လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူမယ့် အဲရစ် တန်ဟက်ဂ် ရွေးချယ်ထားတဲ့ ကြယ်တစ်ပွင့်ကို ထုတ်ပြောလိုက်တဲ့ Dean Jones
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမည့် လများ အတွင်း ဂျိမ်းမက်ဒီဆင် ထက် Cody Gakpo ကို ခေါ်ယူရန် အလားအလာ ပိုများနေကြောင်း သတင်းထောက် Dean Jones က ဆိုပါတယ်။ နွေရာသီမှာ Edinson Cavani၊ Paul Pogba နဲ့ Jesse Lingard တို့လို
ကစားသမားတွေကို ဆုံးရှုံးခဲ့ရပြီးနောက် ကွင်းထိပ်မှာ အားဖြည့်မှုတွေ အတွက် မန်ချက်စတာ ယူနိုက်တက် ဟာ စျေးကွက်ထဲမှာ ထပ်မံ ခေါ်ယူရန် အစီစဉ်ရှိကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ အေဂျက်စ်မှ အန်တိုနီကို ပေါင် 86 သန်းဖြင့် ခေါ်ယူရန် မရွေးချယ်မီ လွန်ခဲ့သည့်
အပြောင်းအရွှေ့ ကာလက ဂက်ပိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုများ ရှိခဲ့ပြီး အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ နီကပ်သွားတာကြောင့် လက်လွတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ပေါင် သန်း 30 ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သည့် နယ်သာလန် လက်ရွေးစင် ဂက်ပိုကို လာမယ့် ဇန်နဝါရီ
အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းနေဆဲ ဖြစ်ကြောင်း The Sun က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် Gakpo ရဲ့ လက်ရှိ စာချုပ်ဟာ ဇွန်လ 2026 ခုနှစ် အထိ သက်တမ်း မကုန်ဆုံးသေးဘဲ PSV နဲ့ ညှိနှိုင်းရေးမှာ အလွန်ခိုင်မာသော အနေအထားတွင် ရှိနေကာ ၎င်းကို ခေါ်ယူဖို့
အခြားအသင်းနဲ့ အပြိုင် ကြိုးစားရဖွယ်လည်း ရှိနေပါတယ်။ သို့သော်လည်း မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဂက်ပိုကို ခေါ်ယူရန် ကြိုးစားပါက လက်စတာစီးတီး အသင်းထက် ပိုမို ဖြစ်နိုင်ချေရှိတယ်လို့ Jones က ပြောဆိုလိုက်ပါတယ်။ Dean Jones က- “Cody Gakpo ခေါ်ယူနိုင်ဖို့
မန်ချက်စတာ ယူနိုက်တက် က ဖြစ်နိုင်ခြေ ပိုများတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲရစ် တန်ဟက်ဂ် ရွေးချယ်ထားတဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ အတွက် ဂက်ပိုက အဓိက ပစ်မှတ် ဆိုတာ အသေအချာပါပဲ၊ Gakpo က သူ့ရဲ့ စီနီယာ ကစားသမားဘဝ တစ်လျှောက် လက်ဝဲတောင်ပံမှာ အဓိက ကစားခဲ့ပြီး သူနှစ်သက်တဲ့ ညာခြေ အတွက် အတိုက်အခံများရဲ့ ပန်းတိုင်ကို ခြိမ်းခြောက်နိုင်စေခဲ့သူပါ။
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် သူ့အတွက် ပျော်ရွှင်ရမယ့် နေရာ တနေရာကို စီစဉ်ပေးမယ် ဆိုတာ သူသိပါတယ်၊ ဒါကြောင့် သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေ ရှိပေမယ့် သူက တန်ဟက်ဂ် လက်အောက်မှာ ကစားချင်နေပါတယ်လို့ ဆိုသွားခဲ့ပါတယ်။
credit