မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေနဲ့ ပက်သက်ပြီး ပြစ်ဒဏ် ကိစ္စ၊ ပင်နယ်သီ အငြင်းပွားဖွယ် ကိစ္စတွေ အပေါ် ကွင်လယ်ဒိုင်ကို မေးခွန်းထုတ်လာတဲ့ နယူးကာဆယ် ကစားသမားဟောင်း နှစ်ဦး
|နယူးကာဆယ် ကစားသမားဟောင်း နှစ်ဦးဖြစ်သူ ဂျိုနသန်ဝုဒ်ဂိတ်နဲ့ ရှေးဂစ်ဗင်းတို့က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာ သူတို့ရဲ့ အသင်းဟောင်းအပေါ် ချမှတ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ် သွားခဲ့ပါတယ်။ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက
အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် ကစားခဲ့ရပြီး ပွဲပြီးချိန်မှာတော့ နှစ်ဖဘက်လုံး ဂိုးမရှိ သရေ ရလဒ်နဲ့ ကျေနပ်ခဲ့ကြရပါတယ်။ ဒီပွဲမှာ နယူးကာဆယ် အသင်းဘက်က ဂိုးတိုင် နှစ်ကြိမ်ဆက် ထိခဲ့တဲ့ ခေါင်းတိုက်ချက်တွေက နှမျောစရာ ဖြစ်ခဲ့ပြီး အခြား တဘက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကလည်း ဂိုးသွင်းယူနိုင်ဖို့
အခက််ကြုံခဲ့တဲ့ အတွက် ပွဲစဥ်ဟာ 0-0 သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူး ဗာရန်းဟာ အသင်းအတွက် ပြန််လည် ပါဝင် ကစားပေးနိုင်ခဲ့ပြီး ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် အသင်းဖော် မာတီနက်ဇ်နဲ့လည်း အကောင်းဆုံး တွဲဖက် ကစားပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ်ြ ပွဲချိန်
15 မိနစ်လောက်မှာ ဗာရန်းနဲ့ ဝီလ်ဆင်တို့ရဲ့ ဂိုးဧရိိယာထဲမှာ ငြိခဲ့ကြတဲ့ အဖြစ်အပျက်က ပင်နယ်တီ ရသင့် မရသင့် ဝေဖန်ချင်စရာ ဖြစ််ခဲ့ရပါတယ်၊ ဒါပေမယ့် ကွင်းလယ်ဒိုင် ဖြစ်သူ ခရိတ်ပေါဆွန် က ဒါကို ငြင်းဆန်ခဲ့ပြီး ပွဲကို ဆက်လက် ကစားစေခဲ့ပါတယ်။ ယခုတော့ နယူးကာဆယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂျိုနသန်ဝုဒ်ဂိတ် က
အစပိုင််းမှာ ဒါဟာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ရဲ့ ကောင်းမွန်တဲ့ ပိတ်ဆို့မှုပဲလို့ မှတ်ချက်ပေးဆောင် သွားခဲ့ပါတယ်၊ ဒါသာ ပင်နယ်တီ ဆိုရင် ကျွန်တော် အံ့သြမိမှာပါ၊ ဒါဟာ လီဆန်ဒရို မာတီနက်ဇ်ရဲ့ ကောင်းမွန်လှတဲ့ ဘောလုံးလုယူမှု တစ်ခုပါ၊ ဝီလ်ဆင်က ဗာရန်းကို ဖြတ်ကျော်ပြဖို့ လောနေခဲ့ပါတယ်၊ ဒါကို မာတီနက်ဇ်က
အလျင်မီ ဟန့်တားသွားခဲ့တာပါ၊ သူက ရန်လိုမှု အပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်လို့ မှတ်ချက်ပေးခဲ့ပေမယ့် replay ကြည့်ပြီး ပြီးချင်းမှာပဲ အကယ်လို့ ခင်ဗျားသာ ကွင်းလယ်ဒိုင် ဖြစ်နေခဲ့ပြီး ဒါကို ပြန်ကြည့်ဖြစ်ခဲ့မယ် ဆိုရင်လို့ ပြန်လည် မေးခွန်းထုတ််သွားခဲ့လိုက်ပါတယ်၊ ဒါကို သူ့ရဲ့ အသင်းဖော်ဟောင််း
ဖြစ်သူ ရှေးဂစ်ဗင်းက ဒါဟာ ဘာကြောင့် နယူးကာဆယ် အတွက် ပင်နယ်တီ မဖြစ်ခဲ့ရတာလဲ ဆိုတာကို ကျွန်တော် နားမလည်နိုင်တော့ပါဘူး၊ ဗာရန်းက သူ့အရှေ့မှာပဲ ပြစ်ဒဏ် ကျူးလွန်ခဲ့တာလေလို့ ပြန်လည် မေးခွန်းထုတ် သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ်။
credit