ပြစ်သစ် ကြယ်တစ်ပွင့်ကို ချုပ်ကွက်တွေနဲ့ ဆွဲဆောင်လိုက်ပြီး မန်ချက်စတာ ယူနိုက်တက် ကိုလည်း ဂက်ပိုကိုမေ့ပြီး ပြင်သစ်သားကို လက်မလွတ်စေနဲ့လို့ ဆိုလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိcဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန် က အသင်းဟောင်း အနေနဲ့ ပီအက်စ်ဂျီက ထွက်ခွာချင်နေတယ်လို့ သတင်း ထွက်ပေါ်နေတဲ့ ပြင်သစ်ကြယ်ပွင့် း တိုက်စစ်မှူး အမ်ဘာပေကို အခွင့်အရေး ရရင် ရအောင် ခေါ်ယူသင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်ပါတယ်။




၂၃ နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေ ဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီနဲ့ ၃ နှစ်သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ပီအက်စ်ဂျီက သူ့ကို ကတိပေးထားတဲ့ ကိစ္စရပ်တွေကို အကောင်အထည် မဖော်ပေးနိုင်တာကြောင့် အသင်းကနေ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ




ထွက်ခွာဖို့ စဉ်းစားနေပါတယ်။ အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ ဦး စာရင်းဝင်သူ ဖြစ်သလို သူ့ရဲ့ အသက်အရွယ်၊ ခြေစွမ်းနဲ့ အလားအလာ ကောင်းတွေကြောင့် သူသာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ် ဆိုရင် ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီး၊ လီဗာပူးနဲ့ လာလီဂါ အင်အားကြီးကလပ်




ရီးရဲလ်မက်ဒရစ် တို့က ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိပါတယ်။ ရီယို ဖာဒီနန် ကတော့ အသင်းဟောင်းဟာ အမ်ဘာပေကို မဖြစ်မနေ ရအောင် ခေါ်ယူသင့်တယ်လို့ ယူဆနေပြီး ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ ကြားမှာ အဖုအထစ်တွေ ရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ဖာဒီနန်က သူ့ရဲ့ တွစ်တာအကောင့် ကနေ မန်ချက်စတာ ယူနိုက်တက် ကို mention ခေါ်ကာ




အမ်ဘာပေကို ရအောင် ခေါ်ယူဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ ဖာဒီနန်က- မန်ချက်စတာ ယူနိုက်တက် ရေ ဒါကို လုပ်လိုက်ကြရအောင်လို့ အမ်ဘာပေကို ခေါ်ယူဖို့အား ရည်ညွှန်းခဲ့ပြီး အေးဂျင့် ရီယိုက ဒီအပြောင်းအရွှေ့ ပြီးအောင် လုပ်ပေးမယ်၊ ဆိုပြီး မန်ချက်စတာ ယူနိုက်တက် ကို အမ်ဘာပေအား ခေါ်ယူရန် တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်၊ ဒါ့အပြင် ဖာဒီနန်က




အမ်ဘာပေကိုလည်း မန်ချက်စတာ ယူနိုက်တက် ရှိရာ အင်္ဂလန်မြေဆီ ပြောင်းလာဖို့ အကြံပေးခဲ့ပါသေးတယ်။ ကိုင်လီယန်‌ရေ ငါတို့တွေက စကားတွေ အများကြီး ပြောဖူးတယ်နော်၊ ငါ့တို့ဆီကိုသာ လာခဲ့ပါ၊ ငါနဲ့ စကားလာပြော၊ ငါက မင်းအတွက် ဒီ အပြောင်းအရွှေ့ ဖြစ်အောင် လုပ်ပေးမယ်လို့ မန်ချက်စတာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းကာ




အကူအညီ ပေးဖို့ အသင့်ရှိကြောင်း ဆိုလိုက်ပါတယ်။ ငါ့ဆီကိုပဲ လာခဲ့၊ ငါတို့ တယောက်ချင်း စကားပြောကြမယ်၊ ငါတို့တွေ နောက်ဆုံး အင်တာဗျူး လုပ်ခဲ့တုန်းက မင်းရဲ့ အင်္ဂလိပ်စာ စကေးက တကယ်ကို ကောင်းပါတယ်၊ ဒီတော့ ငါတို့တွေ စကားထပ်ပြောရအောင်၊ ငါက မင်းကို

ဘောလုံး ပြန်ကစားနိုင်အောင် ကူညီပေးချင်တယ်၊ မင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ၊ ငါတို့တွေ မင်းကို ဒီနေရာမှာ မြင်ချင်တယ် ငါ့ကောင်ရေ၊ လို့ ပြောကြားကာ အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit