နယူးကာဆယ်နဲ့ ပွဲစဉ်မှာ အဓိက ထုတ်သုံးသွားမယ့် ကြယ်တစ်ပွင့်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ တန်ဟက်ဂ်

0
180

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် က မနက်ဖြန် ယှဉ်ပြိုင် ကစားရမယ့် နယူးကာဆယ် နဲ့ ပွဲစဉ်လမတိုင်မီ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို အဓိက တိုက်စစ်မှူး အန်တိုနီ မာရှယ် နယူးကာဆယ် နဲ့ ပွဲစဥ်မှာ ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေကြောင်း ပြောကြားသွားခဲ့ပါတယ်။




၂၆ နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်တိုနီ မာရှယ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကနေ ဆီဗီလာထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရသူ ဖြစ်ပေမယ့် နည်းပြသစ် အဲရစ် တန်ဟက်ဂ် ရောက်လာပြီးနောက် အသင်းအတွက် ပါဝင် ကစားခွင့်ရတဲ့ ပွဲစဥ်တိုင်းမှာ




ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်သူ ဖြစ်ပါတယ်။ ၎င်းဟာ ရာသီမစခင်လေးမှာတင် ဒဏ်ရာရသွားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဒီရာသီမှာ များများစားစား ကစား မပေးနိုင်သေးပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံမှာ လေးပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး သုံးဂိုး




သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်လည်း ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် မာရှယ် ဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ အဲဗာတန် နဲ့




ပွဲစဥ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ မာရှယ် အနေနဲ့ ဒဏ်ရာက ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် နယူးကာဆယ် နဲ့ပွဲမှာ ပါဝင်လာနိုင်ဖွယ် ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။ အဲရစ် တန်ဟက်ဂ် က- အန်တိုနီ မာရှယ် က ဒီပွဲမှာ နယူးကာဆယ် နဲ့ ပွဲစဥ်မှာ ပြန်လည် ပါဝင်လာနိုင်ပါတယ်၊ ဒါပေမယ့်




ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာ အခြေအနေဟာ ဘယ်လောက်ထိ တိုးတက်လာသလဲ ဆိုတာကို သေချာ စောင့်ကြည့်ဖို့ လိုအပ်နေပါသေးတယ်လို့ မာရှယ်ရဲ့ အနေအထားနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို သတင်းကောင်း ပါးလိုက်တာပဲ ဖြစ်ပါတယ်။

credit