မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲစဉ်မတိုင်မီ ရော်နယ်ဒိုကို တောင်းဆိုမှု တခု ပြုလုပ်လာတဲ့ ကွန်တီ

0
13245

စပါး နည်းပြချုပ်ဖြစ်သူ ကွန်တီက မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ သူတို့နဲ့ ကစားရမယ့် ပွဲစဥ်မှာ ဂိုးမသွင်းနိုင်ဖို့ မျှော်လင့်မိကြောင်း ယခု ကြားရက်မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ




ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၇နှစ် အရွယ် ပေါ်တူဂီနဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးတဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၂ ပွဲ




ပါဝင် ကစားပေးထားရာ သွင်းဂိုး နှစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်သာ ရရှိထားပါတယ်၊ ဒါပေမယ့် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက စပါးကို အတော်လေး ဒုက္ခပေးနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဟက်ထရစ်ကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ




စပါးကို ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်၊ ဒါကြောင့်ပဲ စပါးနည်းပြ ကွန်တီက မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ သူတို့ အနေနဲ့ ရော်နယ်ဒိုကို သတိထား ကစားရဖို့ ရှိကြောင်း ဝန်ခံသွားခဲ့သလို ရော်နယ်ဒို အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလို သူတို့ အသင်းဘက်ကို ဂိုးမသွင်းနိုင်ဖို့ မျှော်လင့်မိကြောင်း ဆိုလာပါတယ်။ ကွန်တီက–




ကျွန်တော်က ရော်နယ်ဒိုကို သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကြောင့် အတော်လေး လေးစားပါတယ်၊ ဒါပေမယ့် ကျွန်တော်က မနက်ဖြန်မှာတော့ သူ့ရဲ့အခြေအနေ တည်ငြိမ်ဖို့ မျှော်လင့်မိပါတယ်၊ နယူးကာဆယ်နဲ့ ပွဲမှာ ဂိုး မသွင်းနိုင်တာကြောင့် ပေါက်ကွဲအား အပြည့်နဲ့ ကစားမှာကို မလိုချင်မိပါဘူး။




သူ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့နဲ့ တွေ့တော့ သွင်းဂိုး ၃ ဂိုးတောင် သွင်းခဲ့တာလေ၊ ပြီးခဲ့တဲ့ ရာသီမှာ ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက် ကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့ပေမယ့် တကယ်တမ်း ကျွန်တော်တို့ အရှုံးပေးခဲ့ရတာ ရော်နယ်ဒို ကိုပါ၊ ကျွန်တော်က အဲ့ဒီပွဲကို အတော်လေး အမှတ်ရနေမိပါတယ်၊ ကျွန်တော်တို့ ကစားပုံ ကောင်းရဲ့သားနဲ့ ရော်နယ်ဒို ကြောင့် အရှုံးပေးလိုက်ရတာပါ၊ ဒီပွဲမှာတော့ ဒီလို မဖြစ်ဖို့ မျှော်လင့်မိတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit