အငြင်းပွားဖွယ်ရာတွေ ရှိခဲ့ပြီး မဖြေရှင်းနိုင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးနဲ့ ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဖြေကြားပေးလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက အိုးလ်ထရပ်ဖို့ဒ်မှာ နယူးကာဆယ်ကို ဧည့်ခံကစားခဲ့ရပြီး ပွဲကစားချိန် မိနစ် 90 အတွင််း နှစ်ဘက်လုံး ဂိုးမသွင်းယူနိုင်ခဲ့ကြတဲ့ အတွက် သရေ ရလဒ်နဲ့ ကျေနပ်ခဲ့ကြရပါတယ်၊ ဒီပွဲမှာ နယူးကာဆယ် တိုက်စစ်မှူး ကလမ်ဝီလ်ဆင်ကို မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဗာရန်းက ဂိုး ဧရိိယာထဲ ပစ်ဒဏ် ကျူးလွန်ခဲ့သလို




နယူးကာဆယ် ကွင်းလယ်လူ ရှောင်လောင်းစတပ်ဖ် ကလည်း ဂိုးဧရိယာထဲမှာ ဆန်ချိုကို ပြစ်ဒဏ် ကျူးလွန်ခဲ့ပါတယ်၊ ဒါပေမယ့် ကွင်းလယ်ဒိုင် ခရိတ်ပေါဆွန်က အဆိုပါ အဖြစ််အပျက် နှစ်ခုလုံးကို ပင်နယ်တီ၊ ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်၊ ဒါ့အပြင် ဒီပွဲမှာ ရော်နယ်ဒိုဟာ နှစ်ဂိုး သွင်းယူခဲ့ပါသေးတယ်၊ တစ်ဂိုးက လူကျွံနေခဲ့ပါတယ်။




နောက် တစ်ဂိုးမှာတော့ နယူးကာဆယ် ခံစစ်မှူး ဖေဘီယန်ရှားက ဘောလုံးကို ဂိုးသမား နစ်ပုပ်ဆီ လှိမ့်ပေးခဲ့ရာက စတင်ခဲ့ပါတယ်၊ ဒီလို ဘောလုံးပေးချိန်မှာ နစ်ပုပ်ရဲ့ အာရုံဟာ ကွင်းထဲ ရောက်နေခဲ့ပြီး ဒါကို အခွင့်အရေးယူကာ ရော်နယ်ဒိုက ဂိုးသွင်းခဲ့တာပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် ကွင်းလယ်ဒိုင် ခရိတ်ပေါဆွန်က ဒါကို ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တဲ့ အပြင်




ရော်နယ်ဒိုကိုပါ အဝါကဒ် ပြသခဲ့ပါတယ်၊ ဒီပွဲမှာ အခြားသော အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါသေးတယ်၊ ခရိတ်ပေါဆွန် ကတော့ လျစ်လျူရှုခဲ့ပါတယ်၊ အဆိုပါ ပွဲစဥ် အပြီးမှာတော့ ကွင်းလယ်ဒိုင် ခရိတ်ပေါဆွန်ရဲ့ ကွင်းအတွင်း ဆုံးဖြတ်ချက်တွေ အပေါ် မှတ်ချက်ပေးဖို့ အမေးခံရချိန်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က




ထွေထွေထူးထူး ပြောမနေပဲ မှတ်ချက််ပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်၊ ကျွန်တော်ကတော့ ဘာမှတ်ချက်မှ ပေးသွားမှာ မဟုတ်ပါဘူး၊ ဒါကို လူတိုင်း မျက်မြင်ကိုယ်တွေ မြင်ခဲ့ကြတာပဲလေ၊ ကျွန်တော် ပြောခဲ့တဲ့ အတိုင်းပါပဲ ကျွန်တော်ဟာ ဒါတွေကို တရားဝင် တာဝန်ရှိသူတွေ လောက်ကိုပဲ မျှဝေပေးသွားမှာပါ၊ ဒီနေ့ ကွင်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့ရသလဲ ဆိုတာကို




အားလုံး မြင်တွေ့ခဲ့ကြတယ်လေ၊ ဒီလို လူတိုင်းသိနေတဲ့ ကိစ္စ အပေါ် ကျွန်တော် ဘယ်လို မှတ်ချက်မျိုးမှ မပေးလိုပါဘူး၊ ကျွန်တော် ပြောခဲ့သလိုပါပဲ ကျွန်တော့်ရဲ့ အမြင်တွေကို သူတို့နဲ့ပဲ မျှဝေသွားမှာပါ၊ ခင်ဗျားတို့လည်း ပွဲကြည့်ခဲ့ကြတာပဲလေ၊ ခင်ဗျားတို့ အနေနဲ့လည်း အသင်းတွေရဲ့ စွမ်းဆောင်ရည်

ဒိုင်တွေရဲ့ စွမ်းဆောင်ရည် အပေါ် ကိုယ်တိုင် ချင့်ချိန် သုံးသပ်နိုင်မှာပါ၊ ဒါကို ကျွန်တော်ပြောမှ သိရမှာ မဟုတ်ပါဘူးလို့ အဲရစ် တန်ဟက်ဂ် က ပြောရင်း ပင်နယ်တီ မရခဲ့တဲ့ အပေါ် ကျွန်တော့်ဘက်က ဒိုင်တွေရဲ့ စွမ်းဆောင်ရည် အပေါ် မှတ်ချက်ပေးဖို့ စကားလုံးတွေ ရှိမနေပါဘူးလို့ ထပ်ဆင့် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit