ပထမပိုင်းကို သုံးသပ်ပြီး အိုမိုနီးယားကို အနိုင်ရဖို့ တန်ဟက်ဂ် ဘာတွေ လုပ်ခဲ့သလဲ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိမ်ကွင်းမှာ အပိုင် အခွင့်အရေးပေါင်း များစွာ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ နောက်ဆုံးမိနစ် အထိ အနိုင်ဂိုး ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲစဥ်မှာ လူငယ်၊ လူကြီး ရောသုံးမယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် က လူစုံတက်စုံပဲ




ပွဲထုတ်သွားခဲ့ပါတယ်၊ ရော်နယ်ဒို နဲ့ ကက်စ်မဲရိုး တို့ ပွဲထွက်လာခဲ့သလို ဗာရန်း ကလွဲရင် နောက်တန်းမှာလည်း လူစုံခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်းမှာတင် ဂိုးကန်သွင်းခွင့် အကြိမ်ပေါင်း များစွာ ရရှိခဲ့ပေမယ့် ပြိုင်ဘက် ဂိုးသမား လက်စွမ်းပြခဲ့တာ




မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ဂိုးကံခေနေခဲ့တာ တွေကြောင့် နစ်နာခဲ့ရပါတယ်။ ဒီပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် တို့ ဂိုးပေါက် ကန်သွင်းခွင့် အကြိမ် အရေအတွက် ၃၀ ဝန်းကျင်ထိ ရရှိခဲ့တာပါ၊ အိုမိုးနီးယား ဂိုးသမား အူဇိုဟို ကိုလည်း ချီးကျူးရမှာပါ၊ မန်ချက်စတာ ယူနိုက်တက် ရဲ့




ဂိုးပေါက်တည့် ကန်ချက်က ၁၀ ကြိမ် ဝန်းကျင်မှာ ရှိခဲ့တာတောင် အသင်းငယ်လေးကို အိမ်ကွင်းမှာ တစ်ဂိုးတောင် မသွင်းနိုင်ခဲ့ရင် မန်ချက်စဝာာ ယူနိုက်တက် ကစားသမားတွေ အတွက် တော်တော်လေး မျက်နှာပျက်စရာ ဖြစ်ရမှာပါ၊ ဒုတိယပိုင်းမှာတော့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် က




အဲရစ်ဆင်၊ ဆန်ချို၊ လုခ်ရှော နဲ့ တွမ်မီနေး တို့ကို ထည့်သုံးခဲ့ပြီး နောက်ဆုံးမိနစ်မှာ တွမ်မီနေးက ဆန်ချိုရဲ့ မွှေနှောက်မှုက တဆင့် အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူ‌ပေးနိင်ခဲ့ပါတယ်၊ မန်ချင်စတာ ယူနိုက်တက် ဟာ ဒီနိုင်ပွဲကြောင့် နောက်တဆင့်ကို တက်သွားခဲ့ပြီလို့ ပြောနိုင်ပြီး




လက်ကျန် ပွဲစဥ် နှစ်ပွဲကို ဖိအားကင်းကင်းနဲ့ ကစားနိုင်ပြီလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ ယူရိုပါလိဂ် အိမ်ကွင်းပွဲ နှစ်ပွဲ ကစားထားပြီး တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရလဒ် ထွက်ပေါ်ထားပါတယ်၊ ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ယခု အိုမိုးနီးယားကိုတော့ အနိုင် ရရှိခဲ့ပါတယ်၊ အာဆင်နယ် ကတော့ အဝေးကွင်းမှာ ဘိုဒိုဂလင့်မ် ကို ဆာကာရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။

credit