အိမ်ရှင်တို့ ထိုက်တန်တဲ့ နိုင်ပွဲကို ဘယ်လို ရယူခဲ့ရသလဲ မန်ချက်စတာ ယူနိုက်တက် 2-0 စပါး ပွဲပြီး သုံးသပ်ချက်နဲ့ စွမ်းဆောင်ရည်

ယနေ့ နံနက်က အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲ တော့တင်ဟမ် ဟော့ စပါး အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ဖရက်ဒ်၊ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ 2-0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်် အနိုင်ယူနိုင်ခဲ့ပါတယ် ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ

ပြီးခဲ့တဲ့ ပွဲစဥ်တွေတုန်းကလိုပဲ ဂိုးပေါက် ခြိမ်း​ခြောက်မှုတွေ အများကြီး လုပ်နိုင်ခဲ့ပေမယ့် ဂိုးကံခေခဲ့ရသလို ပြိုင်ဘက် ဂိိုးသမား ဟူဂိုလိုရစ် ရဲ့ လက်စွမ်းကောင်း ပြသမှုကြောင့် ပထမပိိုင်း ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်၊ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဆန်ချိုရဲ့ ဖန်တီးပေးမှုက တဆင့် ဖရက်ဒ်က




အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့သလို ဘရူနို ဖာနန်ဒက်စ် ကလည်း အနိုင်သေချာစေနိုင်မယ့် ဂိုးကို ဆက််လက် သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဘရူနို နောက်တစ်ဂိုး ရခဲ့ပေမဲ့ လူကျွံနေခဲ့တဲ့အတွက် ပယ်ဖျက်ခံခဲ့ရပါတယ်၊ ယူနိုက်တက် တို့ ဒီထက် ပိုပြီး ဂိုးပြတ်နိုင်ခဲ့သင့်တာ ဖြစ်ပါတယ်။

ဒီဂီယာ- 7
သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှုက နယူးကာဆယ် နဲ့ ပွဲစဥ်တုန်းကထက် ပိုကောင်းခဲ့သလို အသင်းကို တိုက်စစ်ဆင်နိုင်ဖို့ အခွင့်အရေးတွေလည်း ဖြစ်စေနိုင်ခဲ့ပါတယ်။




ဒါးလော့- 8

ပြီးခဲ့တဲ့ ပွဲစဥ်တွေတုန်းကနဲ့ လုံးဝမဆိုင်တဲ့ ကစားဟန်ကို ပြသသွားနိုင်ခဲ့ပါတယ် ။ ပါရီဆစ် ကို ကောင်းကောင်းထိန််းချုပ်နိုင်ခဲ့သလို တိုက်စစ် ကစားပုံကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဗာရန်း- 8
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ကို ထိန်းကစားရေးမှာ ကမ္ဘာ့အကောင်းဆုံး တစ်ဦး ဖြစ်ကြောင်း ပြသသွားနိုင်ခဲ့ပါတယ် ။ အမှား မရှိသလောက်ပါပဲ။




မာတီနက်ဇ်- 8
ကိန်းလို ကစားသမားမျိုးနဲ့ တွေ့ရင် အခက်တွေလိမ့်မယ်လို့ အပြောခံခဲ့ရဖူးတဲ့ မာတီနက်ဇ် ကတော့ အရပ်အမောင််းက ပြသနာ မဟုတ်ဘူးဆိုတာကို ဆက်လက် ပြသခဲ့ပြီး ကောင်းမွန်တဲ့ လုယူမှု ၊ ယှဥ်လုမှုတွေ လုပ်ပြနိုင်ခဲ့ပါတယ်။

လုခ်ရှော- 8
ယူနိုက်တက် ကစားသမား ဘဝရဲ့ အကောင်းဆုံး ပွဲစဥ် တစ်ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ် ။ ဒါးလော့ နည်းတူ ခံစစ်ပိုင်း ကစားပုံ ကောင်းခဲ့သလို တိုက်စစ်ကိုလည်း ကူညီပေးနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။




