မန်ချက်စတာ ယူနိုက်တက် ကို ရှုံးနိမ့်အပြီး ယူရိုပါလိဂ် ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပြီ ဖြစ်တဲ့ အပေါ် ရင်ဖွင့်လာတဲ့ အိုမိုနီးယား ဂိုးသမား ဖရန်စစ် ယူဇိုဟို

0
276

ဆိုက်ပရပ် အခြေစိုက် အိုမိုနီးယား ဂိုးသမား ဖြစ်သူ ဖရန်စစ် ယူဇိုဟို က မန်ချက်စတာ ယူနိုက်တက် ကို ရှုံးနိမ့်ခဲ့ရတဲ့ ယူရိုပါလိဂ် ပွဲစဥ်အပြီး အင်တာဗျူး အစီအစဥ်မှာ ယခုလို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ အဓိက အကြောင်းအရင်း ကတော့ သူ့ရဲ့ အိပ်မက် တစ်ခုဟာ အမှန်တကယ် ဖြစ်လာခဲ့တယ်လို့




ဆိုပါတယ်၊ ဒီပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားရင်း ဂိုးပေါက် ခြိမ်းခြောက်မှုတွေ 34 ကြိမ်ထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကြီးမားတဲ့ အခွင့်အရေးလည်း 7 ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲ့တာတွေဟာ အိုမိုနီးယား ဂိုးသမား ယူဇိုဟို ရဲ့ အထူး လက်စွမ်း




ပြသမှုအောက်မှာ လဟက်သတ် ဖြစ်ခဲ့ရပြီး အထူးသဖြင့် ရော်နယ်ဒို၊ ရပ်ရှ်ဖို့၊ ကာစီမီရိုး တို့ ဂိုး ဖြစ်စေနိုင်တဲ့ ကန်ချက််တွေ လုပ်ဆောင်ခဲ့ကြပေမဲ့ ယူဇိုဟိုက တစ်လုံးပြီး တစ်လုံး ပုတ်ထုတ် ကာကွယ်ပြီး အသင်းအတွက် ဟီးရိုး ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး မန်ချက်စတာ ယူနိုက်တက် အတွက်




သာမန် ပွဲကစားချိန် မိနစ် 90 အပြီး နာကျင်ချိန်ပို 3 မိနစ်မှာ တွမ်မီနေး သွင်းယူခဲ့တဲ့ ဂိုးကြောင့်သာ မန်ချက်စတာ ယူနိုက်တက်် တို့ နိုင်ပွဲ ရရှိစေခဲ့ပြီး အိုမိုနီးယားလည်း ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်၊ အဆိုပါ ပွဲစဥ်အပြီးမှာ အိုမိုနီးယား အတွက် 12 ကြိမ် ဂိုးပေါက် ကာကွယ်မှု လုပ်နိုင်ခဲ့တဲ့




ဖရန်စစ် ယူဇိုဟို က ပြိုင်ပွဲမှ ထွက်ခွာရတာကို အမှုမထားပဲ အိုးလ်ထရပ်ဖို့ဒ် ကွင်းကြီးမှာ ကစားခွင့် ရရှိတဲ့ အတွက် အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ပြုံးရွှင်စွာ ပြောကြားသွားခဲ့ပါတယ်။ ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင်ခဲ့ရတဲ့ အတွက် ရှုံးလို့ဆိုပြီး မကျေမနပ် မဖြစ်မိပါဘူး၊ ကျွန်တော်တို့ တစ််မှတ် ရရင်တော့ ပိုပြီး ကျေနပ်မိမှာပေါ့ဗျာ။




ကျွန်တော်တော့ ပျော်ရွှင်မိပါတယ်၊ ဒီကွင်းထဲ ဒီလို ကစားသမားတွေနဲ့ ရင်ဆိုင်ရတာ တကယ့်ကို မလွယ်ပါဘူး၊ ဒါပေမယ့် ကျွန်တော် ပျော်ရွှင်မိပါတယ်။ အိုးလ်ထရပ်ဖို့ဒ်မှာ ကစားခွင့် ရရှိခြင်း ဆိုတာက အိပ််မက်တွေ အမှန်တကယ် ဖြစ်လာခြင်းပါ၊ ဒါကို စောင့်ဆိုင်းနေခဲ့တာ ကြာလွန်းလှပါပြီ။




ကျွန်တော်တို့ အုပ်စုအဆင့် မဲခွဲရလဒ် ထွက်ပေါ်လာ ကတည်းက အိုးလ်ထရပ်ဖို့ဒ်မှာ ကစားခွင့် ရရှိပါစေလို့ ဆုတောင််း နေခဲ့တာပါ။ ဒီကွင်းထဲ ရောက်တဲ့အခါ ပွဲထွက် ကစားခွင့် ရရှိပါစေလို့လည်း ဆုတောင်းခဲ့ပါတယ်၊ အခုတော့ တကယ်ကို ဖြစ်လာခဲ့ပါပြီ၊ အရမ်းပဲ ပျော်ရွှင်မိပါတယ်၊ ဒီပွဲစဥ်က




ကျွန်တော့်ရဲ့ စွမ်းဆောင်ရည််ကလည်း အကောင်းဆုံး ဖြစ်နိုင်ခဲ့တယ်လေ။ အသင်းဖော်တွေ အတွက် တကယ့်ကို ဂုဏ််ယူမိပါတယ်၊ တစ်ယောက် ကောင်းရုံနဲ့ ဒီလို ရလဒ်မျိုး မရနိုင်ဘူးလေ၊ ကျွန်တော်တို့ အရာအားလုံး ပေးဆပ်ပြီး ကစားခဲ့ကြပါတယ်၊ ကျွန်တော်ရဲ့ စွမ်းဆောင်ရည် အတွက််လည်း ပျော်ရွှင်မိပါတယ်။ လို့ ယူဇိုဟို က ဖွင့်ဟ ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

credit