တန်ဟက်ဂ် လက်ထက်မှာ ထိပ်တန်း အဆင့် တခုကို ရောက်ရှိနေပေမယ့် အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့ ကြယ်တစ်ပွင့်

0
23775

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား Digo Dalot ဟာ အသင်းသစ် ရှာဖွေနေတယ်လို့ သိရပါတယ်။ အီတလီ Calciomercato အရ Dalot နဲ့ သူ၏ အေးဂျင့်ဖြစ်သူဟာ အခြား ရွေးချယ်စရာများကို စဉ်းစားနေကြောင်း အခိုင်အမာ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။




အသက် 23 နှစ်အရွယ်ရှိ ပြီဖြစ်တဲ့ ကွင်းလယ် ကစားသမားဟာ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ ဇန်နဝါရီမှာ ကလပ်အသင်းတွေနဲ့ စကားပြောဆိုခွင့် ရှိနေတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၎င်းကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးရန် ရွေးချယ်ခွင့်




ရှိသော်လည်း ကစားသမားနဲ့ သက်တမ်းတိုးရန် မလုပ်ဆောင်နိုင်သေးဘူးလို့ သီရပြီး အီတလီ သတင်းတွေ အရတော့ ဂျူဗင်တပ်စ် အသင်းက ကစားသမားကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ Alex Sandro နှင့် Cuadrado တို့ ထွက်ခွာသွားပြီးနောက် စီးရီးအေဘီလူးကြီးဟာ




နောက်တန်း နေရာအား အားကောင်းစေလိုပြီး ဒါလော့ကို ခေါ်ယူဖို့ စဉ်းစားနေပြီး ပေါ်တူ ဂီညာနောက်ခံလူကို AS Roma နဲ့ Barcelona တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယခုရာသီမှာ ဒါလော့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦး ဖြစ်ပြီး




မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik ten Hag က ဒါလော့ရဲ့ စွမ်းဆောင်နိုင်မှုကို သိသိသာသာ တိုးတက်စေခဲ့ပြီး ပွဲစဉ်တိုင်း လိုလို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အသက် 23 နှစ်အရွယ် ကွင်းလယ် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက် ကို နောက်တန်းကနေ




ပြန်လည် တည်ဆောက်ရာမှာ အဓိက သော့ချက် ဖြစ်ခဲ့ပြီး ယခုဆို ထိပ်တန်းအဆင့် တခုကို ရောကါရှိနေပြီလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီရာသီမှာ ဒီလို အလားအလာ ကောင်းတဲ့ အရိပ်အယောင်တွေ ပြသပြီးရင် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဟာ Dalot ကို ကလပ်မှာ ဆက်ရှိနေဖို့




မျှော်လင့်နေကြပါတယ်။ ၎င်းဟာ ဥရောပ အကောင်းဆုံး ညာနောက်ခံလူများထဲမှ တစ်ဦး ဖြစ်လာရန် အရည်အချင်းများ အားလုံးကို ပိုင်ဆိုင်ထားပြီး ၎င်းကို အောင်မြင်စေရန် အတွက်လည်း Erik Ten Hag က အစွမ်းကုန် တွန်းတင်ပေးနေတာ ဖြစ်ပါတယ်၊ သို့သော်လည်း ကစားသမားဟာ အသင်းသစ် ပြောင်းရွှေ့ဖို့ ရှာဖွေနေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် မှာ ဆက်ရှိနေမလားဆိုကတော့ စိုးရိမ်ဖွယ် စောင်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

credit