အဲရစ် တန်ဟက်ဂ် ရဲ့ အရည်အချင်း သုံးမျိုးကို ထုတ်ဖော် ပြောကြားလိုက် ကက်စမဲရိုး
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကင်စမဲရိုး က နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ အရည််အသွေး သုံးမျိုးကို ထုတ်ဖော် ပြောကြားလိုက်ပြီး သူ့ဘက််က ဘာလို့ နည်းပြ ဖြစ်သူ အပေါ် အလေးထားသလဲ ဆိုတာကိုပါ ပြောဆိုလိုက်ပါတယ်။ ကက်စမဲရိုး ဟာ ပြီးခဲ့တဲ့ နွေမှာ မန်ချက်စတာ ယူနိုက်တက် ဆီ
ရောက်လာခဲ့တာ ဖြစ်ပြီး တွမ်မီနေး ခြေစွမ်းပြနေတဲ့ အချိန် လူစားဝင် ကစားသမား အဖြစ်နဲ့သာ ရှိနေခဲ့ရပါတယ်၊ ဒါပေမယ့် အဲဗာတန် နဲ့ ပွဲမှာ သူဟာ ပွဲထွက်ခွင့် စတင် ရရှိခဲ့ပါတယ်၊ အဆိုပါ ပွဲစဥ်မှာတော့ သူဟာ ရော်နယ်ဒို အတွက် ဂိုးဖန်တီိး ပေးနိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းကိုလည်း
ပြသနိုင်ခဲဲ့တဲ့ အတွက် ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ်၊ အဲ့ဒီနောက် အိုမိုနီယား နဲ့ ကစားခဲ့ရတဲ့ ယူရိုပါလိဂ် ပွဲမှာလည်း သူဟာ ပွဲထွက်ခွင့် ရခဲ့ပြန်ပါတယ်၊ အခုလည်း အဝါကဒ် ငါးကြိမ် ပြည့်ထားခဲ့ပြီ ဖြစ်တဲ့ တွမ်မီနေး ဟာ နယူးကာဆယ် နဲ့ ပွဲစဥ်မှာ ပါဝင်နိုင်မှာ မဟုတ််တဲ့ အတွက်
ကက်စမဲရိုး ဟာ အသင်းအတွက် ဆက်လက်် ပွဲထွက်ခွင့် ရသွားဖို့ ရှိနေပါတယ်၊ ဒီပွဲမှာ ဆက်လက် ခြေစွမ်းပြရင်တော့ သူဟာ တွမ်မီနေးကို ကျော်ပြီး ဦးစားပေး ပွဲထွက်ခွင့် ရသွားဖွယ် ရှိပါလိမ့်မယ်၊ အခုတော့ နယူးကာဆယ် အသင်းနဲ့ ကစားရမယ့် ပွဲစဥ် မတိုင်မီမှာ ကက်စမဲရိုးက နည်းပြသစ်
အဲရစ် တန်ဟက်ဂ် ကို ချီိးမွမ်းရင်း သူ့ရဲ့အရည်အသွေးတွေကို ထုတ်ဖော်ပြောကြား သွားခဲ့လိုက်ပါတယ်၊ ဒါ့အပြင် အဲရစ် တန်ဟက်ဂ် ကို ခမ်းနားတဲ့ နည်းပြလို့ ခေါင်းစဥ်တပ်လိုက်ပါတယ်၊သူ့ရဲ့ အနိုင်ယူလိုစိတ်၊ ရည်မှန်းချက်၊ အလုပ် ကြိုးစားမှုတွေကို ကျွန်တော် သိပါတယ်၊ သူတင် မဟုတ်ပါဘူး။
နည်းပြ အဖွဲ့ဝင် အားလုံးပဲပေါ့၊ သူတို့တွေ အမြဲတမ်း အနိုင််ယူလိုကြပါတယ်၊ ကျေနပ် ရောင့်ရဲနေတတ်ကြသူတွေ မဟုတ်ကြပါဘူး၊ သူတို့ဟာ အမြဲတမ်း အသစ်အသစ်တွေ လုပ်ဆောင်ဖို့ ခြားနားချက်တွေ လုပ်ဆောင်နိုင်ဖို့ စိတ်အား ထက်သန်နေသူတွေပါပဲ၊ မန်ချက်စတာ ယူနိုက်တက်မှာ ခမ်းနားတဲ့
မန်နေဂျာ ရှိနေတာ ကျွန်တော် သိပါတယ်၊ သူဟာ ဒါကို အေဂျက်ဇ် မှာကတည်းက သက်သေပြခဲ့ ပြီးပါပြီ၊ အခု ဒီမှာလည်း သူဟာ ခမ်းနားတဲ့အရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်၊ ဒီမှာက ဖိအားပေး ကစားလိုသူတွေ ခြားနားတဲ့ ကစားသမားကောင်းတွေ အများကြီး ရှိနေကြပါတယ်၊ အဲ့တာဟာ သူ့ရဲ့ ကစားကွက်မှာ
အံဝင်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်၊ မန်နေဂျာတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ကစားဟန်၊ နည်းလမ်းတွေ ရှိနှင့်ပြီးသားပါ၊ ကျွန်တော် အန်ဆယ်လော့တီ၊ ဇီဒန်း တို့နဲ့ အလုပ်လုပ်ဖူးပါတယ်၊ သူတို့ဟာ အနိုင်ယူလိုတဲ့ နည်းပြတွေပါ၊ အဲ့တာက ဘောလုံးမှာ အရေးအကြီိးဆုံး အချက်ပါပဲ၊ သူတို့ဟာ
အလုပ် ကြိုးစားကြတယ်၊ စွန့်လွှတ် အနစ််နာ ခံတတ်ကြတယ်၊ အသင်းအပေါ် အပြည့်အဝ အာရုံစူးနှစ် ထားတတ်ကြပါတယ်၊ အနိုင်ရလဒ် ဆိုတာက အဲ့တာတွေရဲ့ အကျိုးဆက်ပါ၊ ဒါကို မှန်မှန်ကန်ကန် လုပ်ပြနိုင်ဖို့ အရေးကြီးပါတယ်။ လို့ မန်ချက်စတာ ယူနိုက်တက် ကွင်စလယ်လူ ကက်စမဲရိုးက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။
credit