သူ အကူညီပေးမယ့် ကစားသမား လေးဦးကို ထုတ်ပြောလာတဲ့ ကတ်စမဲရိုး
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ကက်စမဲရိုး က ဒီနှစ် ဘောလုံးရာသီမှာ သူ အကူအညီ ပေးသွားနိုင်တဲ့ မန်ချင်စတာ ယူနိုက်တက် ယူနိုက်တက် အသင်းဖော် လေးဦး အကြောင်းကို ဖော်ပြသွားခဲ့ပြီး အသင်းမှာ သူ အဓိက တာဝန်ယူ ထားရတဲ့ အပိုင်းနဲ့ ပတ်သတ်တဲ့
အကြောင်းကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကို ကမ္ဘာ့အဆင့်မီ ကွင်းလယ်လူ ကက်စမဲရိုး ရောက်ရှိလာတာက အားနည်းချက်တွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ပိုင်း အတွက် အားကောင်းသွားစေ ခဲ့ပါတယ်၊ ရီးရဲလ်အသင်းမှာ အောင်မြင်မှုတွေ များစွာ
ရယူထားနိုင်ခဲ့တဲ့ ကက်စမဲရိုးလို ကစားသမားမျိုးကို အသင်းနဲ့ အတူ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားတာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက မြင်တွေ့နေချင်ပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် က ပွဲထွက်ကစားသမား အဖြစ် အလျင်အမြန် မသုံးခဲ့ဘဲ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှသာ line-up ထဲ
ထည့်သွင်း လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမား အဖြစ် စတင် အသုံးပြုခဲ့ရာ ကက်စမဲရိုးကလည်း ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။ ကက်စမဲရိုးက- သွင်းဂိုးတွေက သဘာဝအတိုင်း လာရမယ်လို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော့် တာဝန်ကို လူတိုင်းသိကြပါတယ်၊ ကျွန်တော်ရဲ့ တာဝန်က
ခံစစ်ကစားဖို့ အသင်းဖော်တွေကို အကူအညီပေးဖို့နဲ့ ခံစစ်ကနေ ဘောလုံးတွေကို အရည်အသွေး ကောင်းကောင်းနဲ့ ရှေ့က ကစားသမားတွေဆီ ပို့ပေးနိုင်ဖို့ပါ။ ဒါက ကျွန်တော့် အလုပ်ပဲ၊ အဲ့ဒီကနေ တစ်ဆင့် ဂိုးပါ ရသွားခဲ့မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့၊ ကျွန်တော်တို့မှာ ဂိုးတွေကို သွင်းယူဖို့ အတွက်
ဦးစားပေး စဉ်းစားတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်၊ သူတို့က ရော်နယ်ဒို၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ် နဲ့ ဖာနန်ဒက်စ် တို့ပါ၊ သူတို့က ဂိုးတွေသွင်းဖို့ ကွင်းထဲမှာ ရှိနေတာပါ၊ ပထမ ကျွန်တော်က ဘောလုံးရအောင် ခံစစ်ကစားပြီး အသင်းကို ဟန်ချက်ညီအောင် ပံ့ပိုးပေးပါတယ်၊ ကျွန်တော့် ခံစစ်ပိုင်း တာဝန်နဲ့ ကျွန်တော်ရဲ့ အသင်းဖော်တွေကို ကူညီတယ်။
ဘောလုံးတွေကို အရည်အသွေး ပြည့်မီစွာနဲ့ ပို့ဆောင်ပေးတယ်၊ ဒါက ကျွန်တော့် အလုပ်ပါပဲ၊ အဲ့လို့ ပို့ဆောင်ပေးရာကနေ ဂိုးရသွားမယ် ဆိုရင် ဒါကအရမ်းကောင်းမှာ ဆိုပေမယ့်လည်း ကျွန်တော်ရဲ့ ဦးစားပေး တာဝန်က ခံစစ်ပိုင်းမှာ ကောင်းကောင်း ကစားဖို့ပါပဲ။ လို့ ရှင်းလင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit