အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်မယ့် မန်ချက်စတာ ယူနိုက်တက် Vs စပါး ပွဲစဉ်အတွက် ပေါလ်မာဆင် ရဲ့ ပွဲကြို ခန့်မှန်းချက်

ဒီတပတ် ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက် ဟာ တော့တင်ဟမ် ဟော့ စပါး အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်၊ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ အောက်တိုဘာ 20 ရက်၊ ကြာသပတေးနေ့ နံနက် 1:45 အချိန် ဖြစ်ပါတယ်။




ပွဲကြို ခန့်မှန်းသူ ပေါလ်မာဆက်ကတော့ ယခုလို ခန့်မှန်းသွားခဲ့ပါတယ်၊ ပေါလ်မာဆင်က- ဒီပွဲက ပြောရခက်ပါတယ်၊ အရင်အပတ်က မန်ချက်စတာ ယူနိုက်တက် တို့ အခွင့်အရေး နှစ်ကြိမ်လောက် ရခဲ့ပေမယ့် နယူးကာဆယ် ကလည်း မှန်ကန်တဲ့ စွမ်းဆောင်မှုမျိုးကို မလုပ်နိုင်ခဲ့ပါဘူး၊ ဒီပွဲမှာ ရော်နယ်ဒို




ကစားရမှာပါ၊ စပါး အသင်းက နောက်ကနေ ဘောလုံး ကစားတတ်တဲ့ အသင်းဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် တို့ ဧရိယာထဲ ဘောလုံးပို့နိုင်ဖို့ လိုအပ်ပါမယ်၊ ရော်နယ်ဒို ရဲ့ ခေါင်းတိုက် ဘောတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပါ၊ ဒီပွဲမှာ ဆန်ချို ကို ဖယ်ထုတ်ပြီး ရော်နယ်ဒို၊ ရက်ရှ်ဖိုဒ့် နဲ့ အန်တိုနီကို




တိုက်စစ် တင်ပါမယ်၊ ဒီပွဲကို မန်ချက်စတာ ယူနိုက်တက် မနိုင်ရင် ချဲလ်ဆီးပွဲ မတိုင်ခင် သရေ ဒါမှမဟုတ် အရှုံး ရလဒ် ရသွားမှာပါ၊ မန်ချက်စတာ ယူနိုက်တက် က လိဂ်ရဲ့ ထိပ်ဆုံး လေးသင်းထဲက နှစ်သင်းကို ဆက်တိုက် တွေ့ရမှာပါ၊ ဒီအပတ်က သူတို့အတွက် အရေးကြီးပါတယ်၊ လီဗာပူးက




အမှတ် ကွာဟချက်ကို လိုက်လာနိုင်ပါတယ် ဒီအပတ် ပြီးရင် မန်ချက်စတာ ယူနိုက်တက် တို့ လီဗာပူး နောက်ကို ရောက်သွားနိုင်ပါတယ်၊ ဒီအပတ် အတွက် မန်ချက်စတာ ယူနိုက်တက် တစ်သင်းလုံး အားထုတ်နိုင်ဖို့ လိုအပ်နေတယ်၊ သူတို့ အတွက် နိုင်ဖို့ကို လိုအပ်တဲ့ ပွဲစဉ် ဖြစ်တယ်၊ စပါး အတွက်ကတော့




ဒီပွဲမှာ သေချာပေါက် မရှုံးလိုဘူး ဆိုတာ သေချာပါတယ်၊ ဒီပွဲ သရေကျရင် အပျော်ဆုံး မန်နေဂျာက ကွန်တီ ဖြစ်ပါလိမ့်မယ်၊ စပါးတို့ ဒီပွဲကို ရှုံးချင်မှာ မဟုတ်ပါဘူးလို့ သုံးသပ်ခဲ့ပါတယ်၊ ပေါလ်မာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် 1-1 စပါး ဖြစ်ပါတယ်။

credit