မန်ချက်စတာ ယူနိုက်တက် ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အပေါ် ဖွင့်ဟလာတဲ့ စပါးနည်းပြ အန်တိုနီယို ကွန်တီ
|တော့တင်ဟမ် ဟော့ စပါး နည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီ က ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်လုဘက် မန်ချက်စတာ ယူနိုက်တက်ကို ၂-၀ ရလဒ်နဲ့ အရှုံးပေးခဲ့ ရပြီးနောက် ၎င်းရဲ့ စပါး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခြေစွမ်းကို
မမှီနိုင်ခဲ့ဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ အန်တိုနီယို ကွန်တီ ရဲ့ စပါး အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူထားနိုင် ခဲ့ပေမယ့် အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး အသင်းတို့နဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဥ်တွေမှာ ကစားပုံ အရ အသာစီး မရယူနိုင်ခဲ့သလို ရလဒ်ကောင်းတွေလည်း
မရရှိထားနိုင်ခဲ့ဘဲ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင် ကစားခဲ့ရာမှာလည်း အဝေးကွင်းမှာ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ၂-၀ စပါး ပွဲစဉ်မှာ စပါး အသင်းရဲ့ ခြေစွမ်းက သာမန်ထက် နိမ့်ပါးနေခဲ့ပြီး တပွဲလုံး နီးပါး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ကိုသာ ခုခံ ကစားခဲ့ရသလို
ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေလည်း များများစားစား မဖန်တီး နိုင်ခဲ့ပါဘူး၊ ဒါကြောင့် စပါးပရိသတ် တချို့က အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်း ရဖို့ ရုန်းကန်နေရမှု အပေါ် ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး အန်တိုနီယို ကွန်တီ ကလည်း သူ့ရဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် နဲ့
ပွဲစဉ်မှာ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရသလို ပြိုင်ဘက်နဲ့ ယှဉ် ကစားနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဖွင့်ဟ ဝန်ခံလိုက်ခြင်း ဖြစ်ပါတယ်၊ အန်တိုနီယို ကွန်တီ က- ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်းကို တကယ်ကောင်းတဲ့ အသင်း တသင်းလို့ ထင်ပါတယ်၊ ခင်ဗျားတို့တွေလည်း မန်ချက်စတာ ယူနိုက်တက် မှာ ဒီထက် ပိုပြီး တိုးတက်လာမယ့်
အလားအလာတွေ ရှိနေတယ် ဆိုတာကို သိကြမှာပါ၊ သူတို့က နွေဈေးကွက်ထဲမှာ ကောင်းမွန်တဲ့ လူခေါ်ယူမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ကျွန်တော်တို့က ဒီပွဲမှာ အခုထက် ပိုကောင်းတဲ့ ကစားပုံမျိုးကို ပြသနိုင် ခဲ့သင့်ပါတယ်၊ ကျွန်တော်တို့က ပွဲကြီးတွေမှာ ရုန်းကန်နေရပါတယ်၊ ကျွန်တော်တို့က
ချဲလ်ဆီးနဲ့ ပွဲစဥ်မှာ ရုန်းကန်ခဲ့ရတယ်၊ ပြီးတော့ အာဆင်နယ်နဲ့ ပွဲစဥ်မှာလည်း ရုန်းကန်ခဲ့ရတယ်၊ အခု ဒီပွဲမှာလည်း ရုန်းကန်နေရဆဲပါပဲ။ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ နိုင်ပွဲနဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ သူတို့က တကယ်ကောင်းတဲ့ ပွဲကို ကစားနိုင်ခဲ့တာပါ၊ ကျွန်တော်တို့ကသာ
ဒီထက် ပိုပြီး ကောင်းမွန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ဖို့ ကြိုးစားရပါမယ်၊ ကျွန်တော်တို့တွေ လာမယ့် ပွဲစဥ်တွေမှာ ဒီထက် ပိုကောင်းဖို့ လိုပါတယ်လို့ စပါး နည်းပြ အန်တိုနီယို ကွန်တီက ဖွင့်ဟ ဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit