အိုးလ်ထရက်ဖို့ဒ်က သရေပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ စွမ်းဆောင်ရည်နဲ့ ပွဲပြီး သုံးသပ်ချက်
|ပြီးခဲ့တဲ့ ၁၀ ရက်တာ အချိန်ကာလ အတွင်း ၃ ပွဲဆက် နိုင်ပွဲ ရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီနေ့ ညမှာတော့ အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ နယူးကာဆယ် အသင်းကို ဧည့်ခံကစားခဲ့ရပြီး ၀-၀ ရလဒ်သာ ရယူသွားနိုင်ခဲ့ပါတယ်၊ ဒီပွဲစဥ်ရဲ့ အစောပိုင်း မိနစ်မှာ နယူးကာဆယ် က ကန်ချက်နှစ်ချက် ဂိုးတိုင် ထိမှန်ခဲ့တာက
မန်ချကိစတာ ယူနိုက်တက် ပတွက် ကံကောင်းစေခဲ့ပါတယ်၊ ဒါပေမယ့် ရော်နယ်ဒို သွင်းယူခဲဲ့တဲ့ ဂိုးက လူကျွံဘော ဖြစ်ခဲ့ပြီး ဒါ့အပြင် နယူးကာဆယ် ဘက်မှ လူထိတိုင်း ပြစ််ဒဏ်ဘော ရရှိခြင်း၊ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ပြစ်ဒဏ်် ကျူးလွန်ခံခဲ့ရတာ အချို့ကို ကွင်းလယ်ဒိုင်မှ လျစ််လျူရှုခဲ့ခြင်းတွေက ပရိသတ်တွေကို စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။
ဒီဂီယာ ၅ – မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲ ၅၀၀ ပြည့်မြောက်တဲ့ ပွဲစဥ်မှာ ဒီဂီယာရဲ့ ဘောလုံး ဖြန့်ဝေမှုတွေက ပွဲ ၆၀၀ ပြည့်မီအောင် ကစားခွင့်ရတော့မှာ မဟုတ်ဘူး ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။
ဒါလော့ ၆ – ပွဲစဥ်တိုင်း ကစားခွင့် ရရှိခဲ့ပေမယ့် ကစားသမားက ဒါနဲ့မထိုက်တန်ဘူး ဆိုတာကို ပြသသွားခဲ့ပါတယ်၊ ကွင်းအတွင်း လှုပ်ရှားမှု လေးလံနေခဲ့ပြီး ဂိုးပေါက်ကန်ခွင့် ရရှိရဲ့သားနဲ့ ဖရက်ဒ်ဆီ ပေးပို့ခဲ့ပါတယ်၊ ဒုတိယပိုင်း ကစားပုံမှာတော့ ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။
ဗာရန်း ၇ – အသင်းအတွက် ပြန်လည် ကစားပေးခွင့် ရရှိတာနဲ့ တည်ငြိမ််တဲ့ ခံစစ်ကစားဟန်ကို ပြသရင်း ခံစစ်ပိုင်း တာဝန် ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ်။
မာတီနက်ဇ် ၆ – ပထမပိုင်းအတွင်း ကောင်းမွန်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပေမယ့် ဘောလုံးပေးပို့မှု အရည်အသွေးက ဒီပွဲစဉ်မှာတော့ သာမာန်မျှသာ ဖြစ်ခဲ့ရပါတယ်။
လုခ်ရှော ၅ – ကြိုးကြိုးစားစား ကစားခဲ့ပေမယ့် ခံစစ်ပိုင်းမှာ နေရာလွတ်တွေ ဖြစ်စေနိုင်ခဲ့သလို တိုက်စစ်တက်ရောက် ကစားရာမှာလည်း ထူးကဲတဲ့ ပေးပို့မှု မပြုလုပ်နိုင်ခဲ့ပါဘူး။
ကက်စမဲရိုး ၆ – မှန်ကန်တဲ့ လုယူမှုနဲ့ ဖြတ်တောက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ ပေမယ့် ကစားဟန် မြန်ဆန် သွက်လက်မှု မရှိခဲ့ပါဘူး၊ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်အတွက် အခွင့်ကောင်း ဖန်တီးပေးခဲ့ပါတယ်။
ဖရက်ဒ် ၄ – ပထမပိုင်းတည်းက လူစားအလဲ ခံခဲ့ရသင့်တဲ့ ကစားသမားမျိိုး ဖြစ်ခဲ့သင့်ပါတယ်၊ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပေမယ့် အခွင့်အရေးတွေ ဖြုန်းတီးခဲ့သလို ပေးပို့မှုတွေမှာလည်း အားရစရာ မရှိခဲ့ပါဘူး။
အန်တိုနီ ၅ – ကစားပုံ အသင့်အတင့် ကောင်းမွန်ခဲ့ပေမယ့် ပြိုင်ဘက်ခံစစ် ကစားသမားဖြစ်တဲ့ ဒန်ဘန်းကို ကျော်ဖြတ်ဖို့ လုံလောက််တဲ့ လျင်မြန်သွက်လက်မှု ကင်းမဲ့ခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက် ၄ – ကွင်းလယ်ခံစစ် ကစားသမားတွေကို မကူညီ ပေးနိုင်ခဲ့သလို တိုက်စစ် ကစားသမားတွေ အတွက်လည်း ထူးကဲတဲ့ပေးပို့မှု မလုပ်ပြနိုင်ခဲ့ပါဘူး၊ အဝါကဒ် ပြသခံခဲ့ရပါတယ်။
ဆန်ချို ၅ – ပွဲစဥ်ကို အားအင်အပြည့်နဲ့ စတင်နိုင်ခဲ့ပေမယ့် ကီရန် ထရစ်ပီးယား ကို ကျော်ဖြတ်ပြနိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ် ၊ သူ့ကြောင့် ပင်နယ်တီ ရရှိခဲ့သင့်ပေမယ့် လျစ်လျူရှုခံခဲ့ရပါတယ်။
ရော်နယ်ဒို ၄ – ကွင်းလယ် မကြာခန ဆင်းပေးခဲ့တဲ့ အတွက် တိုက်စစ်ဆင်ချိန် လူကျွံခဲ့တာ ရှိခဲ့ပါတယ်၊ တစ်ဂိုးကတော့ လူကျွံလို့ ပယ်ဖျက်ခံရပြီး နောက်တစ်ဂိုးကတော့ အငြင််းပွားဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ လူစားဝင် ကစားသမား- ရပ်ရှ်ဖို့ ၅ ပဲ ဖြစ်ပါတယ်။
credit