ယူရိုပါလိဂ် ပွဲစဉ်အပြီး ကစားသမားတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားမှု တခု ပြုလုပ်လာတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အိုမိုနီးယားကို တွမ်မီနေး ရဲ့ နောက်ကျ မိနစ် သွင်းဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်အပြီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျေနပ်မိကြောင်း ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ နံနက်က
ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ အုပ်စု ပွဲစဥ် လေးအဖြစ် အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ဆိုက်ပရက် အခြေစိုက် အိုမိုနီးယား အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 1-0 ဆိုတဲ့ ရလဒ်နဲ့ ကပ်နိုင်ခဲ့ပါတယ်။ ဒီပွဲစဥ် မှာတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ ဂိုးပေါက် ခြိမ်းခြောက်မှု 34 ကြိမ် ထိ လုပ်ဆောင်နိုင်ခဲ့ကြပြီး
အဲ့ဒီထဲမှာ ကြီးမားတဲ့ အခွင့်အရေး ဖန်တီးမှု ခုနှစ်ကြိမ်ထိ ပါဝင်ခဲ့ပါတယ်၊ ဒါပေမဲ့ ပြိုင်ဘက် ဂိုးသမားရဲ့ လက််စွမ်း ပြသမှုက မန်ချက်စတာ ယူနိုက်တက် အတွက် အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲချိန် 93 မိနစ်မှာ တွမ်မီနေး သွင်းယူပေးခဲ့တဲ့ သွင်းဂိုး
တစ်ဂိုးနဲ့ ပွဲစဥ်ကို အနိုင် ကစားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်၊ ယခုတော့ မန်ချက်စတာ ယူနိုက်တက် တို့ အုပ်စုဗိုလ် ဖြစ်နိုင်ရေး မျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့ရပြီလည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲစဥ် အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဒီပွဲမှာ ကပ်နိုင်ခဲ့ပေမယ့်
အသင်းသားတွေရဲ့ ဂိုး ဖန်တီးနိုင်မှု စွမ်းရည်နဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု စွမ်းရည် ပိုကောင်းလာခဲ့တဲ့ အပေါ် အကောင်းမြင်ကြောင်း ဆိုလိုက်ပြီး ချီးကျူးသွားခဲ့ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာ ဘရန့်ဖို့ဒ်နဲ့ ပွဲစဥ်က လွဲရင် ကျွန်တော်တို့ ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့တယ် ဆိုတာ ပါပဲ၊ ဒါ့ကြောင့် ဒီအသင်းမှာ
ဖန်တီးနိုင်မှု စွမ်းရည်နဲ့ ဂိုးသွင်းနိုင်စွမ်းတွေ အများကြီး ရှိနေတယ် ဆိုတာကို ကျွန််တော်တို့ သိရှိနိုင်ပါတယ်။ တခါတလေတော့ ကျွန်တော်တို့ မအောင်မြင်တဲ့ ညချမ်းတွေကို ပိုင်ဆိုင်ရလေ့ ရှိတတ်ပါတယ်၊ ဒီညကတော့ လှပတဲ့ ည တစ်ည ဖြစ်ခဲ့ပါတယ်၊ ကစားသမားတွေကို ကျွန်တော် ချီးကျူးချင်ပါတယ်။
သူတို့ အခွင့်အရေးတွေ လွဲခဲ့ကြပေမယ့် အဆုံးထိ တိုက်ပွဲ ဝင်ခဲ့ကြတယ်လေ။ သူတို့ ဂိုးသွင်းနိုင်မယ် ဆိုတဲ့ ယုံကြည်ချက် ရှိနေခဲ့ကြပြီး အဆုံးသတ်မှာ ဒါကို လုပ်ပြနိုင်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ ကစားသင့်တာ ဒီလို နည်းလမ်းမျိုးနဲ့ပဲလေ၊ ကျွန်တော်တို့ ကံမကောင်းတဲ့ ညချမ်းတွေ များစွာ ကြုံတွေ့ခဲ့ဖူးပါတယ်။
ကျွန်တော်တို့ ကစားပုံကောင်းတယ်၊ အခွင့်အရေးတွေ ဖန်တီးကြတယ်၊ ဒါပေမယ့် ဂိုးမသွင်းနိုင်တဲ့ ညမျိုးပေါ့ဗျာ၊ ဘောလုံး ဆိုတာ ဂိုးသွင်းယူခြင်းပါပဲ၊ ကျွန်တော်တို့ ဒါကို လုပ်နိုင်ဖို့ လိုပါတယ်လို့မန်ခိက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
credit