နယူးကာဆယ် 0-0 မန်ချက်စတာ ယူနိုက်တက် ပွဲပြီး သုံးသပ်ချက်

0
33

အဲရစ်ဆင် မပါဝင်နိုင်ခဲ့တာက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံကို များစွာ သက်ရောက်မှု ရှိစေတယ်လို့ ပြောရရင် မလွန်ပါဘူး၊ ဖရက်ဒ်ကတော့ ထုံးစံအတိုင်း အလွဲလွဲ အမှားမှားတွေ ဖြစ်နေပြီး တိုက်စစ်မှာ ရော်နယ်ဒို ကို ပွဲထုတ်လာတာ ကလည်း အချို့ နေရာတွေမှာ အသင်းရဲ့




ကစားပုံကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်၊ တွဲလုံးနဲ့ ရှေ့ကို ချိတ်တက်နေချိန်မှာ ရော်နယ်ဒို ကြောင့် နှစ်ခါလောက် ကစားကွက် ဆိုင်းသွားခဲ့တာ ကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရမှာပါ၊ ဒီပွဲမှာ ရော်နယ်ဒို က ဆန်ချို၊ အန်တိုနီ တို့နဲ့ တွဲဖက်ပြီး ပွဲထွက်ခဲ့တာပါ၊ နောက်တန်းမှာတော့ လုခ်ရှော




ပါဝင်လာပြီး ကျန်တဲ့ နေရာတွေမှာတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး၊ နယူးကာဆယ် ကလည်း ထရစ်ပီယာ၊ ဂွီမာရက်စ်၊ ဂျိုလင်တန်၊ အယ်လ်မီရွန်၊ ကော်လမ်ဝီလ်ဆင် တို့နဲ့ အမာခံ ပွဲထွက်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကစားပုံက အရင်ပွဲတွေနဲ့ မတူဘဲ တော်တော် ပျက်နေခဲ့ပြီး ဘရူနိုဖာ နန်ဒက်စ်




ဖရက်ဒ်၊ ကက်စ်မဲရိုး တို့ရဲ့ ကွင်းလယ်က ဧည့်သည်ကို အသာစီး မယူနိုင်ခဲ့ပါဘူး၊ ဒီဂီယာ လက်စွမ်းပြခဲ့ရတဲ့ အခိုက်အတန့် ရှိခဲ့သလို ဂျိုလင်တန်ရဲ့ နှစ်ကြိမ် ဆက်တိုက် ခေါင်းတိုက်ချက် တိုင်ထိ ထွက်ခဲ့တာကလည်း မန်ချက်စတာ ယူနိုက်တက် ကို သက်သာရာ ရစေခဲ့ပါတယ်၊ ပထမပိုင်းမှာ နှစ်သင်းလုံး




ဂိုးမသွင်းနိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားပုံကလည်း တော်တော်လေး ပျင်းဖို့ကောင်းပါတယ်၊ ဒုတိယပိုင်းမှာတော့ ပွဲက တော်တော်လေး မြိုင်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ အခွင့်အရေးတွေ ဆက်တိုက် ဖန်တီးခဲ့ပါတယ်၊ ဒါပေမယ့် ရော်နယ်ဒိုရဲ့ သွင်းဂိုး တစ်ဂိုး လူကျွံနေခဲ့သလို




ဒီ လူကျွံဘောမှာ နယူးကာဆယ် နောက်တန်းနဲ့ ဂိုးသမား နစ်ပုပ်တို့ အကြား နားလည်မှု လွဲခဲ့တာကို အပိုင် အခွင့်အရေး ဝင်ယူခဲ့တဲ့ ရော်နယ်ဒိုလည်း နောက်တစ်ဂိုး ထပ်သွင်းနိုင် ခဲ့ပေမယ့် ဒိုင်က ဂိုးမပေးဘဲ အဝါကတ် ပြသခဲ့ပါတယ်၊ အဲ့ဒီနောက်ပိုင်း မန်ချက်စတာ ယူနိုက်တက် တိုက်စစ်လည်း




အရှိန် ကျသွားပြီး နယူးကာဆယ် ကတောင် ပြန်လည် ဖိအားပေးနိုင်ခဲ့ ပါတယ်၊ ဒါပေမယ့် နယူးကာဆယ် ကလည်း အပိုင် အခွင့်အရေးရယ်လို့ မဖန်တီးနိုင်ခဲ့ဘဲ အမြင့်ဘောတွေနဲ့ပဲ ဒုက္ခပေးဖို့ ကြိုးစားနေခဲ့တာပါ၊ ရော်နယ်ဒို နေရာ ရပ်ရှ်ဖို့ဒ်လည်း ဝင်ကစားခဲ့ပြီး ပွဲပြီးခါနီးမှာ ဖရက်ဒ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ အပိုင်အခွင့် အရေးတွေကို လွဲချော်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ ဒီရာသီ ပထမဆုံး သရေပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

credit