ဟာလန်းကို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ် ပြလာတဲ့ ဘာနာဒို ဆေးလ်ဗား

မန်ချက်စတာ စီးတီး ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာ ဒိုဆေးလ်ဗား က အသင်းဖော် တိုက်စစ်မှူး ဟာလန်းကို မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို နဲ့ နှိုင်းယှဥ် ချီးကျူးသွား ခဲ့ပါတယ်၊ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီး အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ သွင်းယူ ပေးထားပြီး




အနာဂတ်မှာ ရော်နယ်ဒို၊ မက်ဆီတို့လို အဆင့်မျိုး ရောက်လာလိမ့်မယ်လို့ သတ်မှတ်ခံ ထားရပါတယ်၊ ပြီးခဲ့တဲ့ နွေရာသီက ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟာလန်း အနေနဲ့ လက်ရှိ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် အားလုံးမှာ ဂိုးမသွင်းခဲ့နိုင်တာ တစ်ပွဲတည်း




ရှိခဲ့ပါတယ်၊ ဒါ့အပြင် ဟာလန်း တယောက် ဒီလိုမျိုး ခြေစွမ်းနေတာက အသင်းဖော်တွေရဲ့ ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေကြောင့်လည်း ဖြစ်ပါတယ်၊ ရော်နယ်ဒို ကလည်း ဒီရာသီမှာ ရုန်းကန်နေရပေမယ့် ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြီး သူ့အတွက်




ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်မြောက်ခဲ့ပါတယ်၊ဒီလို အချိန်မှာပဲ ဘာနာဒို ဆေးလ်ဗား က- ကျနော် သူငယ်ချင်း အချို့နဲ့ စကားပြောဖြစ် ခဲ့တုန်းက ဂိုးဧရိယာထဲ ဘောလုံး ရောက်လာရင် ရော်နယ်ဒို လောက်နီးနီး ကစားပြနိုင်တာ ဟာလန်း တစ်ယောက်တည်း ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။




ဟာလန်းက ဘယ်နေရာကို ဘောလုံးကျလာမယ် ဆိုတာ အနံ့ ကြိုရနေပြီး အရမ်း လျင်မြန်သလို သန်လည်း သန်မာပါတယ်၊ ဒါက နောက်ခံလူတွေ အတွက် မလွယ်ကူပါဘူး၊ ဟာလန်းက ရော်နယ်ဒိုနဲ့ တူညီတဲ့ အဆင့်အတန်း တခုကို ရောက်လာမလား ကျနော်အခု သူနဲ့တွဲကစားနေပြီး ဒီလိုမျိုး ဖြစ်နိုင်ဖို့




မျှော်လင့်ပါတယ် ဒါပေမယ့် ရော်နယ်ဒို ရဲ့ စံချိန်စံညွှန်းက မြင့်မားလွန်းပါတယ်၊ ရော်နယ်ဒိုက ချန်ပီယံလိဂ် ဖလား ၅ ကြိမ်၊ ဘလွန်းဒီအော် ၅ ကြိမ် ရထားတာပါ၊ အနာဂတ်မှာ ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာ ခင်ဗျားတို့ ဘယ်တော့မှ ကြိုမသိပါဘူး၊ ဟာလန်းက အရမ်း ငယ်ရွယ်သေးပြီး




လုပ်ပြစရာတွေ အများကြီး ရှိပါသေးတယ်၊ ဒါပေမယ့် အခု စိတ်ပိုင်းဆိုင်ရာ အရတော့ သူက ရော်နယ်ဒိုလို အဆင့်အတန်းမျိုးကို ရောက်လာနိုင်ပါတယ်၊ ရောက်မလာဘူးလို့ ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူးလေ၊ ဟာလန်း အခု လုပ်ပြနေတာတွေကို ကြည့်လိုက်ပါ လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit