မနက်ဖြန်ည အိုမိုနီးယားနဲ့ ပွဲစဉ်မှာ ကြယ်တစ်ပွင့် လွဲချော်ရန် ရှိကြောင်း ထုတ်ပြန် ပြောဆိုလိုက်တဲ့ တန်ဟက်ဂ်

0
182

မန်ချ​က်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က မနက်ဖြန်ည အိုးလ်ထရက်ဖို့ဒ်မှာ ယှဥ်ပြိုင် ကစားမယ့် အိုမိုးနီးယားနဲ့ ယူရိုပါလိဂ်အုပ်စု ပွဲစဥ်မှာ တိုက်စစ်ကစားသမား အန်တိုနီ မာစီယဲလ် တစ်ယောက် လွဲချော်ရလိမ့်မယ်လို့ တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။




ပြင်သစ်သားဟာ ဒီနှစ် ဘောလုံးရာသီမှာ ပြီးခဲ့တဲ့ တနင်္ဂနွေက အဲဗာတန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ ပွဲထွက် ကစားသမားအဖြစ် စတင် ကစားခဲ့ရတာဖြစ်ပြီး ဒဏ်ရာ ပြသာနာတွေနဲ့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဂွတ်ဒီဆင်ပတ်ခ်မှာ ကစားခဲရတဲ့ ပွဲစဥ်မှာ ပွဲထွက်ကစားသမား အဖြစ်




ပါဝင်ခဲ့ရတဲ့ မာစီယဲလ်ဟာ အဲ့ဒီပွဲမှာပါ နောက်ကြောဒဏ်ရာ ထပ်မံ ရရှိခဲ့တာကြောင့် ပွဲချိန်အတွင်း ရော်နယ်ဒိုနဲ့ လူစားလဲခဲ့ရသလို မနက်ဖြန်ညမှာ ကစားမယ့် အိုမိုးနီးယားနဲ့ ပွဲစဥ်မှာလည်း လွဲချော်မှာ ဖြစ်ကြောင်း အဲရစ် တန်ဟက်ဂ် က အသိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။




မာစီယဲလ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး အဲရစ် တန်ဟက်ဂ် က- ဒီနေ့ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ဘူး၊ တနင်္ဂနွေနေ့ အထိ သူရဲ့ဒဏ်ရာ အခြေအနေ ဘယ်လို တိုးတတ်လာနေမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ပါမယ်၊ ဟယ်ရီ မက်ဂွိုင်းယား လည်း မပါဝင်နိုင်သေးပါဘူး။ ဒွန်နီ ဗန်ဒယ်ဘိခ် နဲ့




အာရွန် ဝမ်ဘစ်ဆာခါ တို့လည်း ကာလရှည် နားရပါဦးမယ်၊ မာစီယဲလ်က သူကစားခဲ့ရတဲ့ မိနစ်တိုင်းမှာ ကောင်းကောင်း ကစားခဲ့နိုင်ပြီးတော့ အန်တိုနီရဲ့ ဂိုးမှာတောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ၊ ဒီလို အချိန်မှာ ဒဏ်ရာ ထပ်ရလို့ သူ့အတွက် တကယ်ကို စိတ်ပျက်မိတယ်။ သူက




press လုပ်တာလည်း ကောင်းတယ်၊ အသင်း အတွက် အရေးကြီးတဲ့ နေရာက ကစားနိုင်ခဲ့ပြီး ကစားတာလည်း ကောင်းမွန်ခဲ့ပါတယ၊ ဒါပေမယ့် သိသာထင်ရှားတာကတော့ သူ ဒဏ်ရာရသွားလို့ ဆက် မကစားနိုင်တော့က သူ့အတွက်ရော အသင်းအတွက်ပါ စိတ်ပျက်စရာ ဖြစ်ရပါတယ်။




အသင်းက ကစားသမားတိုင်းကို ကျွန်တော် အလိုရှိတယ် ဆိုတာ အသေအချာပါ၊ အထူးသဖြင့် ပွဲစဉ်တွေ အားလုံး ပေါ်လာတဲ့ အခါမှာ ကစားသမား တချို့ မရနိုင်တာကို အလွန် စိတ်ပျက်မိတယ်၊ ဒီလို ကစားသမားတွေ မရနိုင်တဲ့ အခါမျိုးမှာ ဒီ အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းဖို့နဲ့ ကစားနိုင်တဲ့

ကစားသမားတွေ အပေါ် အာရုံစိုက်ဖို့ လုပ်ဆောင်ရပါမယ်။ လို့ အဲရစ် တန်ဟက်ဂ် က ရှင်းလင်း ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ မာစီယဲလ်ဟာ အိုမိုးနီးယားနဲ့ ပွဲစဥ် အတွက် fitness ပိုင်း အားနည်းချက်ကြောင့် မပါဝင်နိုင်ပေမယ့် နယူးကာဆယ် နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

credit