မန်ချက်စတာ ယူနိုက်တက် ဘယ်အချိန် တိုတက်မယ်ဆိုတာ ကစားသမား အချို့အပေါ် သုံးသပ်ပြီး အတည်ပြုပေးလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ အန်တိုနီ မာစီရယ် တို့ ခြေစွမ်း တည်ငြိမ်မှု ရရှိလာပါက ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်လာလိမ့်မယ်လို့ နည်းပြ အဲရစ် တန်ဟက်ဂ် က ပြောဆိုသွားခဲ့ပါတယ်၊ မာစီရယ် ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ရာသီကြို ခြေစမ်းပွဲ (၅) ပွဲလုံးမှာ ပွဲထွက် ပါဝင်ခဲ့ပါတယ်။




ဒါပေမယ့် အက်သလက်တီကို မက်ဒရစ် နဲ့ ပွဲမှာ ဒဏ်ရာ ရသွားခဲ့ပြီး ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ကစားခဲ့တဲ့ (၁၃) ပွဲမှာ (၉) ပွဲထိ လွဲချော် သွားခဲ့ရပါတယ်၊ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် (၅) နေရာမှာ ရပ်တည် နေပြီး ယူရိုပါလိဂ် မှာလည်း နောက်တဆင့်




တက်ဖို့ အတွက် (၁) မှတ် အလို အနေအထားကို ရရှိထားပါတယ်။ ကြားရက်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ စပါး နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အမှတ်ပေးဇယား ရပ်တည်မှု အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်လာခဲ့ပါတယ်၊ သင်းမှာ အဆင်မပြေမှုတွေ အများကြီး ရှိနေသေးတာ အသိသာကြီးပါ။




ကစားသမား အများအပြားကို ကျွန်တော်တို့ အံဝင်အောင် လုပ်ပေးနေပါတယ်။ ရာသီစ ကတည်းက ပြဿနာတွေ ရှိနေခဲ့တာပါ၊ ခရစ္စတီယာနို ရော်နယ်ဒို က အသင်းနဲ့ မပူးပေါင်းဘူး၊ မာစီရယ် က ဒဏ်ရာ ရသွားပါတယ်၊ ယခုထိ သူ ပွဲချိန်ပြည့် ကစားဖို့ မကြံ့ခိုင် သေးပါဘူး၊ ကယ်လို့ သူတို့ နှစ်ယောက်သာ




ပုံမှန် ခြေစွမ်းကို ပြန်ရမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် သေချာပေါက် တိုးတက်လာ မယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ ကာယပိုင်းရော စိတ်ဓါတ်ပိုင်း မှာရောပေါ့၊ ကျွန်တော် က အမြဲလိုလို သိပ်ပြီး မကျေနပ်တတ်တဲ့ လူစားမျိုးပါ၊ အခု ဒီကိုရောက်လာတဲ့ အတွက် ပျော်ပါတယ်၊ ဒါပေမယ့်




ကျေနပ် အားရမှု သိပ်မရှိသေးပါဘူး၊ ကောင်းတယ် ဆိုတာ ကျွန်တော့ အတွက် မလုံလောက်ပါဘူး၊ ပိုကောင်းတာကို အမြဲတမ်း ရှာဖွေရပါမယ်၊ အသင်းမှာ ပိုကောင်းအောင် လုပ်လို့ ရတာတွေ အများကြီး တွေ့ထားပါတယ်။ ယခုပုံစံ အတိုင်း ဆက်သွားမယ် ဆိုရင် ဘာတွေ တိုးတက်လာ နိုင်မလဲ ဆိုတာလည်း ကျွန်တော် မြင်ထားပါတယ်။




အခုပဲ ရက်ဖိုဒ့် ဆိုရင် (၁၁) ပွဲမှာ (၅) ဂိုး သွင်းပေးထားတယ်၊ အန်တိုနီ လည်း လိဂ်ပွဲ (၄) ပွဲမှာ (၃) ဂိုးထိ သွင်းပေးထားပါတယ်၊ ဆန်ချို ဆိုရင်လည်း (၃) ဂိုး၊ ရော်နယ်ဒို လည်း (၂) ဂိုး ရထားပါတယ်၊ မာစီရယ် ကိုလည်းမေ့လို့ မရပါဘူး၊ သူလည်း (၃) ဂိုး သွင်းပေးထားပါတယ်။




ကျွန်တော်တို့ သင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား များများရှိတာ ကောင်းတဲ့ အရာတခုပါ၊ သူတို့ရဲ့ အရေအတွက် တွေကို ပိုများလာအောင် လုပ်ပေးဖို့တော့ လိုအပ်ပါတယ်၊ ဒါလည်း အချိန်တခုပြီးရင် ဖြစ်လာမှာပါ၊ သိပ်ပြီး ပူပင်မိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲဆက် ပွဲကြပ်များတဲ့ အောက်တိုဘာ ကာလကို ဖြတ်သန်းနေရတာ ဖြစ်ပြီး (၅) ပွဲ ကစားအပြီးမှာ (၃) ပွဲနိုင်ကာ (၁) ပွဲသရေ (၁) ပွဲ ရှုံးနိမ့်ထားပါတယ်၊ မန်ချက်စတာ နိုက်တက် ဟာ စပါး နဲ့ ကစားပြီးပါက ချဲလ်ဆီး၊ ရှရစ်၊ ဝက်စ်ဟမ်း အသင်းတွေနဲ့ ဆက်လက် ယှဉ်ပြိုင် ကစားသွားရဦးမှာပဲ ဖြစ်ပါတယ်။

credit