အိုးလ်ထရက်ဖိုဒ့် က အနုတ်လက္ခဏာ ရပ်တွေကို ချိုးဖျက်ပြီး အပေါင်းလက္ခဏာ ရပ်တွေဆီ ရွေ့လျားနေပြီးလား? သုံးသပ်ချက်
|မားကပ်စ် ရက်ရှ်ဖို့ဒ် ဟာ ယခုရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ခွန်အားတစ်ခု အဖြစ် ရပ်တည်နေလျက် ရှိနေပါတယ်၊ တနင်္ဂနွေနေ့ ညက Goodison Park မှာ အဲဗာတန်ကို 2-1 နဲ့ အနိုင် ရရှိခြင်းဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ခြောက်ပွဲမှာ
ပဉ္စမမြောက် နိုင်ပွဲ ဖြစ်ပြီး Erik ten Hag ရဲ့ ပထမ 8 ပွဲ အပြီး ထိပ်ဆုံး လေးသင်း အတွက် အမှတ်ပေးဇယား အရ ကြိုးစားရင် ဖြစ်ချင် ဖြစ်ဖို့ အခွင့်အလန်း များပြားနေဆဲ ဖြစ်ပါတယ်။ ပြဿနာများစွာကို ဖြေရှင်းရန် လိုအပ်နေသေးကြောင်း ငြင်းဆိုခြင်း မရှိသော်လည်း
အပြုသဘော ဆောင်မှုများက ယခု ရာသီမှာ အနုတ်လက္ခဏာ ရပ်တွေကို ချိုးဖျက် ဖောက်ထွက် နေပြီလို့ ဆိုရမှာပါ။ Frank Lampard ရဲ့ အသင်းကို အနိုင်ရခြင်းက Erik Ten Hag လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အပြည့်စုံဆုံးနဲ့ အကောင်းမွန်ဆုံး စွမ်းဆောင်မှု ဖြစ်တယ် ဆိုတာ
အခိုင်အမာ ဆိုနိုင်ပါတယ်။ အန်တိုနီ မာရှယ် ကို ဒဏ်ရာကြောင့် ဆုံးရှုံးလိုက်ရပေမယ့် ဂိုးပေါက်အောက်ကနေ ပြန်ခုခံရဲတဲ့ သတ္တိ ရှိခဲ့ပြီး ဒုတိယပိုင်း အစမှာ ပွဲကို ထိန်းကျောင်းပြီး စည်းကမ်း အများကြီးထုတ်ပြီး နောက်ကျ တိုက်စစ်ဆင်မှု ကနေ သရဲနီတွေ ပြန်လာပြီ ဖြစ်ကြောင်း ထုတ်ပြနိုင်ခဲ့ပါပြီ။
ဒါဟာ တိုက်ရိုက် ဦးတည်ချက် အတွက် သိသာထင်ရှားတဲ့ ခြေလှမ်း တစ်ခုပါ၊ နည်းလမ်း များစွာနဲ့ အဲဗာတန်ကို အနိုင်ရခြင်းက လာမည့်အပတ် သို့မဟုတ် ယင်းထက် ပိုပါက Omonia Nicosia၊ Newcastle United နဲ့ Tottenham Hotspur တို့ကို အိမ်ကွင်းပွဲသုံးပွဲ မတိုင်မီ
မန်ချက်စတာ ယူနိုက်တက် ရဲ့ ရာသီဟာ ကြီးမားတဲ့ အခိုက်အတန့် တစ်ခုကို ကျော်လွန်နိုင်ဖို့ ခွန်အားအဖြစ် မွေးဖွား ကြီပြင်းလာနေပါတယ်။ မန်စီးတီးအသင်းကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်က 6-3 နဲ့ အဝေးကွင်း ရှုံးပွဲကြုံပြီးနောက် မန်ချက်စတာ ယူနိုက်တက် တို့ အကောင်းဆုံး ပြန်လာနေပြီး ယနေည အိုးလ်ထရက်ဖိုဒ့် ရဲ့ ကောင်းကင်ထက်မှာ လရောင်ရဲ့ အေးမြမှုနဲ့ အပေါင်းလက္ခာတွေကို ထပ်မံ မြင်တွေ့ရမှလည်း ဖြစ်ပါတယ်။
credit