ယူရိုပါလိဂ် နိုင်ပွဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကြီးမားတဲ့ လိုအပ်ချက်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ဒေးဗစ် ဒီဂီယာ
|မန်ချက်စတာ ယူနိုက်တက် နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာ က ဒီရာသီ ပွဲစဥ်တွေ အနိုင် ကစားနိုင်ဖို့ အတွက် အဆုံးသတ် စွမ်းရည်ပိုင်းမှာ ဆက်လက် တိုးတက်ဖို့ လိုအပ်သေးကြောင်း ထုတ်ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ယူရိုပါလိဂ် အုပ်စု အဆင့်
ပွဲစဥ်လေး အဖြစ် အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ဆိုက်ပရက် အခြေစိုက် အိုမိုနီးယား အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 1-0 နဲ့ အနိုင်ယူသွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲစဥ်ကို အပြတ်အသတ် အသာစီိး ရယူ ကစားနိုင်ခဲ့ကြပါတယ်၊ ဒါအပြင် အခွင့်အရေးတွေလည်း
ဖန်တီးထားနိုင်ခဲ့သလို ဂိုးပေါက် 34 ကြိမ်ထိလည်း ကန်သွင်းခွင့် ပိုင်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ဂိုးသမားရဲ့ လက်စွမ်းကောင်း ပြသမှု၊ ဂိုးကံခေမှု၊ အဆုံးသတ် မသေချာမှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ ဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ရပါတယ်၊ ပွဲချိန် 93 မိနစ်မှာတော့
တွမ်မီနေးက ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်သာ မန်ချက်စတာ ယူနိုက်တက် တို့ နိုင်ပွဲ ရခဲ့ကြတာ ဖြစ်ပါတယ်။ ယခုတော့ ဒေးဗစ် ဒီဂီယာ က အသင်း အနေနဲ့ ယခုထက် ပိုပြီး အဆုံးသတ်် ကောင်းမွန်ခဲ့သင့်ကြောင်း၊ ဒီပွဲမှာ 3-0၊ 4-0 ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရရှိခဲ့သင့်ကြောင်း ပြောကြား သွားခဲ့ပါတယ်။
ကျွန်တော်တို့ ယခုထက် ပိုပြီး အဆုံးသတ်ပိုင်း ပိုမို ကောင်းမွန် ခဲ့သင့်တယ်လို့ ထင်မိပါတယ်၊ အဆုံးသတ်် မှာတော့ ကျွန်တော်တို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အရှုံး မပေးခဲ့ကြပါဘူး၊ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ ဒါဟာ တွမ်မီနေးဆီက တကယ့်ကို
ကောင်းမွန်တဲ့ သွင်းဂိုး တစ်ဂိုး ဖြစ်ပါတယ်၊ ကျွန်တော်တို့ကို သုံးမှတ် ရရှိစေခဲ့တယ်လေ၊ ကျွန််တော်တို့ အုပ်စုဗိုလ် ဖြစ်လိုသူတွေ ဖြစ်တာကြောင့် ဒီဂီုးက တကယ့်ကို အရေးကြီးပါတယ်။ ပြိုင်ဖက် ဂိုးသမား ကတော့ အံ့ဖွယ်ပါပဲ၊ သူ 8 ကြိမ် 10 ကြိမ်လောက်ထိ ကောင်းကောင်း ကာကွယ်ပြ နိုင်ခဲ့ပါတယ်။
သူဟာ အသင်းဖော်တွေကို ပွဲစဥ်ထဲမှာ ဆက်လက် ရှိစေနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ကြပါတယ်၊ ဘယ်လိုပဲ ဖြစ်ပါစေ ဖရန်စစ် ကတော့ တကယ့်ကို ခမ််းနားတဲ့ ပွဲစဥ် တစ်ပွဲကို ပိုင်ဆိုင်ခဲ့ရတာပါ။ သူဟာ စပိန်လာလီဂါမှာ ကစားခဲ့ဖူးသူပါ၊ ဒါ့ကြောင့် ဒီလိုပွဲ ဖြစ်စေနိုင်ခဲ့တဲ့ သူ့ကို ဂုဏ်ပြုပါတယ်။ လို့ ဒီဂီယာ က ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
credit