ယနေ့ည ယှဉ်ပြိုင်မယ့် စပါးနဲ့ ပွဲမှာ အသင်းသား အားလုံး သတိထားရမယ့် အချက် သုံးချက်ကို ထုတ်ပြန် ပြောကြားလိုက်တဲ့ တန်ဟက်ဂ်

(3) ပွဲဆက် နိုင်ပွဲ ရရှိရာကနေ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဥ်မှာ သရေ ရလဒ် ထွက်ပေါ်သွားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 1 နာရီ 45 မိနစ်မှာ ပြိုင်ဘက်ကောင်း တော့တင်ဟမ် ဟော့  စပါး အသင်းကို အိုးလ်ထရပ်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။




စပါး အသင်းဟာ လက်ရှိ ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဥ် (10) ပွဲ ကစားခဲ့ရာ (7) ပွဲ အနိုင် (2) ပွဲ သရေ (1) ပွဲသာ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယား ထိပ်မှ အာဆင်နယ် အသင်းအောက် (4) မှတ်အကွာ အဆင့် (3) နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ အခြားတဖက်မှာတော့




ရလဒ်တွေ တည်ငြိမ်မှု အားနည်းနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ (5) ပွဲ နိုင်  (1) ပွဲ သရေ (3) ပွဲရှုံး ရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် (5) နေရာ စပါး အသင်းအောက် (7) မှတ်အကွာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်မှ ပွဲပယ်ခံထားခဲ့ရတဲ့




ကွင်းလယ်လူ စကော့မက် တွမ်မီနေးဟာ ပြန်လည် ပါဝင်နိုင်မှာ ဖြစ်ပြီး ဒဏ်ရာ ရရှိနေတဲ့ ကွင်းလယ်လူ ခရစ္စတီယံ အဲရစ်ဆင် ကလည်း ပြန်လည် ပါဝင်လာနိုင်ခြေ ရှိနေပါတယ်၊ အဆိုပါ ပွဲစဥ် မတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အသင်းသားတွေ အနေနဲ့ ဒီပွဲ မတိုင်မီ သတိထားရမယ့် ပြိုင်ဘက် အသင်းရဲ့




အဓိက အားသာချက်် (3) ချက်ကို ထုတ်ဖော်  သတိပေး သွားခဲ့လိုက််ပါတယ်၊ အဲရစ် တန်ဟက်ဂ် က- သူတို့က အသင်းကောင်း တစ်သင်းပါ၊ ထပ်ပြောပါ့မယ်၊ သူတို့က ခက်ခဲလွန်းတဲ့ ပြိုင်ဘက် အသင်း တစ်သင််းပါ၊ သူတို့လို လုပ်ပြနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြရပါမယ်၊ သူတို့ဟာ ကောင်းကောင်း စုဖွဲ့ထားတဲ့ အသင််း တစ်သင်းလည်း ဖြစ်ပါတယ်။




ဒီအတွက် ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားကြဖို့  လိုပါမယ်၊ သူတို့တွေဟာ ပြိုင်ဘက်ကို အလျင်အမြန် ထိုးဖောက်နိုင်စွမ်း ရှိတဲ့ အသင်းမျိုးပါ၊ ဒါကိုလည်း ကျွန်တော်တို့ သိရှိထားကြဖို့ လိုပါ့မယ်၊ ပြီးတော့ သူတို့တွေက ခံစစ်ပိုင်းလည်း မာကျောပြီး ကျစ်လျစ်ကြပါတယ်၊ ဒီအတွက် ကျွန်တော်တို့ နေရာလွတ်တွေ ရှာနိုင်အောင် လုပ်ရမှာပါ။




ဒီပွဲစဥ်ကို ကျွန်တော်တို့ နိုင်ပွဲ ဖြစ်အောင် လုပ်ရပါမယ်၊ ဒီအတွက်် ကစားသမား အားလုံးဆီက အကောင်းဆုံးတွေ ရရှိနိုင်ဖို့ လိုအပ်ပါတယ်၊ ကွင်းထဲရှိတဲ့ ကစားသမား (XI) အပြင် အရန်ခုံပေါ်က လူတွေပါ ခြားနားချက်တွေ လုပ်ဆောင်နိုင်စွမ်း ရှိကြပါတယ်လို့ အဲရစ် တန်ဟက်ဂ် က သတိပေးလိုက်တာပဲ  ဖြစ်ပါတယ်။

credit