မန်စီးတီးအသင်း ပရီးမီးယားလိဂ်မှာ ကျဆုံးသွားဖို့ သရဲနီတွေ အနေနဲ့ ကစားသမား နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ပဲ လိုတယ်လို့ ထုတ်ပြောလိုက်တဲ့ Journalist Dean Jones
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးထရက်ဖို့ဒ်မှာ Erling Haaland, Kevin De Bruyne တို့ရဲ့ စံနှုန်းများနဲ့ ကိုက်ညီတဲ့ ကစားသမားများကို ခေါ်ယူနိုင်ခဲ့ပါက မန်စီးတီး အသင်းနဲ့ ကွာဟချက်ကို ပိတ်ပစ်နိုင်မည် ဖြစ်ကြောင်း သတင်းထောက် Dean Jones က ပြောကြားလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag ဟာ နွေရာသီက ၎င်းရဲ့ အသင်းကို အားကောင်းစေရန် အတွက် ပေါင် သန်း 200 ကျော် အသုံးပြုခဲ့သော်လည်း မြို့ခံ ပြိုင်ဘက်များကို ခြိမ်းခြောက်ရန် ခက်ခဲလျှက်ရှိပြီး ဘိုင်ယန်မြူးနစ်မှ Joshua Kimmich သို့မဟုတ် Paris Saint-Germain မှ
Kylian Mbappe ကဲ့သို့သော ကြယ်ပွင့်များ ခေါ်ယူဖို့ လိုအပ်ကြောင်း ဆိုပါတယ်။ ဟာလန်းဟာ အီတီဟတ်တွင် ရာသီ၏ ပထမဆုံး မန်ချက်စတာဒါဘီ ပွဲစဉ်မှာ မန်စီးတီးကို 6-3 ဖြင့်အနိုင်ရရှိဖို့ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်၊ နော်ဝေ ဂိုးသွင်း စက်ရဲ့ ဂိုးသွင်းမှုတွေဟာ ပရီးမီးယားလိဂ် ကလပ်များကို အံ့အားသင့်စေတာလည်း ဖြစ်ပါတယ်။
အန်တိုနီကတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမား အဖြစ် သူ့ရဲ့ ဒုတိယမြောက် ဂိုးကို သွင်းယူပေးခဲ့ပြီး မာရှယ်က အရန်ခုံကနေ လူစားဝင်လာပြီးနောက် နှစ်ဂိုး သွင်းယူခဲ့ပေးခဲ့ပါတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ ပြိုင်ဘက်တွေထက် ရှစ်မှတ်အကွာကို ဖြတ်ကျော်သွားခဲ့ပြီး နောက်ထပ် 18 ဂိုးလည်း သွင်းယူထားပြီး ဖြစ်ခဲ့ပါတယ်။
Mbappe ကို PSG မှ ပေါင် 166 သန်းဖြင့် 2017 ခုနှစ်က မိုနာကိုမှ ခေါ်ယူခဲ့ပြီး ဘိုင်ယန်ဟာ Kimmich အတွက် ပေါင် 6 သန်းသာ အသုံးပြုခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး Jones က- မန်စီးတီးအသင်း ပရီးမီးယားလိဂ်မှာ ကျဆုံးသွားဖို့ သရဲနီတွေ အနေနဲ့ ကစားသမား နှစ်ဦးကို အရခေါ်ယူနိုင်ဖို့ပဲ လိုတယ်လို့ Jones က ယုံကြည်နေပါတယ်။ Jones က-
Kimmich နဲ့ Mbappe တို့ကို ခေါ်ယူခြင်းမှသာလျှင် ကွာဟချက်ကို ပိတ်နိုင်မည် ဖြစ်ပြီး ဒီခေါ်ယူမှုဟာ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ ကျရှုံးဖို့အထိကို လုံလောက်ပါတယ်လို့ Jones က ဆိုပါတယ်။ အင်း သူတို့ ဘာမှ မလုပ်နိုင်ဘူး၊ သူတို့ တတ်နိုင်သမျှကတော့ မန်စီးတီးရဲ့ ဆုံးပါးမှုကို
စောင့်နေကြပါတယ်၊ ကွာခြားချက်က ကြီးမားလွန်းတယ်၊ သူတို့နဲ့ မိုင်ပေါင်းများစွာ ဝေးတယ်။ KDB နှင့် Haaland တို့ကြောင့်ပါ၊ ဒါကို တားဆီးရုံမက ဒိထက် ကျော်လွန်တဲ့ အရာတွေကို ခံစားဖို့ဆိုရင် မန်ချက်စတာ ယူနိုက်တက် အနေနဲ Mbappe နဲ့ Joshua Kimmich တစ်ဦးဦးကို ခေါ်ယူ လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်၊ ဒါဟာ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ ကျရှုံးဖို့အထိကို လုံလောက်တယ်လို့ ဆိုသွားခဲ့တာပါ။
credit