နယူးကာဆယ်နဲ့ ပွဲစဉ်မှာ လူစားလဲမှု တစ်ကြိမ်သာ ပြုလုပ်ခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြလာတဲ့ တန်ဟက်ဂ်

0
82

ဒိန်းမတ် နိုင်ငံသား အဲရစ်ဆင် ဟာ အဖျား ရောဂါကြောင့် နယူးကာဆယ် နဲ့ ပွဲစဥ်ကို လွဲချော်ခဲ့ရတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား မပါဝင်တဲ့ အချိန်မှာ ဂိုးပေါက် ကန်သွင်းမှု နှစ်ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြ




အဲရစ် တန်ဟက်ဂ် ဟာ လူစားလဲမှု တစ်ကြိမ်သာ ပြုလုပ်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နေရာမှာ ရက်ရှ်ဖို့ဒ် နဲ့ အစားထိုးခဲ့တာ ဖြစ်ပြီး ပွဲကြပ် ကာလမှာ အရန်ခုံက ကစားသမားတွေကို ပိုပြီး အစားထိုး အသုံးပြုသင့်ပါတယ်လို့ ပရိသတ် အချို့က ထင်နေကြတာ ဖြစ်ပါတယ်။ ရွေးချယ်စရာ နည်းပါးနေတဲ့




အချိန်မှာ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ တိုက်စစ်မှုးတွေကို ပိုပြီး ကာကွယ်ခဲ့သင့်တာ ဖြစ်ပြီး နောက်ထပ် လူစားထိုးစရာ မလိုတော့ဘူးလို့ ထင်ခဲ့တာ ဖြစ်ပါတယ်၊ လူစားဝင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ် ကလည်း နောက်ပိုင်း ခေါင်းတိုက်မှုကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်၊ လူစားမလဲခဲ့မှုနဲ့ လက်ရှိ အသင်းရဲ့ ကစားပုံကို




သဘောကျသလားလို့ အမေးခံရချိန်မှာ အဲရစ် တန်ဟက်ဂ် က ယခုလို ဖြေရှင်းသွားခဲ့ပါတယ်။ အဲရစ် တန်ဟက်ဂ် က- အတိအကျ ပါပဲ၊ အားလုံးသိတဲ့ အတိုင်း ဒီနေ့မှာ ကစားသမား အချို့က မကစားနိုင်သေးပါဘူး၊ အဲရစ်ဆင်၊ မာရှယ် တို့ကလည်း မကစားနိုင်သလို တွန်မီနေး လည်း မကစားနိုင်ပါဘူး။




ဒါကြောင့် အခုလို ကျွန်တော် ထင်ခဲ့တာပါ၊ ကျွန်တော် ကြံ့ခိုင်မှု ပြည့်ဝတဲ့ ရက်ရှ်ဖို့ဒ် ကို လူစားဝင်စေခဲ့ပြီး သူက အသင်း အတွက် သက်ရောက်မှု ရှိမယ်လို့ ထင်ခဲ့ပါတယ်၊ အဲ့ဒီ ဂိုးကိုသာ သူ သွင်းယူနိုင်ခဲ့မယ် ဆိုရင် အားလုံး လမ်းကြောင်းမှန်ပေါ် ရောက်သွားမှာ ဖြစ်ပါတယ်၊ အခုတော့ ကျွန်တော်တို့




ဒါကို လက်ခံရမှာ ဖြစ်ပြီး တော့တင်ဟမ် နဲ့ ပွဲစဥ်ကို အာရုံစိုက်ပြီး ကျွန်တော်တို့ နောက်တစ်ဆင့်မှာ ဘာတွေက အရေးကြီးဆုံးလဲ ဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်၊ အဲ့ဒီ ပွဲကလည်း ကြီးမားတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားနိုင်ပါတယ်လို့ အဲရစ် တန်ဟက်ဂ် က ဖြေကြားသွားခဲ့ပါတယ်။ ရော်နယ်ဒို ကို လူစား လဲလိုက်တာနဲ့




ပတ်သက်လို့လည်း- ကျွန်တော်တို့ ၁၀ ရက် အတွင်း ၄ ပွဲ ကစားရမှာပါ၊ အထူးသဖြင့် တိုက်စစ်မှုးတွေကို အားအင် ပြည့်နေစေချင်ပါတယ်၊ သူတို့တွေ အားလုံးကို ကြံ့ခိုင်မှု ပြည့်နေစေချင်တာပါ၊ အဲ့ဒီမှာ ကျွန်တော်တို့က အလှည့်ကျ သုံးရမှာပါ၊
တိုက်စစ်ပိုင်းမှာ ပြဿနာ အနည်းငယ်ရှိခဲ့ပြီး မာရှယ် ကလည်း




လက်ရှိ အချိန်မှာ မကစားနိုင် သေးတာကြောင့် ကစားသမား နည်းနေတာ ဖြစ်ပါတယ်၊ ရက်ရှ်ဖို့ဒ် ကလည်း အားနည်းနေတာကြောင့် တစ်ပွဲလုံး မကစားနိုင်ပါဘူး၊ ဒါကြောင့် အခုလို စီစဉ်လိုက်ရတာ ဖြစ်ပါတယ်၊ လေးပွဲစလုံး ကစားနိုင်ဖို့ စီစဉ်နေရတာ ဖြစ်ပြီး အဲ့ဒီ လေးပွဲလုံး အနိုင်ရချင်ပါတယ်၊ အနည်းဆုံးတော့ လေးပွဲလုံး ရလဒ် ကောင်းချင်ပါတယ်လို့

ပြောကြားသွားခဲ့ပါတယ်၊ ကွင်းလယ်မှာ အဲရစ်ဆင်ရဲ့ မောင်းနှင်အား မပါဝင်တာကြောင့် တိုက်စစ်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး ဒိန်းမတ်သား မပါဝင်တဲ့ ပွဲစဥ်မှာ ခြေစွမ်း မပြသနိုင်တဲ့ သူ့ရဲ့ အသင်းသားတွေကို အဲရစိ တန်ဟက်ဂ် က ကာကွယ် ပြောဆိုခဲ့ပါ‌သေးတယ်။




အဲရစ်ဆင် မပါဝင်တဲ့ အချိန် အသင်းရဲ့ ဖန်တီးနိုင်စွမ်း မရှိတဲ့ အပေါ် မေးမြန်းရာမှာ အဲရစ် တန်ဟက်ဂ် က- အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား ၁၁ ဦးထက် ပိုတယ် ဆိုတာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်၊ ဒီအသင်း ကလည်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်လို့ ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit