တန်ဟက်ဂ် အနေနဲ့ ဇန်နဝါရီ Transfermarkt မှာ ဂျိမ်းမက်ဒီဆင် ကို ခေါ်ယူမှာ မဟုတ်ကြောင်း ဒါဟာ ကစားကွက် အရ ဖြစ်ကြောင်း ရှင်းပြလိုက်တဲ့ အပြောင်းအရွှေ့ ဂျာနယ်လစ် တဦး

0
57

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျိမ်းမက်ဒီဆင် ကဲ့သို့ ကစားသမားထက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားကွက် အပြောင်းအလဲ အတွက် ဗဟို တိုက်စစ်မှူး တဦးကို ခေါ်ယူရန် အလားအလာ ပိုများကြောင်း အပြောင်းအရွှေ့ အတွင်းလူ ဂျာနယ်လစ်  ဂျုံးစ် က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။




လက်စတာစီးတီး ကွင်းလယ် တိုက်စစ် ကစားသမားဟာ ရာသီအစတွင် အံ့သြဖွယ်ကောင်းလောက်အောင် စတင် ကစားခဲ့သော်လည်း ဂျုံးစ်က လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ စာရင်းမှာ ပါဝင်နေနိုင်ပေမယ့် အခြား ဦးစားပေးရမယ့် အရာကို ကျော်လွန်ဖို့ ဖြစ်နိုင် နည်းတယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။





Maddison နဲ့ ပတ်သက်တဲ့ နောက်ဆုံး သတင်းက ဘာလဲ?

လက်စတာအသင်း နည်းပြ ဘရန်ဒန် ရော့ဂျာ က Transfermarkt မှာ ပေါင် ၄၅ သန်း တန်ကြေး ရှိသော Maddison ကို ဇန်နဝါရီမှာ စိတ်ဝင်စားမှု များစွာရရှိရန် မျှော်လင့်ထားကြောင်း မကြာသေးမီက Daily Mail သတင်းဌာနနဲ့ တွေဆုံရာမှာ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။




“ကျွန်​​တော်​ရဲ့ အလုပ်​က သူ့ကို ​နေ့တိုင်း ​လေ့ကျင့်​သင်​ကြားပြီး သူကို အ​ကောင်းဆုံး ဖြစ်​​အောင်​ လုပ်​​ပေးဖို့ပါ၊ သူ အကြွင်းမဲ့ အကောင်းဆုံး ဖြစ်လာတာမျိုးကို အလိုရှိပါတယ်၊ ဇန်နဝါရီလ Transfermarkt မှာ သူ့ကို စိတ်ဝင်စားမယ့် အသင်းတွေ များစွာ ရှိလာမယ်လို့ ထင်ပါတယ်၊ ဒါကို ကျွန်တော် မျှော်လင့်နေတယ်။ လို့ ဆိုသွားခဲ့ပါတယ်။




မက်ဒီဆင်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ရှစ်ပွဲ ကစားပြီးချိန်မှာ ငါးဂိုး သွင်းယူကာ ပံ့ပိုးမှု နှစ်ကြိမ် ပြုလုပ်ထားပြီး ဖြစ်တာကြောင့် ဇန်နဝါရီမှာ အသက် 25 နှစ်အရွယ် ကစားသမားရဲ့ အပြောင်းအရွှေ့က စိတ်ဝင်စားစရာ တခု အဖြစ် ရှိလာဖို့ လက်စတာ နည်းပြ ဘရန်ဒန် ရော့ဂျာ က ယုံကြည်နေတာလည်း ဖြစ်ပါတယ်။





မက်ဒီဆင်နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဇန်နဝါရီ အစီအစဥ်တွေနဲ့ ပတ်သက်ပြီး ဂျုံးစ်က ဘာတွေ ပြောခဲ့သလဲ?

Maddison က ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွက် ကလပ်အသင်း များစွာရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နေသည်မှာ မလွဲမသွေ ဖြစ်နေသော်လည်း မန်ချက်စတာ ယူနိုက်တက် ဟာ တစ်ပတ် ပေါင် 110,000 ပေါင် 110,000 ထိ ပေးဆောင်ဖို့ ဆန္ဒမရှိဘူးးလို့ ထင်ပါတယ်။





သူ့ပုံစံက မန်ချက်စတာ ယူနိုက်တက် လို အသင်းကြီး တစ်သင်းကို ချဉ်းကပ်ဖို့ ဆွဲဆောင်နိုင်မလားလို့ မေးတဲ့ အခါမှာတော့ သတင်းထောက်က GIVEMESPORT ကို ယခုလို ဖြေကြားသွားခဲ့ပါတယ်။

“ဒီ ကစားသမား ပုံစံက မန်ချက်စတာ ယူနိုက်တက် နဲ့ ဖြစ်နိုင်သလား ဆိုတော့ သူတို့က လက်ရှိ အဖွဲ့ကို အပြည့်အဝ အာရုံစိုက်ထားပြီး ဖြစ်နိုင်ရင် ဇန်န၀ါရီလမှာ အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် ဗဟိုတုက်စစ် အတွက်ပဲ ဦးစားပေမယ်လို့ ထင်ပါတယ်။”





မန်ချက်စတာ ယူနိုက်တက် ဟာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ လိုအပ်ပါသလား?

ဇန်န၀ါရီလ သို့မဟုတ် လာမည့် နွေရာသီမှာ ဖြစ်စေ ဗဟိုတိုက်စစ်မှူး တစ်ဦး‌တော့ Ten Hag ရဲ့ စာရင်းမှာ ပါဝင်နိုင်ပါတယ်၊ နယ်သာလန်သားဟာ အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ထည့်သွင်းအသုံးပြုဖို့ သူ့အတွက် ခက်ခဲနေတယ် ထင်ပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေမှာ သူ ဗဟိုတိုက်စစ်မှူး တစ်ဦး‌ ခေါ်ယူဖို့ သူ စောင့်ကြည့်နေမှာပါ။

လက်ရှိ Old Trafford မှာTen Hag က အခြား တိုက်စစ်မှူးများနဲ့ ပတ်သက်ပြီး Marcus Rashford က ၎င်းရဲ့ လက်ရှိ စာချုပ်မှာ 12 လအောက်သာ ကျန်ရှိတော့သော်လည်း မန်ချက်စတာ ယူနိုက်တက် က သူ့ကို သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိ နေပါ သေးတယ်။




ဒါပေမယ့် အန်တိုနီမာရှယ် က ကြံ့ခိုင်နေဖို့ အလွန် ခက်ခဲနေချိန်ပါ၊ ဒါတွေအားလုံးကို စဉ်းစားကြည့်တဲ့ အခါ မန်ချက်စတာ ယူနိုက်တက် က မက်ဒီဆင်လို ကစားသမားထက် နံပါတ် 9 ကစားသမားကို ဦးစားပေးနေတာ တွေ့ရတာ တုန်လှုပ်စရာတော့ မဟုတ်ပါဘူး။ လို့ ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit