နယူးကာဆယ် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ပေါလ်မာဆင် ရဲ့ ပွဲကြို ခန့်မှန်းချက်
|ယမန်နေ့ ညက ယူရိုပါလိဂ် နိုင်ပွဲရရှိထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် တနင်္ဂနွေမှာတော့ ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် နယူးကာဆယ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ် မှာ ဧည့်ခံ ကစားရဦးမှာ ဖြစ်ပါတယ်၊ ပွဲချိန်ကတော့ လာမယ့် အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည
ခုနှစ် နာရီခွဲ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါလ်မာဆင်ကတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ယခုလို သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။
ကျွန်တော် လတ်တလော နယူးကာဆယ် အသင်းရဲ့ ကစားပုံကို သဘောကျနေပါတယ်၊ အရင်အပတ်က ဖူလ်ဟမ်ကို သူတို့တွေ လုံးဝ ဖျက်ဆီးနိုင်ခဲ့တယ်၊ သူတို့ကို လေးစားရပါမယ်၊ နယူးကာဆယ် အသင်းမှာ ကောင်တာတွေကို အရှိန်နဲ့ ကစားနိုင်တဲ့ ကစားသမားတွေ ရှိထားပါတယ်။
ယခုချိန်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် အနေနဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို ပွဲထွက် ကစားခွင့် ပေးရပါတော့မယ်၊ ကျွန်တော့် အမြင်မှာ ရော်နယ်ဒို က ကမ္ဘာအကောင်းဆုံး အဆုံးသတ် အကောင်းဆုံး ကစားသမားပါ၊ အဆုံးသတ် မကောင်းဘဲ ဂိုး ၇၀၀ ကို မရောက်နိုင်ပါဘူး။
ရော်နယ်ဒို က သူ့ကို အခွင့်အရေး ပေးရင် ဂိုးသွင်းမှာ ဖြစ်သလို ကမ္ဘာ့ အခက်ခဲဆုံး ကိစ္စတွေကိုလည်း ခပ်လွယ်လွယ်လေး လုပ်ပြမယ့် သူပါ၊ ကက်စမဲရိုး ကတော့ အချိန်တခု လိုအပ်ပါတယ်၊ သူ့ထံကနေ အများကြီး မြင်ရဖို့ ရှိနေတယ်၊ ဒါပေမယ့် ဒီပွဲစဥ်က အဲဗာတန်ပွဲနဲ့ ခြားနားနေမှာ ဖြစ်ပြီး
မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အကောင်းဆုံး လုပ်ပြနိုင်ဖို့ လိုပါတယ်၊ ဒီပွဲ အကြောင်း မသေချာပေမယ့် နယူးကာဆယ် အတွက် ဒီပွဲစဥ်က ကြီးမားတဲ့ ပွဲစဉ် တစ်ခုပါ၊ ဒီအပတ်မှာ ထိတ်လန့်သွားရမယ့် ရလဒ်မျိုး ထွက်ပေါ်မယ်လို့ ထင်ပါတယ်၊ နယူးကာဆယ် ကစားသမားတွေက မန်ချက်စတာ ယူနိုက်တက် ကို နာကျင်စေပါလိမ့်မယ်။
သူတို့ဟာ မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ယူမှာ ဖြစ်ပြီး အဲ့ဒီ အတွက် အကောင်းဆုံး ပေးမှုတွေ လိုပါတယ်၊ ကုန်ခဲ့တဲ့ သီတင်းပတ်တွေ အတိုင်း ကစားနိုင်ခဲ့ရင် ဒီပွဲကို အတ်ဒီဟောင် တို့ အနိုင်ရပါလိမ့်မယ်။ လို့ ပေါလ်မာဆန် က သုံးသပ် ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် ၁-၂ နယူးကာဆယ်
credit