ပွဲထွက်ခွင့် မရ တတိယ ဦးစားပေး ကစားသမား အဖြစ် ရှိနေရတာနဲ့ ပက်သက်ပြီး ရော်နယ်ဒိုနဲ့ စကားပြောဖြစ်ခဲ့သမျှကို ပြန်ပြောင်းဖော်ပြလာတဲ့ ရီယို ဖာဒီနန်
|မန်ချက်စတာ ယူနိုက်တက် ဗဟို နောက်ခံလူဟောင်း ရီယို ဖာဒီနန် က အသင်းဖော်ဟောင််း ရော်နယ်ဒို ဟာ လက်ရှိ အသင်းမှာ ပွဲထွက်ခွင့် မရခဲ့တာနဲ့ ပတ်သက်လို့ သူနဲ့ စကားတွေ ပြောဖြစ်ခဲ့ကြောင်း ထုတ်ပြောလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီ အသင်း အတွက် ပြိုင်ပွဲစုံ ၄ ပွဲသာ ပွဲထွက် ကစားခွင့်
ရရှိသေးပါတယ်၊ အဲ့ဒီထဲမှာ သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တစ်ပွဲသာ ကစားခွင့် ရရှိထားခဲ့ပြီး အဲ့ဒီပွဲမှာ သူဟာ ကလပ် အသင်း ကစားသမား ဘဝ ၇၀၀ မြောက် ဂိုးကို သွင််းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ၂၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီးဟာ ဒီရာသီမှာတော့
နှစ်ဂိုးသာ သွင််းယူနိုင်ခဲ့ပါတယ်၊ သူဟာ လက်ရှိ ရာသီမှာ ရပ်ရှ်ဖို့ဒ်၊ မာရှယ် တို့ရဲ့နောက် အဲရစ် တန်ဟက်ဂ် ရဲ့ တတိယ ဦးစားပေး တိုက်စစ်မှူး အဖြစ်တာ ကစားရဖို့ ရှိနေပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် ဟာ မန်စီးတီးကို ၆-၃ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာလည်း ခရစ္စတီယာနို ဟာ လူစားဝင် ကစားခွင့်တောင် မရရှိခဲ့ပါဘူး။
ဒါက ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး အတွက် စိတ်ပျက်စရာ ဖြစ်နေမှာ အသေအချာပါပဲ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က နွေတုန်းက အသင််းမှ ထွက်ခွာဖို့ထိ တောင်းဆိုထားခဲ့တဲ့ အသင်းဖော်ဟောင််းဟာ ပွဲထွက်ခွင့် မရတာကို စိတ်ပျက်နေခဲ့ပေမယ့် ဒါတွေအပေါ် စိုးရိမ်မှု မရှိပဲ စိတ်အေးအေးထားပြီး ဖြတ််သန်းခဲ့တာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
သူ ပွဲစဥ်တွေ မကစားရတဲ့ အချိန်အတွင်း ခရစ္စတီယာနို နဲ့ ကျွန်တော် စကားတွေ ပြောခဲ့ရာမှာ သူဟာ အေးဆေး တည်ငြိမ်နေခဲ့ပါတယ်၊ သူ စိတ်ဆိုးနေခဲ့တာက သေချာတာပေါ့ဗျာ၊ ဒါပေမယ့် အခွင့်အရေးရရင် ငါဂိုးသွင်းနိုင်ရမယ် ဆိုတဲ့ တည်ငြိမ်မှုတော့ သူ့မှာ အပြည့် ရှိနေခဲ့ပါတယ်။ရိုးရှင်းပါတယ်။
အခွင့်အရေး ဆိုတာ တစ်ချိန်ချိန်မှာ ရောက်လာမှာပဲလေ၊ သူ စိတ်မကောင်း ဖြစ်နေခဲ့တာ သံသယ ဖြစ်စရာ အကြောင်းမရှိပါဘူး၊ အပါတ်စဥ် အပါတ်တိုင်း ပွဲစဥ်တွေ ကစားလိုတဲ့ ပရော်ဖက်ရှင်နယ် ကစားသမား မိမိကိုယ်ကို မြှင့်တင်ဖို့ပဲ တွေးနေတတ်တဲ့ ကစားသမားမျိုး ဆိုတော့ စိတ်မကောင်း ဖြစ်မှာပါပဲ။
ဒါပေမယ့် အဲ့ဒီ နောက်ကွယ်မှာ အရေးကြီးတာက ကိုယ့်အတွက်် အခွင့်အရေး ရောက်ရှိလာချိန်မှာ ဘယ်လို တုန့်ပြန်မလဲဆိုတဲ့ စိတ်မျိုးပါပဲ၊ ခင်ဗျား စိတ်ဆိုးနေလို့ချည်း မရပါဘူး၊ သူဟာ ကွင်းထဲသွားပါလို့ ပြောတာနဲ့ အမြန်ဆုံး အရန်ခုံပေါ်က ထပြေးမယ့် ကစားသမားမျိုးပါ။ သူ ကွင်းထဲရောက်တဲ့ အခါ ဘယ်လောက်ထိ ဆာလောင်နေသလဲ ဂိုးတွေ ဘယ်လောက် သွင်းချင်နေသလဲ ဆိုတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ကြမှာပါ။
ဒါကို ကစားသမားဘဝ ကလပ်အသင်း အတွက် ၆၉၉ ဂိုးထိ သွင်းယူထားနိုင်တဲ့ ကစားသမားဆီက မြင်တွေ့ခဲ့ရပါတယ်။ သူက hater တွေကို ရှုံးနိမ့်အောင် လုပ်ပြဖို့ ခုံမင်နေသူ တစ်ဦးပါ၊ ခြေစွမ်းနဲ့ အသံတိတ်အောင် လုပ်ပြချင်ဆဲပါ၊ သွင်းဂိုး ၇၀၀ ဆိုတာ ကာရေဂါနဲ့ သူ့ကို အဝေးထွက်သွား စေချင်တဲ့ အခြားသူတွေကို အသံတိတ်အောင် လုပ်ခြင်းပါပဲလို့ ဖာဒီနန် က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit