သူ့ရဲ့ အသင်းသား တစ်ဦးဟာ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်လာမယ်လို့ အဲရစ် တန်ဟက်ဂ် ထုတ်ပြော

0
445

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုရာသီမှာ တိုက်စစ်ပိုင်း လူအင်အား တောင့်တင်းသော်လည်း သွင်းဂိုးတွေ ကျဆင်းလျက် ရှိတာကြောင့် မေးခွန်းထုတ်ခြင်း ခံနေရပါတယ်၊ သို့သော် မန်ချက်စတာ ယူနိုက်တက် ဟာ ဖန်တီးမှု အပိုင်းမှာ ထိပ်တန်း အဆင့်ရှိနေပြီး တိုက်စစ်က အဆုံးသတ် စွမ်းရည်




ညံဖျင်းနေတာ ကြောင့်သာ သိသာတဲ့ ထိရောက်မှုမျိုး မရရှိသေးတာ ဖြစ်ကြောင်း အဲရစ် တန်ဟက်ဂ် က တုံပြန်လိုက်ပါတယ်၊ တဆက်ထဲမှာပဲ မားကပ်စ် ရက်ရှ်ဖိုဒ့် ဟာ ယခု ရာသီမှာ ဂိုး ၂၀ အထက် ရရှိနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ဆိုခဲ့ပြီး ပြီးခဲ့တဲ့ Omonia ပွဲက အမှားတွေကို သင်ခန်းစာယူပြီး




အကောင်းဆုံး ပြန်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်၊ အဲရစ် တန်ဟက်ဂ် က- ကျွန်တော့် အသင်းသားတွေထဲမှာ ဒီရာသီ သွင်းဂိုး ၂၀ နဲ့ အထက် ရရှိနိုင်မယ့် ကစားသမား ရှိတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်၊ သူတို့အတွက် လွပ်လပ်စွာ ကစားနိုင်တယ် ဆိုရင် သွင်းဂိုးများစွာ သွင်းယူပေးရမယ့်




တာဝန်ယူမှုကို အလွယ်တကူ ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ ကျွန်တော့်အသင်း လူစာရင်းမှာ ဒီဂိုး အရေတွက်ကို ဖြည့်တင်းနိုင်မယ့် သူတွေရှိတယ် ဆိုတာ ယုံပါတယ်၊ ဒါပေမယ့် ကျွန်တော့် အနေနဲ့ သူတို့ကို အုပ်စုတွေ ခွဲခြားထားရပါတယ်၊ ဘာလို့လည်း ဆိုတော့ အသင်းရဲ့ နေရာစုံမှာ ရှိနေတဲ့ ကစားသမားတွေက




သွင်းဂိုးတွေ ရယူနိုင်သူတွေပဲ စုပြုံနေလို့ပါ၊ တစ်ခါတစ်ရံ တိုက်စစ်ထက် ကွင်းလယ် နဲ့ ခံစစ် အဖွဲ့ဆီကလည်း ဂိုးတွေ ရလာဖို့ မျှော်လင့်ထားပါတယ်လို့ ဆိုပါတယ်။ မားကပ်စ် ရက်ရှ်ဖိုဒ့် နဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ သူ့ရဲ့ ကစားဟန် က အဆင်ပြေပါတယ်၊ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့




သူ့အနေနဲ့ အဆုံးသတ် စွမ်းဆောင်ရည်ပိုင်းမှာ လိုအပ်ချက် ရှိနေသေးတယ် ဆိုတာကို ဂရုပြုဖို့ လိုတာကို သိထားမိလာပါပြီ၊ မင်းအနေနဲ့ သိပ်ကောင်းတဲ့ ရွေ့လျားမှု၊ ပေါင်းစပ် တိုက်စစ်ဆင်မှု၊ အတိုးအလှုပ် နဲ့ အပိုင်အခွင့်အရေး ရရှိလာပြီ ဆိုရင် ဒါကို အဆုံးသတ်ပြနိုင်ဖို့ လိုပါတယ်၊ တစ်ခါတစ်ရံတော့




ဒီနေ့က ငါ့နေ့ မဟုတ်ဘူး ဆိုတာမျိုး ကစားသမားတိုင်း ကြုံရလေ့ ရှိလို့ ကျွန်တော် နားလည်ပေးလို့ရပါတယ်၊ ဒါပေမယ့် နောက်ပွဲမှာတော့ ဒီအခြေအနေကို ကျိမ်းသေ တွန်းလှန်ပြစ်ဖို့ လိုပါတယ်၊ သူ့အနေနဲ့ အကောင်းဆုံး ပုံစံကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဒီပုံစံကောင်းကို ဆက်ထိန်းပြီး သွင်းဂိုးတွေ

ရှာဖွေပြီး သူ့ရဲ့ ကစားပုံ အဆင့်အတန်းကို နောက်တစ်ဆင့် မြှင့်တင်ဖို့ လိုပါပြီ၊ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ သူ့အတွက် ဂိုးရခဲ့ပေမယ့် ခွင့်မပြု ခံခဲ့ရတာက ကံဆိုးမှု ဖြစ်ပြီး ဒီပွဲ Omonia မှာတော့ သူ့အနေနဲ့ လိုအပ်ချက်တစ်ချို့ ရှိခဲ့ပါတယ်၊ ဒီတော့ နောက်ပွဲမှာတော့ သူ့အတွက် သေချာပေါက် သွင်းဂိုး ရရှိဖို့ လိုအပ်နေပါပြီလို့ သတိပေးသွားခဲ့ပါတယ်။

credit