်အောက် အသင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အသက် 16 နှစ်အရွယ် ဗဟိုနောက်ခံလူဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဖိုင်နယ်ကို စတင်ခဲ့ပြီး အသက် 21 နှစ်အောက် အသင်းတွေရဲ့ အစိတ်အပိုင်းလည်း ဖြစ်နေပါပြီ။ ပြီးခဲ့သည့် လက The Guardian မှ
ဂျက်ဆင်အား ၎င်း၏ အသက်အပိုင်းအခြား အတွင်း မန်ချက်စတာ ယူနိုက်တက် ၏ အတောက်ပဆုံး အလားအလာ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်၊ဂျက်ဆင်ဟာ အသက် 18 နှစ်အောက် မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲဦးထွက်ကို 15 နှစ်အရွယ်မှာပဲ ကစားခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဂျက်ဆင်ဟာ အင်္ဂလန်နှင့် စကော့တလန် တို့ကို နိုင်ငံတကာ လူငယ်အဆင့်တွင် ကိုယ်စားပြုခဲ့ပြီး ၎င်း၏ ပွင့်လန်းသော အသက်မွေးဝမ်းကျောင်းမှုမှာ ယခုအချိန် အထိ မရပ်မနား တောက်ပလာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် FA Youth Cup ချန်ပီယံအသင်းရဲ့ အနာဂတ်ကို
ထိန်းညှိရန် အရေးကြီးပြီး ဂျက်ဆင်ဟာ ကလပ်အတွက် မျှော်လင့်ချက် ကြီးကြီးမားမားရှိမည့်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ Kobbie Mainoo၊ Tyler Fredricson နှင့် Maxi Oyedele တို့သည် နွေရာသီတွင် ပရော်ဖက်ရှင်နယ် စာချုပ်များ ချုပ်ဆိုရန် တစ်ဖက်မှ ကစားသမားများ ပါဝင်သည်။
credit