ကက်စမဲရိုး-7

ဖရက်ဒ် နဲ့ တွဲကစားပြီး ပြိုင်ဖက် ကွင်းလယ်ကို ထိန်းချုပ််ပြနိုင်ခဲ့ကာ ဘရာဇီး အတွဲဟာ ကျော်ဖြတ်ရခက်ခဲကြောင်း ပြသသွားနိုင်ခဲ့ပါတယ် ။ သူ့ရဲ့ ခံစစ် ကစားပုံ ၊ ဖြန့်ဝေပုံက ကောင်းခဲ့ပါတယ်။

ဖရက်ဒ်- 9 MOTM
တစ်သက်လုံး အပြောတွေချည်းခံခဲ့ရတဲ့ ဘရာဇီးသားကတော့ ကစားချင်တဲ့နေရာမှာ ကစားခွင့်ရခဲ့ပြီး ဘရာဇီးသား စစ်မှန်ကြောင်း ဂိုးပေါက် ခြိမ်းခြောက်မှု ၊ ဖန်တီးမှု ၊ သွင်းဂိုးတွေနဲ့ သက်သေပြသွားခဲ့ပါတယ် ။ ယူနိုက်တက် ကစားသမား ဘဝရဲ့ အကောင်းဆုံးပွဲဆိုရင်လည်း မမှားပါဘူး။




အန်တိုနီ-7
စပါး နောက်ခံလူတွေကို အလုပ်လှုပ်စေခဲ့ပြီး အသင်းဖော်တွေအတွက် နေရာလွတ် ဖန်တီးရင်း ပရိသတ်တွေကို ဖျော်ဖြေမှု ပေးဆောင်သွားနိုင်ခဲ့ပါတယ် ။ သွင်းဂိုးတွေနဲ့ မပတ်သက်နိုင်ခဲ့ပေမဲ့ အကောင်းဆုံး ပွဲစဥ် တစ်ပွဲ ပိုင်ဆိုင်ခဲ့ရပါတယ်။

ဘရူနို- 8
တကယ့်ကို လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ကစားပေးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အခွင့်အရေးတွေလည်း ဖြုန်းတီးနေသေးဆဲပါပဲ ။ အခွင့်အရေး ဖန်တီးမှု ၊ ဂိုးပေါက်် ခြိမ်းခြောက်မှုလုပ်ဆောင်ရင်း လိုအပ်တဲ့ သွင်းဂိုးရယူနိုင်ခဲ့တဲ့အတွက် စိတ်သက်သာရာရခဲ့ပါတယ်။




ဆန်ချို- 7
ပထမပိုင်းမှာ သိပ်ပြီး ခြေစွမ်း မပြနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ဒုတိယပိုင်း စစချင်းမှာပဲ ဖရက်ဒ် အတွက် ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ကစားပုံလည်း ကောင်းမွန်လာခဲ့ပါတယ်။

ရပ်ရှ်ဖို့- 7
ဂိုးပေါက် ကန်သွင်းခွင့်တွေ ရရှိခဲ့ပေမဲ့ လိုရစ်ကိုတော့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး ။ ပိုကောင်းတဲ့ ပွဲစဥ် တစ်ပွဲကို ပိုင်ဆိုင််ခဲ့ရပေမဲ့ သွင်းဂိုးတွေနဲ့ မပတ်သက်နိုင်ခဲ့တာက စိတ်ပျက််စရာ ဖြစ်ခဲ့ရပါတယ်။




လူစားဝင် ကစားသမားများ- တော်မီနေး (6)၊ အီလန်ဂါ (6)၊ အဲရစ်ဆင် (6)
တော့တင် ဟမ် ဟော့ စပါး- လိုရစ် (8)၊ ဒိုဟာတီ (5)၊ ရိုမဲရိုး (5)၊ ဒိုင်ယာ (4)၊ ဒေးဗီးစ် (3)၊ ပါရီဆစ် (5)၊ ဘန်တန်ကာ (4)၊ ဘစ်ဆူးမား (3)၊ ဟွိုင်းဘာ့ချ် (3)၊ ကိန်း (5)၊ ဆွန် (3) တို့ပဲဖြစ်ပါတယ်။

credit