အဲရစ်တန်ဟက်ဂ် အရန်ခုံ ပို့ဆောင်သွားမယ့် သူတွေကို ထုတ်ပြောလိုက်တဲ့ လုခ်ရှော
|မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြချူပ် အဲရစ်တန်ဟတ်က ယူနိုက်တက်ကစားသမားတွေ အနေဖြင့် ရာနှုန်းပြည့်ပေးဆပ်ကစားတာမျိုး မရှိပါက အရန်ခုံပို့ဖို့ အသင့်ရှိနေတဲ့ အကြောင်း ဖီယင်နုအသင်းကနေ မာလာစီယာ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အရန်ခုံမှာသာ အချိန်ကုန်နေရတဲ့ လုခ်ရှောက ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်အနေဖြင့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အားရကျေနပ်မှု နည်းပါးတဲ့အခါ အရန်ခုံပို့ဖို့ ဝန်လေးတတ်သူမဟုတ်တဲ့အကြောင်းကို ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်တန်းအစွန်ကစားသမား လုခ်ရှောက သူ့ကိုယ်သူ ဥပမာ ပေးကာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ် မကိုင်တွယ်မီ ယူနိုက်တက်အသင်းရဲ့ နည်းပြတွေ ဖြစ်တဲ့ ဆိုးရှားလ်နဲ့ ရက်ရန်းနက်တို့ရဲ့ လက်ထက်မှာ ပြိုင်ပွဲကျင်းပနေစဉ် ကွင်းအတွင်းနဲ့ လေ့ကျင့်ရေးကွင်းအတွင်းမှာပါ စွမ်းဆောင်ရည် အားနည်းလာတာမျိုးတွေ ထင်ရှားနေခဲ့ရင်တောင်မှ ပွဲထွက်ခွင့် နေရာတစ်နေရာကို ပုံမှန် ဆုပ်ကိုင်ထားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
နည်းပြ တန်ဟတ်ရဲ့ ကစားသမားတွေအပေါ် စည်းကမ်းတင်းကြပ်စွာ ကိုင်တွယ်နေပုံနဲ့ ပက်သက်လို အင်္ဂလိပ်ဘယ်နောက်တန်းကစားသမား လုခ်ရှောက“နည်းပြ တန်ဟတ်ကိုင်တွယ်တဲ့နေရာမှာ ယူနိုက်တက်အသင်း အတွက် ကောင်းမွန်တဲ့ အချက်ကတော့ ကစားပုံကောင်းမွန်ခြင်းရှိအောင် မကစားနိုင်တဲ့အခါ နောက်ပွဲမှာ ပါဝင်ရဖို့ မသေချာတော့ပါဘူး”
“အရင်နည်းပြတွေလက်ထက်မှာဒါမျိုးတွေ တွေ့ရလေ့မရှိပေမဲ့ နည်းပြတန်ဟတ် လက်ထက်မှာတော့ ကစားသမားတွေအနေဖြင့် ခြေစွမ်းပိုင်းကောင်းနေဖို့ ကြိုစားကစားဖို့လိုပါတယ်” “ကစားသမား တစ်ယောက်က ရာနှုန်းပြည့်ပေးဆပ်ကစားတာမျိုး မရှိတဲ့အခါ နောက်ပွဲတွေမှာ ပါဝင်ရဖို့ မရေရာတော့ပါဘူး။ ဒါကသိပ်ကိုကောင်းမွန်တဲ့ အချက်ပါ”လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
Crd