ဖာနန်ဒက်စ်ကို ပွဲထွက်လူစာရင်းက ချန်လှပ်ပြီး အစားထိုး အသုံးပြုသင့်တဲ့ ကြယ်တစ်ပွင့်ကို ထုတ်ပြောလိုက်တဲ့ အင်္ဂလန် ကစားသမားဟောင်း
|England ကစားသမားဟောင်းကြီး ဒန်နီမာဖီ က မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ် အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်ထားပြီး သူ့နေရာမှာ ခရစ္စတီယန် အဲရစ်ဆင် ကို အစားထိုး အသုံးပြုသင့်တယ်လို့
အကြံပြု ပြောဆိုလိုက်ပါတယ်၊ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ် ကစားသမား ဖြစ်သူ ဖာနန်ဒက်စ် ဟာ စပို့တင်းလစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက် ကို စတင် ရောက်ရှိလာချိန်က သူရဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေဟာ အသင်းအတွက် အတော်လေးကို အကျိုးပြုခဲ့ပြီး အချိန်တိုလေး အတွင်းမှာပဲ
မန်ချက်စတာ ယူနိုက်တက် အဓိက အကျဆုံး ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီနှောင်းပိုင်း ကနေ လက်ရှိ အချိန်ထိ ဖာနန်ဒက်စ် ရဲ့ စွမ်းဆောင်ရည် တွေက သိသိသာသာ ကျဆင်းလာခဲ့ရပြီး ဒီနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း ပရီးမီးယားလိဂ် ကိုးပွဲ ကစားအပြီး သွင်းဂိုး
တစ်ဂိုး ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ် ထားနိုင်ခဲ့ပါတယ်၊ ဖာနန်ဒက်စ် ဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း အုပ်စုပွဲတွေ အားလုံး ပါဝင် ကစားထားခဲ့သလို တစ်ဂိုးတည်းသာ ဖန်တီးနိုင်ခဲ့ပါတယ်၊ ဒီလို စွမ်းဆောင်ရည်တွေ ကျဆင်းနေတဲ့ ဖာနန်ဒက်စ် ထက် အဲရစ်ဆင် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်
ဖာနန်ဒက်စ် ကို လူစာရင်းကနေ ခဏ အောက်ထားပြီး အဲရစ်ဆင် ကိုသာ ပိုမို နေရာပေးသင့်တယ်လို့ လီဗာပူး ကစားသမားဟောင်းကြီး မာဖီက အကြံပြု သွားခဲ့ပါတယ်၊ ဖာနန်ဒက်စ် ရဲ့ လက်ရှိ form နဲ့ ပတ်သတ်ပြီး မာဖီက- ဒါဟာ သူတို့ရဲ့ ဖန်တီးမှု အရှိဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။
ဒါပေမယ့် ဂိုး ပါဝင်ပတ်သတ်မှု လျော့နည်း လာရခြင်းဟာ တကယ့်ကို စိုးရိမ်စရာပါပဲ၊ အဲရစ်ဆင် ပြန်လာတဲ့ အခါကျရင် အဲရစ် အနေနဲ့ ဘရူနိုကို ခဏလောက် လူစာရင်းက ချန်လှပ်ထားသင့်ပြီး အဲရစ်ဆင်ကို ပိုမို နေရာပေးသင့်တယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်၊ ဒီနှစ် နွေဈေးကွက်ကမှ ဘရန့်ဖို့ဒ်ကနေ
မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် ဟာ လက်ရှ်ိမှာ ဒဏ်ရာ ပြသာနာတွေနဲ့ ရင်ဆိုင် နေရတာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့ ရပေမယ့် ဒီရာသီ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၂ ပွဲအထိ ပါဝင် ကစားထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
credit