ရော်နယ်ဒိုကို ခေါ်ယူဖို့ တတ်နိုင်ရက်နဲ့ ဘာကြောင့် မခေါ်ယူရသလဲ ဆိုတာ ယနေ့ည ယှဉ်ပြိုင်မည့် ပွဲစဉ်မတိုင်မီ ရှင်းပြလာတဲ့ နယူးကာဆယ် နည်းပြ

0
90

ယနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားသွားကြမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် အသင်းနည်းပြ အက်ဒီဟိုဝီ က ပြိုင်ဘက် တိုက်စစ်မှူး ရော်နယ်ဒို ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘ၀ ဒုတိယမြောက် အကြိမ် အောင်မြင်မှု ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။




ဒါပေမယ့် ရော်နယ်ဒိုကို ခေါ်ယူဖို့ တတ်နိုင်တဲ့အသင်း အနည်းငယ်ထဲက သူ့ရဲ့ နယူးကာဆယ်က ပေါ်တူဂီ တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သူက ထပ်ပြောခဲ့ပါတယ်၊ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့
ဒုတိယမြောက် မန်ချက်စတာ ယူနိုက်တက် ကစားသမားဘ၀




ပွဲဦးထွက်မှာ နယူးကာဆယ် ကို နှစ်ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်၊ ဒါ့အပြင် သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံး ဟက်ထရစ် ကိုလည်း ၂၀၀၈ ခုနှစ်တုန်းက နယူးကာဆယ် နဲ့ ပွဲမှာ သွင်းယူခဲ့တာပါ၊ ဒါပေမယ့် ဒီရာသီမှာတော့ သူက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး လိဂ်ဂိုး တစ်ဂိုးတည်းသာ ရရှိထားပါတယ်။




နယူကာဆယ် နည်းပြ အက်ဒီဟိုဝီက ရော်နယ်ဒိုက ထူးချွန်တဲ့ ကစားသမားပါ၊ သူ့ရဲ့ အသက် ၃၆ နှစ်အရွယ်က သွင်းဂိုး မှတ်တမ်းကို ကြည့်ရင် ၄၄ ဂိုးတောင် ရခဲ့တာပါ၊ အံ့မခန်း စွမ်းဆောင်ရည် ဖြစ်ပါတယ်၊ ကျနော့် အတွက်တော့ သူ့ရဲ့ အပြောင်းအရွှေ့က အလုပ်ဖြစ်ခဲ့ပါတယ်၊ အောင်မြင်မှုတခုလည်း ဖြစ်ခဲ့တယ်လို့ ယူဆတယ်။




မနှစ်က သူက အရေးပါတဲ့ ဂိုးတွေ သွင်းပေးခဲ့တာပါ၊ ချန်ပီယံလိဂ်မှာ အရေးကြီးတဲ့ ဂိုးတွေရခဲ့တယ်၊ သူသာ ဒီနေ့ပွဲကို ဝင်ကစားမယ် ဆိုရင် အရမ်းကောင်းမှာပါ၊ သူ ဝင်ကစားမယ် ဆိုရင် သူဂိုးသွင်းယူနိုင်တဲ့ နေရာတွေ အကြောင်း ကျနော့် ကစားသမားတွေကို မှာကြားရမှာ ဖြစ်ပြီး အရမ်း သတိထားရပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။




ဒါပေမယ့် ရော်နယ်ဒိုကို ခေါ်ယူမှာလားဆိုတဲ့ မေးခွန်းကိုတော့ ကျနော်တို့က ရေရှည်တိုးတက်မှု ရှိမယ့်ဟာကိုပဲ ကြိုးစားမှာပါ၊ ရေရှည် အမြင်မျိုးပဲ ရှိပါတယ်၊ လက်ရှိမှာ ကျနော်တို့ အသင်းက အသက်အရွယ် ကြီးရင့်တဲ့ အသင်းတသင်း ဖြစ်နေပါပြီ၊ ဒီတော့ လူငယ် ကစားသမားတွေ အတွက် ပိုပြီး ရင်းနှီးမြုပ်နှံရပါမယ်၊ ဒါက ကျနော်တို့ တိုးတက်မှု အတွက် ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါတယ်၊ ပျမ်းမျှ အသက်ကို လျှော့ချနိုင်ဖို့ လိုပါတယ်လို့ သူက ထပ်မံ ပြောခဲ့ပါတယ်။

credit