မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှာ မပါဝင်သင့်တဲ့ ကြယ်တစ်ပွင့်ကို ထုတ်ပြောလာတဲ့ ကွန်တီ

0
7637

ယခုတစ်ပတ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အကြိတ်အနယ် ရှိလာမယ့် ပွဲစဉ်တစ်ခု အဖြစ် နည်းပြ အဲရစ် တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ စပါး နည်းပြ ကွန်တီရဲ့ တော့တင်ဟမ် အသင်းကို ယနေ့ညမှာ လက်ခံ ကစားရဖို့ ရှိနေပြီး




ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် အတွင်း နည်းပြ ကွန်တီက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် မျှားဦးမှာ ဝါရင့် တိုက်စစ် ကစားသမား ရော်နယ်ဒို ပါဝင်လာနိုင်တဲ့ အပေါ် ကြောက်ရွံ့ စိုးရိမ်မိတဲ့ အကြောင်း ၎င်းကို မထည့်သွင်းသင့်‌ကြောင်း ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။




ပြီးခဲ့တဲ့ ၂၀၂၁/၂၂ ဘောလုံး ရာသီအတွင်း မန်ချက်၏တာ ယူနိုက်တက် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ထားခဲ့တဲ့ တိုက်စစ် ကစားသမား ရော်နယ်ဒိုဟာ တော့တင်ဟမ် အသင်းနဲ့ ကစားတဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူလေ့ ရှိသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက




တော့တင်ဟမ် အသင်းကို အိုးလ်ထရက်ဖို့ဒ် ကွင်းအတွင်း ပြီးခဲ့တဲ့  ရာသီမှာ လက်ခံ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ တစ်ဦးတည်း သုံးဂိုး အထိ သွင်းယူခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တော့တင်ဟမ် အသင်းကို သုံးဂိုး နှစ်ဂိုးနဲ့ အနိုင် ကစားထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို ရဲ့ခြေစွမ်းပိုင်းနဲ့




ပက်သက်လို့ တော့တင်ဟမ် နည်းပြ အန်တိုနီယီု ကွန်တီ က ပြီးခဲ့တဲ့ ရာသီမှာ  ရော်နယ်ဒိုက ကျွန်တော်တို့ အသင်းဘက်ကို ဟက်ထရစ် သွင်းယူးပေးထားခဲ့တဲ့ အပြင် သူက တကယ့်ကို မယုံကြည်နိုင်စရာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်တဲ့ အကြောင်း သက်သေ ပြသနိုင်ခဲ့ပါတယ်။ သူဟာ




သူကစားပေးရတဲ့ အသင်းအတိုင်း အတွက်ကို ကွဲပြားခြားနားတဲ့ အဆင့်တစ်ခု ရောက်ရှိအောင်  ကစားပေးနိုင်ပါတယ်၊ ပြီးခဲ့တဲ့ ရာသီမှာလည်း သူက တော့တင်ဟမ် ဘက်ကို သုံးဂိုး သွင်းယူခဲ့နိုင်ခဲ့ပြီး သူရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုနဲ့ စွမ်းဆောင်ရည်ပိုင်း အပေါ် ကျွန်တော့ အနေနဲ့ အမြဲလေးစား နှစ်သက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းက တော့တင်ဟမ် အသင်းကို သုံးဂိုး နှစ်ဂိုးနဲ့ အနိုင် ရသွားခဲ့တယ် ဆိုတာကလည်း ကျွန်တော့်တို့ အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို အရေးနိမ့်ခဲ့ရတာ မဟုတ်ဘဲ ရော်နယ်ဒို တစ်ဦးတည်းကိုသာ မယှဉ်ပြိုင် နိုင်ခဲ့ကြတာပါလို့ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit