တွမ်မီနေးရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိုမိုနီယား နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ စွမ်းဆောင်ရည်နဲ့ ပွဲပြီး သုံးသပ်ချက်
|စကော့မက် တွမ်မီနေးရဲ့ ၉၀+၃ မိနစ် အနိုင်ဂိုးဟာ မန်ချင်စတာ ယူနိုက်တက် ပရိသတ်တွေကို စိတ်သက်သာရာ ရစေခဲ့မှာ အသေအချာပါပဲ၊ အခွင့်အရေးတွေ အကောင်းဆုံး အသုံးမချနိုင်မှု၊ အိုမိုနီးယား ဂိုးသမားရဲ့ စပါယ်ရှယ် လက်စွမ်းပြမှုတွေဟာ မန်ချင်စတာ ယူနိုက်တက် ကို အိမ်ကွင်းမှာ ၃ မှတ်မရဘဲ ပြီးဆုံးဖို့ နီးကပ်စေခဲ့ပါတယ်။ အခုချိန် မှာတော့ ၄ ပွဲကစား
၉ မှတ်နဲ့ နောက်တဆင့်တက်ဖို့ အလားအလာ ကောင်းသွားခဲ့သလို အုပ်စုဗိုလ် နေရာကိုပါ မျှော်လင့်လို့ ရသွားခဲ့ပါပြီ၊ အိုမိုနီးယား နဲ့ ကစားခဲ့တဲ့ ပွဲစဥ်က မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ဒေးဗစ် ဒီဂီယာ- ၆
စပိန်သားအတွက် ဒီကနေ့ ထွေထွေထူးထူး ကာကွယ်ခဲ့ရတာမျိုး မရှိပါဘူး၊ အသင်းရဲ့ ကစားကွက်ထဲ လိုက်ပါပြီး အရင်က မမြင်ရတဲ့ ရှေ့တက် ကစားပုံတွေ လုပ်လာနိုင်တာတော့ အမြတ်ထွက်ခဲ့တယ်လို့ ပြောရမှာပါ။
ဒီယေဂို ဒါလော့- ၅
တိုက်စစ်ကို ကြိမ်ဖန်များစွာ လိုက်ပါခဲ့ပေမယ့် အကျိုးပြုတဲ့ အဆုံးသတ် စွမ်းဆောင်ချက် မရှိခဲ့ပါဘူး၊ ပေါ်တူဂီ ညာနောက်ခံလူတွေ အချင်းချင်း ယှဉ်ကြည့်မယ် ဆိုရင် ကန်ဆယ်လိုကို မီဖို့ဆိုတာ ဒါလော့ အတွက် အဝေးကြီးမှ အဝေးကြီးလို့ ပြောရမယ့် ပွဲမျိုး ဖြစ်ခဲ့ပါတယ်။
ဗစ်တာ လင်ဒီလော့ဖ်- ၅
ဒီနေ့ပွဲမှာ အိုမိုနီးယားက အခွင့်အရေး နှစ်ကြိမ်သာ ရခဲ့ပါတယ်၊ အဲ့ဒီထဲက တစ်ကြိမ်က လင်ဒီလော့ဖ်ကို နှပ်ချသွားခဲ့တာပါ၊ ဒီလို ပွဲမျိုးမှာ ဘာမှ မစွမ်းဆောင်ပြနိုင်တာက အမှတ်နည်းဖို့ ထိုက်တန်နေပါပြီ။
လီဆန်ဒရို မာတီနက်ဇ်- ၅
မာတီနက်ဇ်လည်း ထိုနည်းလည်းကောင်းပါပဲ၊ ရှေ့ပွဲတွေမှာ ကစားခဲ့တဲ့ ပုံစံနဲ့ ချိန်ထိုးကြည့်ရင် ဒီညတွေ့ခဲ့ရတဲ့ မာတီနက်ဇ်က တခြား တစ်ယောက်လို့တောင် ထင်ချင်စရာ ကောင်းခဲ့ပါတယ်။
မာလာစီယာ- ၅
မာလာစီယာ တစ်ယောက် ပုံစံကောင်း မပြနိုင်ခဲ့တာ နည်းနည်း ကြာနေပါပြီ၊ အခုပုံစံ အတိုင်းဆိုရင် ဒီလထဲမှာ တိုက်စစ် လိုက်ပါမှု ပိုကောင်းလာတဲ့ လုခ်ရှောကို နေရာ ပြန်ဖယ်ပေးရနိုင်ပါတယ်။
ကက်စမဲရိုး- ၇
ဘရာဇီးလ်သား ကက်စမဲရိုးကတော့ တဖြည်းဖြည်းနဲ့ မန်ချက်စဝာာ ယူနိုက်တက် ကွင်းလယ်မှာ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာနေပါပြီ၊ ဒီနေ့ ပွဲမှာလည်း တိုက်စစ်လိုက်ပါမှု ကောင်းခဲ့သလို ခံစစ်မှာလည်း အားကိုးခဲ့ရပါတယ်၊ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမားလို့တောင် ပြောရမှာပါ။
ဖရက်ဒ်- ၅
အားသန်တဲ့ နေရာမှာ ကစားခဲ့ရသလို ကက်စမဲရိုး အကူလည်း ရှိခဲ့ပေမယ့် ခြေမပေါ်ခဲ့တဲ့အပြင် ဆိုးဆိုးဝါးဝါး ကစားပုံကို မြင်တွေ့ခဲ့ရပါတယ်၊ အခွင့်ကောင်း တစ်ကြိမ်ကိုပါ ဖြုန်းတီးခဲ့ပါသေးတယ်၊ အဲရစ်ဆင်ရဲ့ အရေးပါမှုကို ဖရက်ဒ်ရဲ့ အားနည်းချက်တွေက ပိုပြိး သိသာထင်ရှား စေခဲ့တာပါပဲ။
အန်တိုနီ– ၅
ဖရက်ဒ် လွဲသွားတဲ့ ခေါင်းတိုက်ချက်ကို ဖြတ်တင်ပေးခဲ့တာက လွဲရင် ဘာမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ပါဘူး၊ ဒါကြောင့်လည်း ဆန်ချိုနဲ့ လူစားလဲ ခံခဲ့ရတာပါ။
ဘရူနို ဖာနန်ဒက်စ်– ၅
လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ခြေစွမ်းတွေပြ ဂိုးတွေသွင်းခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီမှာ ကျန်ရစ်ခဲ့ပါပြီ၊ မနေ့ညက တသင်းလုံးမှာ အဆုံးသတ် စွမ်းဆောင်မှု အညံ့ဆုံး ဖြစ်ခဲ့သလို ကာယပိုင်း၊ နည်းစနစ်ပိုင်းမှာလည်း စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။
မားကပ်စ် ရက်ဖိုဒ့်– ၆
ကံတရားနဲ့ မတိကျမှု ၃၀%၊ အူဇိုဟို အိုမိုနီးယား ဂိုးသမားရဲ့ လက်စွမ်းပြမှု ၇၀% တို့က ရက်ဖိုဒ့်ရဲ့ ကြိမ်ဖန်များစွာသော ကြိုးစားမှုတွေကို အရာမထင်အောင် လုပ်သွားခဲ့ပါတယ်၊
ကန်ချက်တွေ သေသပ်ပေမယ့် အဆုံးသတ် စွမ်းရည်ကတော့ အားရစရာ မရှိခဲ့ပါဘူး။
ခရစ္စတီယာနို ရော်နယ်ဒို– ၆
အမှားတွေ သိပ်မလုပ်မိခဲ့ပါဘူး၊ ဒါပေမယ့် သူ့ရဲ့အဓိက တာဝန်ကိုတော့ ပျက်ကွက်ခဲ့ပါတယ်၊ အဲဒါက ဂိုးသွင်းဖို့ပါပဲ၊ လူစားဝင် ကစားသမားများ လုခ်ရှော– ၆၊ ဆန်ချို- ၆၊ အဲရစ်ဆင်– ၆၊ တွမ်မီနေး– ၇ တို့ပဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ ယှဉ်ပြိုင် ကစားရမှာပါ။
credit