ကြားရက်မှာ ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်များ အတွက် ခရစ္စဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်
|ပီအက်ဗွီနဲ့ ယူရိုပါလိဂ်ဘကစားသွားရမှာ ဖြစ်တာကြောင့် အာဆင်နယ်နဲ့ မန်စီးတီး ပွဲစဉ်ကို ရွေ့ဆိုင်းခဲ့ရပေမယ့် မန်ချင်စတာ ယူနိုက်တက် နဲ့ စပါး၊ လီဗာပူး နဲ့ ၀က်ဟမ်း ပွဲစဉ်တွေက စိတ်၀င်စားစရာ ကောင်းနေမှာ ဖြစ်ပါတယ်၊ ဒီအတွက် ဘီဘီစီ သုံးသပ် ခန့်မှန်းသူ ခရစ္စဆက်တန် ကတော့ ကြားရက်မှာ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ခန့်မှန်းပေးသွားခဲ့ပါပြီ။
ဘရန်ဖို့ဒ် Vs ချဲလ်ဆီး
ချဲလ်ဆီးဟာ တနင်္ဂနွေနေ့က အက်စတွန်ဗီလာ အသင်းကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် သူတို့ဟာ အဆိုပါ ပွဲကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်၊ ဒီအတွက် ကီပါကို ကျေးဇူးတင်ရမှာပါ၊ ဘရန့်ဖို့ဒ် ဆီက ဘာကို မျှော်လင့်နိုင်သလဲ ဆိုတာ ကျွန်တော် မသိပါဘူး၊ သူတို့ နောက်ဆုံး ကစားခဲ့တဲ့
ခန့်မှန်းချက်- ၁-၁
ပွဲစဉ်မှာတော့ ဘရိုက်တန်ကို အနိုင်ရခဲ့ပြီး သူတို့ရဲ့ တိုက်စစ် အရည်အသွေး တစ်ချို့ကို မြင်တွေ့ခဲ့ရပါတယ်၊ ဒီပွဲစဉ်မှာ ဒီလို ကစားပုံကို ထပ်မံ ပြသနိုင်ခဲ့မယ် ဆိုရင်တော့ တစ်စုံတစ်ရာ ရရှိနိုင်မှာ ဖြစ်ပြီး အထူးသဖြင့် ချဲလ်ဆီးက ဒီအချိန်မှာ အကောင်းဆုံး ပုံစံမှာ ရှိမနေပါဘူး။
လီဗာပူး Vs ၀က်ဟမ်း
ဆိုးရွားတဲ့ ခန့်မှန်းချက်တွေကြောင့် လီဗာပူး ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို ရရှိခဲ့ပါတယ်၊ သူတို့ဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ အကောင်းဆုံး အားပေးခဲ့ကြပြီး ဒီပွဲစဉ် မတိုင်မီမှာ ကျွန်တော့်လိုပဲ သူတို့အသင်း အနိုင်ရမယ်လို့ ထင်မိမှာ မဟုတ်ပါဘူး၊ မန်စီးတီးနဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ ကစားပုံကို မနှစ်သက်လို့ မရနိုင်ပါဘူး၊ အထူးသဖြင့် သူတို့ရဲ့ နောက်တန်းက
တအားကို ကောင်းခဲ့ပါတယ်၊ အန်ဖီးပရိတ်သတ်ရဲ့ ပြင်းထန်တဲ့ အားပေးမှုဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ တကယ့်ကို အကူအညီ ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တော့ လီဗာပူးတို့ ဒီလမ်းကြောင်း အတိုင်း ဆက်သွားဦးမယ်လို့ ထင်ပါတယ်၊ ၀က်ဟမ်းရဲ့ နောက်တန်း အားနည်းမှုဟာ လီဗာပူးကို အကူအညီ ဖြစ်စေမှာ ဖြစ်ပေမယ့် တိုက်စစ်က ဆကာမက်ကာ ကတော့ ဟမ်းမားတို့အတွက် ဂိုးရယူပေးနိုင်မှာပါ။
ခန့်မှန်းချက်- ၃-၁
မန်ချက်စတာ ယူနိုက်တက် Vs စပါး
မန်ချက်စတာ ယူနိုက်တက် ဟာ နယူးကာဆယ် နဲ့ ပွဲစဉ်မှာ ကံတရားရဲ့ ဖေးမမှုကို ရခဲ့ပါတယ်၊ ဒါပေမယ့် စပါးနဲ့ ပွဲစဉ်ဟာ ဒီလိုမျိုး ကစားခဲ့မယ် ဆိုရင် ခြားနားတဲ့ ပုံပြင် ဖြစ်သွားမှာပါ၊ အကယ်လို့များ ဟယ်ရီကိန်းသာ အခွင့်အရေးကောင်း ရသွားခဲ့မယ် ဆိုရင် သူ့ရဲ့ ယခုလို form အရ ဂိုးအဖြစ် ပြောင်းလဲနိုင်မှာပါ၊ အခြား တစ်ဖက်မှာတော့
မန်ချက်စတာ ယူနိုက်တက် ဟာ နယူးကာဆယ်နဲ့ ပွဲမှာ အဆွယ်ကျိုးနေခဲ့ပါတယ်၊ သူတို့ဟာ အဖျားဝေဒနာ ခံစားနေရတဲ့ အဲရစ်ဆင်ကို အထူးလိုအပ်နေခဲ့ပြီး ဒိန်းမတ် စတားက ဒီပွဲစဉ်မှာလည်း ပါ၀င်ဖို့ မသေချာပါဘူး၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ စပါးကို ပြသနာပေးဖို့ အဲရစ်ဆင်ရဲ့ အရည်အသွေးတွေ လိုအပ်ပါတယ်။
အကယ်လို့ ဒီပွဲစဉ်မှာ အဲရစ်ဆင် ပါ၀င် ကစားဖြစ်ခဲ့မယ် ဆိုရင်တောင် အန်တိုနီယို ကွန်တီ ဟာ စပါးကို တန်ပြန် တိုက်စစ် ဗျူဟာနဲ့ နိုင်ပွဲ ရယူပေးနိုင်မှာ ဖြစ်ပါတယ်၊ ဟယ်ရီကိန်းလည်း ဒီပွဲစဉ်မှာ စပါးအတွက် သွင်းဂိုး ရယူနိုင်ပါလိမ့်မယ်။
ခန့်မှန်းချက်- ၁-၃
အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်များ- ဘရိုက်တန် ၂-၀ နော့တင်ဟမ်ဖောရက်စ်၊ ခရစ်စတယ်ပဲလေ့စ် ၂-၀ ဝုဖ်၊ ဘုန်းမောက် ၂-၁ ဆောက်သမ်တန်၊ နယူးကာဆယ် ၂-၀ အဲဗာတန်၊ ဖူဟမ် ၁-၁ အက်စတွန်ဗီလာ၊ လက်စတာ ၁-၄ လိဒ် တို့ပဲ ဖြစ်ပါတယ်။
credit