နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ခရစ္စဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်

0
105

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ခြေတက်နေတဲ့ နယူးကာဆယ် အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်၊ ပွဲချိန်ကတော့ လာမယ့် အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ၇ နာရီခွဲမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှာ ပင်တိုင်




သုံးသပ်နေတဲ့ ဘလက်ဘန်း ကစားသမားဟောင်း၊ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးသူ ခရစ္စဆက်တန် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နယူးကာဆယ် ပွဲစဉ် အတွက် ယခုလို သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။ ကျနော်တော့ မန်ချက်စတာ ယူနိုက်တက် က ဒီပွဲကို နိုင်မယ်လို့ လုံးဝ မထင်ပါဘူး။




မေးခွန်း ထုတ်စရာ တစ်ခုက နယူးကာဆယ် အသင်းဟာ ၃ မှတ်ယူပြီး အိမ်ပြန်မလား? တစ်မှတ်ပဲ ယူသွားမလား? ဆိုတာပါပဲ၊ ဒါပေမယ့် ကျနော်ကတော့ နယူးကာဆယ် ဘက်မှာပဲ နေချင်ပါတယ်၊ သူတို့က ပြိုင်ဘက်တွေကို လွှမ်းမိုးလာပြီး ဂိုးတွေလည်း ရနေတယ်၊ ပြီးခဲ့တဲ့ နှစ်ပွဲမှာ သူတို့ သွင်းဂိုး ကိုးဂိုးထိ




ရှိထားပါတယ်၊ နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ ပွဲချဉ်းကပ်ဟန်ကို ပြောင်းလဲ မှာ မဟုတ်ပါဘူး၊ ဒီလို ဖွင့်ကစားတာကလည်း မန်ချက်စတာ ယူနိုက်တက် ကို အကူအညီ ဖြစ်သွားနိုင်တယ်၊ မန်ချက်စတာ ယူနိုက်တက် အတွက် ပြသနာက သူတို့ ရလဒ် ထွက်လာတိုင်း




အရမ်းကောင်းရင် ကောင်း၊ မကောင်းရင် ကပ်ဆိုက်သလို ဆိုးဝါးသွားတာပါပဲ၊ သူတို့မှာ ကြားအနေအထားကို မရှိဘူး၊ ဒီအပတ် ကတော့ မျှတတဲ့ ကြားရလဒ် ထွက်လာနိုင်ပါတယ်။ လို့ ခရစ္စဆက်တန်က သုံးသပ် ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

ခန့်မှန်းချက်- နယူးကာဆယ် 1-1 မန်ချက်စတာ ယူနိုက်တက်

credit