အကြောင်းအရင်း တခုကြောင့် လာမည့် ဇန်နဝါရီမှာ ဘာစီလိုနာကို ကျောခိုင်းပြီး မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့တော့မည့် ဒီဂျောင်
|လက်ရှိ ဘောလုံးရာသီမှာ အရေးပါတဲ့ ပွဲကြီးပွဲကောင်းများ၌ ၎င်းကို အသုံးမပြုပဲ ချန်လှပ်ထားခြင်းကြောင့် ဖရန်ကီ ဒီဂျောင် က ဘာဆာ နည်းပြချုပ် ဇာဗီကို အစာမကျေ ဖြစ်နေကြောင်း သတင်းများက ဖော်ပြလာခဲ့ပြီး ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ၎င်းတို့ လိုချင်နေသော
ဒတ်ချ် ကွင်းလယ်လူကို ဇန်နဝါရီမှာ ခေါ်ရေး အကောင်အထည် ပေါ်လာနိုင်ကြောင်း သတင်းများက ဆက်လက် ဖော်ပြသွားခဲ့သည်၊ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ရန် ဒီဂျောင်က အပြတ်ငြင်းခဲ့သော်လည်း မန်ချက်စတာ ယူနိုက်တက် က ၎င်းကို ခေါ်ယူရေး
လက်မလျှော့ပဲ ထပ်မံ ကြိုးစားရန် ရှိနေပြီး အဲရစ် တန်ဟက်ဂ် ဟာ အိုင်းယက်စ်တွင် ဆုံခဲ့သော တပည့်ဟောင်းကို ခေါ်ချင်ခဲ့သော်လည်း ဖရန်ကီ ဒီဂျောင် က ဘာစီလိုနာမှာသာ ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာတော့ ဒီဂျောင် ဟာ ဘာဆာ အတွက် ၁၀ ပွဲသာ ပါဝင်ကစားခွင့်
ရထားပြီး များသော အားဖြင့် လူစားလဲ ကစားသမား အဖြစ်သာ ပါဝင်ခွင့် ရရှိခြင်း ဖြစ်ကာ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန် တို့နဲ့ ကစားခဲ့သော အရေးပါတဲ့ ချန်ပီယံလိဂ် ပွဲစဉ်များ၊ ဗယ်လီကာနို၊ ဆီဗီလာ၊ ဆယ်လ်တာဗီဂို တို့နဲ့ ကစားသည့် ပွဲများတွင်လည်း လူစားလဲပြီးသာ ပါဝင်ခွင့် ရခဲ့ပါတယ်။
စပိန်မီဒီယာ တစ်ခုဖြစ်တဲ့ စပို့တ်က ဖရန်ကီ ဒီဂျောင် ဟာ ၎င်းကို ဇာဗီက အသုံးပြုပုံနဲ့ ပတ်သက်ပြီး အကြီးအကျယ် စိတ်ပျက်နေကြောင်း ဖော်ပြသွားခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ဒီဂျောင်က သူ့အနေနဲ့ ဇာဗီရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်မည်လို့ ယူဆခဲ့သော်လည်း လက်တွေ့မှာ
အရန်သာ ဖြစ်နေသဖြင့် စိတ်ပျက်နေခြင်း ဖြစ်ကြောင်း အဆိုပါ မီဒီယာက ဆက်လက် ဖော်ပြသွားခဲ့ပါတယ်၊ ဘာစီလိုနာ နည်းပြချုပ် ဇာဗီဟာ ကွင်းလယ်မှာ ဘက်စကွတ်၊ ပက်ဒရီနဲ့ ဂါဗီ တို့ကို ဦးစားပေး အသုံးပြုနေပြီး လာမည့် တနင်္ဂနွေနေ့မှာ ကစားမည့် ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်ဆီကို
ပွဲစဉ်မှာလည်း အဆိုပါ ကွင်းလယ်လူ သုံးဦးကိုသာ အသုံးပြုသွားဖွယ် ရှိနေပါတယ်။ ထို့ပြင် ဒီဂျောင်သည် ဘက်စကွတ် နေရာကို ရေရှည် အစားထိုးမည့် ကစားသမားလို့လည်း ဇာဗီ က ယူဆထားခြင်း မရှိကြောင်း သိရပြီစ ထိုအခြေအနေကြောင့် ဒီဂျောင်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာနိုင်သည်ဟု သတင်းများက ဖော်ပြသွားခြင်း ဖြစ်ပါတယ်။
credit