နယူးကာဆယ် နဲ့ ပွဲစဉ်မှာ လူစားချိန် ပေါက်ကွဲခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး သတိပေး ပြောဆိုလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ် က ခရစ္စတီယာနို ရော်နယ်ဒို အပါအဝင် အသင်းရဲ့ ကစားသမားတွေ အနေနဲ့ လူစား အလဲခံရတိုင်းမှာ လူစားလဲခံရခြင်း အပေါ် စိတ်တိုင်းမကျလို့ ပေါက်ကွဲတတ်တာ မျိုးတွေကို နားလည်ပေးလို့ ရပေမယ့် လိုတာထက် ပိုမို ပြုမှုတာမျိုးတွေ
ဖြစ်မလာဖို့ အတွက် သတိပေး ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အဓိက ကစားသမားတစ်ဦး ဖြစ်တဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ် အတွင်းမှာ ဒုတိယပိုင်း ပွဲကစားချိန် အတွင်း ရပ်ဖို့ဒ်နဲ့ လူစားလဲခံခဲ့ရခြင်း အပေါ် စိတ်ပျက်လက်ပျက်
ဖြစ်ခဲ့ရပြီး နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်တဲ့ အမှုအယာမျိုးနဲ့ ခေါင်းတခါခါ ပြုလုပ်နေခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် ကတော့ သူ့အသင်းသားတွေ အနေနဲ့ လူစားလဲခံရမှု အပေါ် ဘယ်သူမှ သဘောမကျတာကို သိနားလည်နိုင်ပေမယ့် လိုတာထက် ပိုမို ပြုမှုတာမျိုးကို
မပြုလုပ်ဖို့ သတိပေးလိုက်ပါတယ်။ ဒီအကြောင်း ကိစ္စနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် က- ဘယ်ကစားသမားကမှ သူတို့ လူစား လဲခံရချိန်တွေတိုင်း ပျော်ရွှင်နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်၊ ဒါက ရော်နယ်ဒို တစ်ဦးတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး၊ ဒီလို မပျော်ရွှင်ကြတဲ့ အပေါ်လည်း ကျွန်တော် နားလည်ပါတယ်။
ဒါပေမယ့် အေးအေး ဆေးဆေးလေးနဲ့ ပုံမှန်လေးအတိုင်း ဖြစ်နေသရွေ့တော့ ဘာပြသာနာမှ မရှိနိုင်ပါဘူး လို့ အဲရစ် တန်ဟက်ဂ် က ပြောကြားသွားခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း သွင်းဂိုးက ၁၃ ဂိုးသာ သွင်းယူထားနိုင်ပြီး
တိုက်စစ်မှာ ရော်နယ်ဒိုက ဂိုး တစ်ဂိုးရဖို့ ရုန်းကန်နေရသလို မာရှယ် ရပ်ဖို့ဒ် တို့ကလည်း အသင်းအတွက် ခြေစွမ်းပြနိုင်ပြီ ဆိုတာနဲ့ ဒဏ်ရာ ပြသာနာတွေနဲ့ပါ ရင်ဆိုင်ရတတ်တဲ့ အခြေအနေမျိုး ဖြစ်နေပြီး ဆန်ချို ကလည်း ခြေစွမ်းပိုင်း မတည်ငြိမ် သေးတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်ပိုင်းအတွက် ကစားသမားအင်အား ဖြည့်တင်းသွားရဖို့
လိုအပ်နေပါတယ်။ ဒါ့အပြင် ဒီည စပါး အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာလည်း တိုက်စစ်က ရော်နယ်ဒိုကို ဆက်သုံးမလား ဒါမှမဟုတ် အနားပေးပြီး ရပ်ရှ်ဖို့ဒ်၊ ဆန်ချို အန်တိုနီ တို့ကိုသာ တွဲဖက် အသုံးပြုသွားမလား ဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။
credit